System

NestJs Crash Course (in burmese)

မင်္ဂလာပါခင်ဗျာ။

ကျွန်တော့်နာမည်က သုထက်ထွန်းပါ။ ဒီ blog ‌မှာ ကျွန်တော်တို့ NestJS အကြောင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။

Introduction
အစက ကျွန်တော်‌ပြောပြချင်တဲ့အကြောင်းတွေကို စာနဲ့အတတ်နိုင်ဆုံးဖော်ပြဖို့ ကြိုးစားပေမဲ့ ရေးစရာတွေနဲ့ လက်တွေ့ပြစရာတွေများတာကြောင့် video content တစ်ခုကို live recording လုပ်ပြီး ဆွေးနွေးထားပါတယ်။ အဲ့ထဲမှာ NestJs အကြောင်းကို လက်ရှိမသိသေးတဲ့လူအထိ နားလည်လောက်မယ့် အကြောင်းအရာလေးတွေပါ ပြောပေးထားပါတယ်။ ဒီ video content လေးကိုကြည့်ပြီးရင် NestJs က ဘာလဲ၊ ဘယ်လိုဆောင်ရွက်ပေးလဲဆိုတာကို သိရှိမှာဖြစ်ပြီး ဆက်လေ့လာရတာလွယ်ကူစေမှာပါ။ သင်က JavaScript ကိုပိုင်နိုင်အောင် သိထားမယ်၊ API အကြောင်းလဲ သိထားမယ်ဆိုရင် NestJs က သင့်ရဲ့ ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။ Frontend သမားတွေအနေနဲ့လဲ JavaScript Frontend Framework တွေဖြစ်တဲ့ Angular, Vue, React တို့ကိုသိထားပြီး Backend ပိုင်းကိုဆက်သွားမယ်ဆိုရင်လည်း NodeJS Framework တွေဖြစ်တဲ့ Express (သို့) အခု NestJs ကို ရွေးချယ်လို့ရမှာပါ။ ဘာလို့လဲဆိုတာ လေ့လာရင်းသိလာပါလိမ့်မယ်။ အကယ်၍ လေ့လာပြီးမှ ကိုယ်နဲ့ မကိုက်ရင်လဲ quick learning skill တစ်ခုတော့ကျန်မှာမို့ အကျိုးမယုတ်ပါဘူး။ နောက်ပြီး NodeJs Framework တစ်ခုကို သိနားလည်ထားမယ်ဆိုရင် Job Opportunities တွေအတွက်လဲ အကျိုးရှိမှာ သေချာပါတယ်။ အခု video content လေးကို ကြည့်ပြီး တစ်ခုခုအကျိုးရှိမယ်ဆို ကျွန်တော်တို့ အချိန်ပေးဆွေးနွေးရကျိုးနပ်ပါပြီ။
ကဲ..စလေ့လာလိုက်ရအောင်..
Enjoy Learning NestJs…

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *