Work Style

Mindfulness Activity of Spiceworks Myanmar

Mindfulness ဆိုတာဘာလဲ?

Mindfulness ဆိုတာကတော့ မိမိရဲ့စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်နိုင်ရန်အတွက် ကျင့်ကြံသော  yoga ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူ ဘာသာ တို့မှ  ဆင်းသက်လာသော ဘာသာရေးနှင့်မသက်ဆိုင်သော yoga ကျင့်စဉ်တစ်ခု ဖြစ်ပါတယ် ။1970 နောက်ပိုင်းမှ University of Massachusetts ရဲ့ Professor Dr. Jon Kabat-Zinn မှ stress reduction program အတွက် လုပ်ဆောင်ရင်း Mindfulness Activity ကို စတင်ခဲ့ပါတယ်။
Mindfulness ကို နေရာမရွေး ၊ လူမျိုးမရွေး ၊ အချိန်မရွေး လုပ်ဆောင်နိုင်ပါတယ် ။

Mindfulness ဘာကြောင့်လုပ်ရတာလဲ?

သက်ရှိလူသားတွေအနေဖြင့် နေ့စဉ် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ များပြားလာတဲ့အခါမှာ စိတ်ဖိစီးမှုတွေကို စတင်ခံစားလာရပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ မိမိရဲ့စိတ်ကို မထိန်းချုပ်နိုင်တဲ့အတွက် မလုပ်သင့်သောအမှားတွေကို ထပ်ခါထပ်ခါလုပ်မိနေတတ်ပါတယ်။ မတည်ငြိမ်သော လူတွေရဲ့စိတ်တွေကို တည်ငြိမ်စေရန် Mindfulness activityကို လုပ်ဆောင်သင့်ပါတယ်။ နာမည်ကြီး Google ကုမ္ပဏီတွင်လည်း Mindfulness activity ကိုလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။အချို့နိုင်ငံများတွင် လူကြီးများသာမက မူကြိုအရွယ် ကလေးလူငယ်များကိုပါ ကျောင်း activity တစ်ခုအနေဖြင့် လုပ်ဆောင်နေကြတာတွေ့ရပါတယ်။

Mindfulness ၏ အကျိုးကျေးဇူးများ

(၁) စိတ်ဖိစီးမှုများကို လျှော့ချနိုင်ခြင်း၊
(၂) စိတ်အာရုံ စူးစိုက်မှု အားကောင်းလာခြင်း၊
(၃) သည်းခံနိုင်မှု ပိုမိုအားကောင်းလာခြင်း၊
(၄) အတွေးအခေါ်အသစ်များ ပိုမိုတိုးပွားလာခြင်း၊
(၅) လုပ်ငန်းခွင်တွင်လည်း communication ပိုမိုကောင်းမွန်လာခြင်း စသည့်ဖြင့် အကျိုးကျေးဇူးများစွာ ရရှိမှာ ဖြစ်ပါတယ်။

Mindfulness Activity ကို နေရာအနှံ့အပြားတွင်ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသလို ညီမတို့ Spiceworks Myanmar company တွင်လည်း Member များအားလုံး လုပ်ငန်းခွင်တွင် အာရုံစူးစိုက်မှု အားကောင်းလာစေရန်နှင့် စိတ်ဖိစီးမှုများ လျှော့ချနိုင်စေရန်
Mindfulness Activity များစွာထဲကမှ 15မိနစ် စာ meditation ပြုလုပ်ချင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း လုပ်ဆောင်လျက်ရှိပါတယ်ရှင့်။
တစ်ခြား Mindfulness Activity များစွာကို လည်း Youtube video များမှ တစ်ဆင့် ရှာဖွေလေ့လာနိုင်ပါတယ်ရှင့်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *