Work Style

Marketing Group (လုပ်ငန်းဆောင်တာများ)

မင်္ဂလာပါ။
Spiceworks Myanmar ရဲ့ Blog Section မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Spiceworks Myanmar မှာ Internal Group (၄) ခုရှိတဲ့အထဲမှ တစ်ခုဖြစ်တဲ့ Marketing Group ရဲ့ ရုံးအတွင်းတာဝန်ယူဆောင်ရွက်ပေးနေရတဲ့ လုပ်ငန်းဆောင်တာများ (Marketing Group Activities) များကို ဒီတစ်ပတ်ရဲ့ Blog အနေနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Marketing Group ရဲ့ လုပ်ဆောင်ချက်များထဲမှ ပထမဆုံးအနေဖြင့် Mindfulness Program နဲ့စတင်ချင်ပါတယ်။

Mindfulness Program

weekly-mindfulness
Spiceworks Myanmar Mindfulness Program

အပတ်စဉ် တနင်္လာနေ့နှင့် ‌သောကြာနေ့တို့မှာ Spiceworks Myanmar member တိုင်းပြုလုပ်ရတဲ့ ဒီအလေ့အထလေးကတော့ တစ်ပတ်တာ ပင်ပန်းလာသမျှစိတ်တွေ ရှုပ်ထွေးလာသမျှ အပူအပင်တွေ အားလုံးကို ၁၅မိနစ်စာ အတွင်းအရေးအပါဆုံးသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဦးနှောက်ကို လျင်လျင်မြန်မြန် ထိထိရောက်ရောက်နဲ့ reset/calm ပြန်လုပ်ရတဲ့ activity ကောင်းလေးတစ်ခုဖြစ်ပါတယ်။ Mindfulness ပုံမှန် လုပ်ဆောင်ပေးခြင်းကြောင့် ဦးနှောက်လှိုင်းထုတ်လွှတ်မှုတွေ ပိုမိုမြန်ဆန်လာစေခြင်း၊ Concentration အား ပိုမိုကောင်းမွန်လာစေခြင်း၊ Stress တွေ လျော့ကျစေပြီး နောက်ဆုံး “Alzheimer” လို့ခေါ်တဲ့ အတိတ်မေ့ရောဂါကိုပါ ကြိုတင်ကာကွယ်စေပါတယ်။ ဝန်ထမ်းတော်တော်များများဟာ တနင်္လာနေ့ရောက်ကြပြီဆိုလျှင် အနည်းနှင့်အများကတော့ ၂ ရက်တာအနားယူပြီး အပျော်လွန်လာကြတာပဲဖြစ်ဖြစ်၊ တစ်ပတ်တာ ရုံးပြန်တက်ရမှာ ဖြစ်တဲ့အတွက် စိတ်ကို လွယ်လွယ်ကူကူ စုစည်းနိုင်စွမ်း နည်းတတ်ကြပါသည်။ ဒါမှမဟုတ် သောကြာနေ့ရောက်လာကြပြီဆိုလျှင်လည်း တစ်ပတ်တာရုံးတက်ရဖို့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက်တစ်ကြောင်း၊ တစ်ပတ်တာပင်ပန်းလာသမျှ ပုံချပစ်လိုက်လို့ရတဲ့ နေ့ရက်ဖြစ်နေလို့အတွက်တစ်ကြောင်း တော်တော်များများဟာ အနည်းနှင့်အများ စိတ်ပျံ့လွင့်တတ်ကြပါတယ်။ သို့သော် ဒီလို ပျံ့လွင့်နေတတ်တဲ့ ၊ ပင်ပန်းနေတတ်တဲ့ စိတ်တွေအားလုံးကို ပြန်လည် စုစည်း (realize)  ဖြစ်စေဖို့ အတွက် Marketing Group ကနေ ဦးစီးဆောင်ရွက်ပြီး Spiceworks Myanmar member အားလုံးကို ဒီ Meditation program လေးကို တစ်ပတ် နှစ်ကြိမ် လုပ်ဆောင်စေပါတယ်။

အခုလိုရှင်းပြခဲ့တဲ့အတွက်ကြောင့် Mindfulness Program အကြောင်းကိုသေချာသိသွားလောက်ပြီထင်ပါတယ်။ အဲ့တာကြောင့် Spiceworks Myanmar ရဲ့ တစ်နှစ်တစ်ကြိမ်ခရီးထွက်လေ့ရှိတဲ့ Spiceworks Myanmar Trip အကြောင်းလေးကို ဆက်ပြောပြချင်ပါတယ်။

SPWM Trip

trip-to-kalaw
Spiceworks Myanmar Annual Trip

Marketing group မှလုပ်ဆောင်ရသော activity များအနက်မှ တစ်ခုကတော့ ဝန်ထမ်းများအတွက်နှစ်စဉ်ခရီးကို စီစဉ်ပေးရခြင်းဘဲဖြစ်ပါတယ်။ Spiceworks Myanmar မှာနှစ်စဉ်ခရီးထွက်လေ့ရှိရာ အရင်တစ်ခေါက်ကဆိုရင်တော့ ပျော်ပျော်ရွှင်ရွှင်ဖြင့် တောင်ကြီး၊ အင်းလေး၊ ကလော ကိုသွားရောက်ခဲ့ပါတယ်။ တစ်နှစ်မှတစ်ကြိမ်ထွက်ရတဲ့ခရီးဖြစ်တဲ့အတွက်ကြောင့် ခရီးစဉ်အစမှ စတင်ပြီး ခရီးဆုံးထိတိုင်အောင် ဝန်ထမ်းများခရီးထွက်ရာတွင် အစစအရာရာ အဆင်ပြေစေရန်အတွက် Marketing group မှတာဝန်ယူပေးရတယ်။ ခရီးအတွက် ကားလက်မှတ်များစီစဉ်ပေးခြင်း၊ တည်းခိုမည့်နေရာထိုင်ခင်း၊ အစားအသောက်နှင့် ခရီးစဉ်လမ်းကြောင်း တို့ကိုပါ တာဝန်ယူ၍စီစဉ်ပေးရပါတယ်။ ဒီနှစ်အတွက်ခရီးစဉ်ကို ကော့သောင်း နှင့် ညောင်ဦးဖီးကျွန်းကိုသွားမယ်လို့ စီစဉ်ထားပါသော်လည်း COVID-19 ဖြစ်လာတဲ့အတွက်ကြောင့် မသွားဖြစ်တော့ဘဲ COVID-19 အခြေအနေတည်ငြိမ်မှသာ သွားရန်စီစဉ်ထားရပါတယ်။ အရင်တစ်ခေါက်ကသွားခဲ့တဲ့ အမှတ်တရပုံရိပ်များကိုတော့ဒီ လင့်ခ် ကနေဝင်ကြည့်လို့ရပါတယ်။

နောက်ထပ်‌ခေါင်းစဉ်တစ်ခုအနေနဲ့ကတော့ မြန်မာလူမျိုးတို့ရဲ့ သဒ္ဓါတရားထက်သန်တဲ့ ကုသိုလ်စိတ်အရ အလှူဒါနများပြုလုပ်လေ့ရှိသလို Spiceworks Myanmar မှာလည်း Charity လုပ်လေ့ရှိကြောင်းကို ထပ်မံရှင်းပြပေးသွားချင်ပါတယ်။

SPWM Charity

7th-charity
Spiceworks Myanmar Charity at Botahtaung Pagoda

Marketing Group မှတာဝန်ယူဆောင်ရွက်ပေးရတဲ့ တာဝန်များအထဲမှတစ်ခုဖြစ်တဲ့ Mind Cleaner Box
အကြောင်းလေးကို မိတ်ဆက်ချင်ပါတယ်။ Charity Box လို့လည်းခေါ်ပါတယ်။ အဲ့ဒီ box လေးရဲ့ပေါ်မှာ Company ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးထားပါတယ်။ ထို box လေးတွေကို စားပွဲတိုင်းပေါ်မှာ ထားရှိထားပါတယ်။ အဲ့လိုထားရှိပေးခြင်းရဲ့ရည်ရွယ်ချက်ကတော့ ထို box လေးကို မြင်ခြင်းဖြင့် အမှားကို မှတ်မိစေနိုင်ပြီး အမှားပြုလုပ်မိလိုက်သည့်အတွက် စိတ်ရှင်းအောင် ထို Charity box ထဲသို့ သဒ္ဓါတရားရှိသလောက် အလှူငွေ ထည့်နိုင်ရန်ဖြစ်ပါတယ်။ ထို box လေးထဲက အလှူငွေတွေကို Marketing Group မှစုပြီး သုံးလတစ်ကြိမ်လိုအပ်သော နေရာများသို့ သွားရောက်လှူဒါန်းလေ့ရှိပါတယ်။ အခုဆိုရင်တော့ (၉)ကြိမ်မြောက်အထိ လှူခဲ့ပြီးပါပြီ။ နောင်လည်း Marketing Group ရဲ့ဦးဆောင်မှုနဲ့အတူအခု Mind Cleaner Box မှရရှိသောအလှူ‌ငွေများကို Spiceworks Myanmar တစ်ရုံးလုံးစုပေါင်းပြီး အလှူပေါင်းများစွာဆက်လက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ Charity သွားလှူခဲ့တဲ့ အမှတ်တရပုံရိပ်များကိုလည်း ဒီ လင့်ခ် လေးကနေဝင်ကြည့်နိုင်ပါတယ်။ Mind Cleaner Box လေးအကြောင်းကိုဒီ့ထက်ပိုပြီးအသေးစိတ်သိချင်ရင်တော့ Education Group မှ ရိုက်ထားတဲ့ ဒီ Vlog လေးကနေဝင်ကြည့်နိုင်ပါတယ်။
Charity အကြောင်းရှင်းပြပြီးပြီဆိုတော့ Marketing Group ဆိုတဲ့အတိုင်း Market ထဲမှာ ကိုယ့် ကုမ္ပဏီအကြောင်းကို ပိုသိအောင် ဘယ်လို Marketing ဆင်းလည်းဆိုတဲ့အကြောင်းရယ်၊ customer တွေ client တွေနဲ့အမြဲထိတွေ့နေအောင် ဘယ်လိုလုပ်လဲဆိုတဲ့အကြောင်းတွေကို SPWM Mail Magazines ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှင်းပြချင်ပါတယ်။

SPWM Mail Magazines

mail-magazines
Spiceworks Myanmar Monthly Mail Magazines

Mail Magazine ဆိုတာကတော့ Spiceworks Myanmar မှ Customer များကို နှစ်လတစ်ကြိမ်ပေးပို့ နေလျက်ရှိတဲ့ Mail Delivery Service ဖြစ်ပါတယ်။ Spiceworks Myanmar Company သည် Japan အခြေစိုက် Web Development company ဖြစ်တဲ့အတွက် Mail Delivery service တွင် Local နှင့် Japan Mail Magazine ဆိုပြီးအပိုင်းနှစ်ပိုင်းဖြင့် ခွဲခြားသတ်မှတ်ထားပါတယ်။ Local Mail Magazine ဆိုတာက Spiceworks Myanmar နှင့် တခြား‌သော Customer များ business card လဲလှယ်ခြင်းကနေ ရရှိတဲ့ Mail address များကိုစုစည်းပြီးပေးပို့ခြင်းဖြစ်ပါတယ်။ Japan Mail Magazine ဆိုတာကတော့ ယခုလက်ရှိ လက်တွဲပူးပေါင်းလုပ်ကိုင်လျက်ရှိသော Spiceworks Japan company ရှိ Director များရဲ့ Mail Address များကိုစုစည်းပေးပို့ခြင်းဖြစ်ပါတယ်။ Mail Magazine layout ကို အပိုင်း ၄ပိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ပထမပိုင်းသည် MV section ဖြစ်ပြီး ပါဝင်သောအကြောင်းအရာများမှာ ၁၂လ ရာသီ၏အထိမ်းအမှတ်နေ့များ၊ Spiceworks Japan မှ မြန်မာလူငယ် Web Creator များအတွက် တစ်နှစ်တစ်ကြိမ် ဦးစီးကျင်းပမြဲဖြစ်သော WIT ပြိုင်ပွဲ၏ လှုပ်ရှားမှု ပုံရိပ်များနှင့် ရုံးတွင်းရှိ activities များကို Design ဆွဲထားတဲ့ section ဖြစ်ပါတယ်။

ဒုတိယ section သည် Recent  Project Section ဖြစ်ပြီး  Spiceworks Myanmar မှ တစ်လအတွင်း Published လုပ်ထားသော Website Projects များအား အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ရန် ပြသထားတဲ့ section ဖြစ်ပါတယ်။ တတိယပိုင်းကတော့ Spiceworks Myanmar Member များရဲ့ အပတ်စဉ်ရေးသားထားတဲ့ Blog များ၊ အသစ်ဝင်ရောက်လာသော အဖွဲ့ဝင်အသစ်များကို ကြိုဆိုသော New Member Welcome activity၊ ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှစ်ပြည့် Member Birthday activity နှင့် Member အသစ်များ၏ ထူးခြားပေါ်လွင်သော ပင်ကိုယ်စွမ်းရည်များကို မိတ်ဆက်ပေးခြင်းတို့ပါဝင်ပါတယ်။ ‌နောက်ဆုံး section ကတော့ contact section ဖြစ်ပြီး Mail Magazine အားလက်ခံရရှိသော customer များအနေဖြင့် website အသစ်တစ်ခု create လုပ်ချင်လို့ဘဲဖြစ်စေ၊ လက်ရှိအသုံးပြုနေသော website များကို maintenance လုပ်ရာတွင် သိချင်သောအကြောင်းအရာများကိုဖြစ်စေ ဆွေးနွေးနိုင်ပြီး customer များနှင့် အမြဲ communicate ရစေလိုသောရည်ရွယ်ချက်ဖြင့် နှစ်လတစ်ကြိမ် ပေးပို့ပေးနေသော Mail Service တစ်ခုဖြစ်ပါတယ်။ ကဲ အခုလောက်ဆိုရင်တော့ Spiceworks Myanmar ရဲ့ Mail Magazine တွေအကြောင်းကို စုံစုံလင်လင်သိသွားလောက်ပြီထင်ပါတယ်။
နောက်တစ်ခုအနေနဲ့ကတော့ Marketing လုပ်ရာမှာအဓိက platform ဖြစ်တဲ့ Facebook ကနေ post များတင်ပေးခြင်းအကြောင်းကို ဆက်လက်ရှင်းပြပေးချင်ပါတယ်။

Spiceworks Myanmar and WIT Facebook Posts

Spiceworks Myanmar and WIT facebook pages

Spiceworks Myanmar ကို လူသိများပြီး ကောင်းမွန်တဲ့ brand တစ်ခုအနေနဲ့ ဖြစ်လာအောင် social media များဖြစ်သော Facebook နှင့် Youtube တွင် post များတင်ပေးခြင်း၊ video များတင်ပေးခြင်း နှင့် Page Inbox သို့လာဆက်သွယ်သော enquiries များကိုဖြေပေးခြင်း အစရှိသော အလုပ်တာဝန်များကို Marketing Group မှတာဝန်ယူပြီး ဆောင်ရွက်ပေးပါတယ်။ Marketing Groupမှ တာဝန်ယူပြီးဆောင်ရွက်ပေးတဲ့ Facebook page နှစ်ခုမှာ Spiceworks Myanmar နှင့် WIT တို့ဘဲဖြစ်ပါတယ်။

Spiceworks Myanmar မှ ရုံးတွင်းလုပ်ဆောင်လျက်ရှိတဲ့ activity တွေကို follower များနှင့် customer များဆီသို့ အဆက်အသွယ်မပျက်ရှိနေစေရန်နှင့် WIT ပြိုင်ပွဲနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်၊ အသိပေးစာ၊ ကြော်ငြာ post များကို ပြိုင်ပွဲဝင်များလက်လှမ်းမှီ‌မှီသိစေရန် အပတ်စဉ် မပျက်တင်ပေးရသည့်တာဝန်မှာ Marketing Group ၏တာဝန်ပင်ဖြစ်ပါတယ်။ ထိုသို့တင်ပေးခြင်းသည် Spiceworks Myanmar ရုံးနှင့် client (သို့မဟုတ်) customer များနှင့်ပါ အပြန်အလှန်အဆက်အသွယ်ရှိရုံသာမက ကုမ္ပဏီ၏လုပ်ငန်းဆောင်တာများကို အသစ်ဝင်မည့်ဝန်ထမ်းများ၊ ကုမ္ပဏီအကြောင်းကိုလေ့လာချင်သူများနှင့် internship ဆင်းမည့်သူများအတွက်ပါ အများကြီးအကျိုးပြုနေမှာဖြစ်ပါတယ်။ ကုမ္ပဏီနှင့် customer များကြားတွင် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ရန်အတွက် အ‌ရေးပါသော platform တစ်ခုအနေနဲ့ဆောင်ရွက်ပေးနေရသည်မှာ Marketing Group ရဲ့ အဓိကတာဝန်ပင်ဖြစ်ပါတယ်။

Other Activities

အထက်ပါ လုပ်ဆောင်ချက်များအပြင် Marketing Group အနေနဲ့လုပ်ဆောင်ခဲ့ဖူးတဲ့ activity လေးတစ်ခုထပ်ရှိသေးပါတယ်။ အဲ့တာကတော့ Spiceworks Myanmar Office ကိုလိုက်လံပြသခဲ့တဲ့ Office Tour လေးဘဲဖြစ်ပါတယ်။ အဲ့ဒီ့ Office Tour Vlog လေးကတော့ လွန်ခဲ့တဲ့ (၅) လလောက်က Marketing Member တွေနဲ့ရိုက်ကူးခဲ့တဲ့ Vlog လေးဖြစ်ပြီး Marketing Group မှ တာဝန်အစအဆုံးယူပြီး ရိုက်ကူးခဲ့တဲ့ Vlog လေးဖြစ်လို့ ကြည့်ချင်တယ်ဆိုရင်တေ့ ဒီ လင့်ခ် လေးကနေ ဝင်ကြည့်နိုင်ပါတယ်။

အခုဆိုရင်တော့  Marketing Group မှာရှိတဲ့တာဝန်တွေ၊ လုပ်ငန်းဆောင်တာတွေ၊ program တွေကို ကောင်းကောင်းသိရှိသွားမယ်ထင်ပါတယ်။ နောင်များမှာလည်းအခွင့်အ‌ရေးရရင် လုပ်ငန်းဆောင်တာများကို ထပ်ပြီးဖတ်ချင်စဖွယ်ဖြစ်အောင် အသေးစိတ်ရှင်းပြပေးချင်ပါသေးတယ်။ Marketing Group ရဲ့လုပ်ငန်းဆောင်တာများကိုလည်း ဒီထက်ပိုပြီးတိုးတက်အောင် အမြဲဆောင်ရွက်လျက်ရှိပါတယ်။ စာအရှည်ကြီးကို အခုလိုအချိန်ပေးပြီးဖတ်ရှုပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *