Work Style

One Year Experience From Spiceworks Myanmar

မင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ ညီညီဇော်ဖြစ်ပါတယ်ဗျ။
ဒီအပတ် Spiceworks Myanmar Company မှာ အလုပ်ဝင်တာ တစ်နှစ်ပြည့်အတွင်း သင်ယူလေ့လာခွင့်ရခဲ့တဲ့ အတွေ့အကြုံဗဟုသုတများကို အမှတ်တရအနေနဲ့ သိမ်းထားချင်တဲ့အတွက် အခု blog လေးကို ရေးဖြစ်ပါတယ်။ဒီblogလေးကို အကြောင်းအရာ ခေါင်းစဉ်လေးတွေနဲ့ ရေးချင်ပါတယ်။
၁။ ကျေးဇူးတင်ရှိခြင်း
ကျွန်တော် company အလုပ်စဝင်ပြီး ယခုလိုblogရေးခွင့်ရအောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ချင်တာပါ။ Companyမှာ ဝင်ခွင့်ရအောင် အစစအရာရာ ကူညီပေးခဲ့တဲ့ ကျွန်တော်ရဲ့ senior ကိုစိုင်းအောင်နိုင်ဦး ကျေးဇူးတင်ပါတယ်။ ပြီးတော့ မဇင်နုထွေး ကျေးဇူးတင်ပါတယ်။ Company မှာဝင်ဖို့အတွက် interview အပြင် coding tesing ဝင်ဖြေရပါတယ်။ အဲ့ဒါအတွက် လိုအပ်တဲ့ပညာရပ်တွေအပြင် Company အတွက် လိုအပ်တဲ့ တခြားသော လိုက်နာရမယ့် အကြောင်းအရာတွေ shareပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ အစ်ကိုမြတ်မင်းဆွေ ကျွန်တော်ကို ယုံယုံကြည်ကြည်နဲ့ အလုပ်တစ်ခု၊ တာဝန်တစ်ခု ပေးအပ်ခဲ့လို့ ကျေးဇူးတင်ပါတယ် ခင်ဗျ။ နောက်ပြီးတော့ Company ရဲ့ CEO Seiji Sekine ကျွန်တော့်မှာ အရည်အချင်း ဘယ်လောက်ပဲရှိရှိ သူသာ Company မှာ အလုပ်လုပ်ခွင့် မပေးခဲ့ဘူးဆိုရင်လည်း ရမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အလုပ်ခန့်အပ်ပေးခဲ့တဲ့ Seiji Sekine ကိုလည်း ကျေးဇူးတင်ပါတယ်။
၂။ ခံစားချက်
အလုပ်မဝင်ခင်တုန်းက ကျွန်တော်က Web Development နဲ့ပတ်သက်ပြီး ပထမဆုံးအလုပ်ဖြစ်တဲ့အတွက်၊ နောက်တစ်ခုက ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ်မရမှာ စိုးရိမ်ပူပန်ခဲ့ပါတယ်။ ယခု Company မှာမှဘဲ လုပ်ချင်ခဲ့ရတာက Company နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကြိုက်နှစ်သက်တဲ့အပြင် အလုပ်လုပ်ပုံတွေက Japan Company တစ်ခုဖြစ်တဲ့အတွက် တိကျသေချာစွာ အလုပ်လုပ်ကြပြီး ကြိုးစားကြတဲ့အတွက် အလုပ်လုပ်ရရန် မျှော်မှန်းခဲ့ပါတယ်။ Second interview အပြီး ရက်အနည်းငယ်ကြာတဲ့ထိ Company ဘက်မှ reply မပြန်လို့ အလုပ်မရတော့ဘူးထင်ပြီး စိတ်ညစ်မိခဲ့ပါတယ်။
နောက်ပြီးမှ Company မှ အလုပ်ရတယ် ဆိုတဲ့အကြောင်း ဖုန်းဆက်လာတဲ့အတွက် ပျော်ရွှင်ဝမ်းသာခဲ့ရပါတယ်။ကျွန်တော် အလုပ်စဝင်ခဲ့ရတာ work from home အနေနဲ့ လုပ်ခဲ့ရတာဖြစ်တဲ့အတွက် အလုပ်လုပ်ရတာ အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်ခဲ့ပေမယ့်လည်း senior အစ်ကို၊ အစ်မတွေက ဖေးမကူညီပြီး အလုပ်နဲ့ပတ်သက်တာတွေ သင်ပြပေးခဲ့မှုကြောင့် စိုးရိမ်ကြောင့်ကြမှုက ထင်သလောက်ဖြစ်မလာခဲ့ပါဘူး။ အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
၃။ အလုပ်ဝင်ပြီး နောက်ပိုင်း လုပ်ငန်းခွင်မှာ လေ့လာသင်ယူနေပြီး ရလိုက်သော အရာများ။
● ပထမဆုံးကတော့ coding အပိုင်း၊ အလုပ်မဝင်ခင်တုန်းကဆိုရင် ကျွန်တော်က UI Design အတိုင်းထွက်အောင် ရေးတတ်ပေမဲ့လည်း standard ကျတဲ့ coding flow ကျကျ မရေးတတ်ခဲ့ပါဘူး။ ခုဆို senior တွေရဲ့ လမ်းညွန်မှုတွေကြောင့် ရေးတတ်နေပါပြီ။
● Design အပိုင်း အရင်တုန်းက design မဆွဲတတ်ခဲ့တဲ့ ကျွန်တော်က ယခု company ဝင်ပြီးနောက်ပိုင်း design ရဲ့ အခြေခံသဘောထားကအစ design တစ်ခုရဲ့ ကိုယ့်အမြင်၊ သူများအမြင်တွေးပြီး ဆွဲတတ်ဖို့ လေ့လာသင်ယူခဲ့ရပါတယ်။
● Team work တစ်ခုမှာ လိုအပ်တဲ့ leader, member တွေအပြင် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ company တစ်ခုဆိုတာ သိခဲ့ရပါတယ်။ နောက်လိုက်ကောင်း တစ်ယောက်ဖြစ်ခဲ့တဲ့ leader ကလည်း မိမိရဲ့ member အပေါ် စီမံခန့်ခွဲပြီး တာဝန်ပေးနိုင်မှု၊ တည်ကြည်ပြတ်သားရဲရင့်မှု၊ ကိုယ်ချင်းစာပြီး တာဝန်ယူသိတတ်မှုတွေက member တိုင်းရဲ့ လေးစားအားကျ အတုယူစရာကောင်းနေခဲ့ပါတယ်။ member ဝင်တိုင်းကလည်း အချင်းချင်းကူညီရိုင်းပင်းပြီး လေးစားမှု၊ တာဝန်ယူသိတတ်မှု၊ leader member အပေါ်ထားရှိကြတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကြောင့် ပြီးပြည်စုံတဲ့ teamwork တစ်ခုဖြစ်တဲ့အတွက် ပျော်ရွင်စွာ အလုပ်လုပ်ကိုင်နေဆဲပါ။
● Self management နဲ့ time management ကို သေသေချာချာ တိတိကျကျ လုပ်နိုင်လာခဲ့ပါတယ်။ အရင်တုန်းကဆိုရင် language တစ်ခုလေ့လာမယ်ဆို အကြောင်းအရာမျိုးစုံကြောင့် လေ့လာမှုအားက နောက်ကျနေခဲ့ပါတယ်။ company ဝင်ပြီးနောက်ပိုင်း self management သာမက time management ကိုလည်း အရင်တုန်းကထက် တိကျသေချာစွာ လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။
● Presentation ဆိုတာမျိုးကို ကျောင်းမှာဘဲ လုပ်ခဲ့ရတာပါ။ Company မှာ အများသူငှာ လေ့လာသိရှိထားတဲ့ ပညာရပ်တွေအပြင် ခွန်အားရစေတဲ့ အတွေးခေါ်ဆိုင်ရာ ဗဟုသုတတွေ သိရှိခွင့်ရခဲ့ပါတယ်။ အများရှေ့မှာ စကားမပြောရဲတဲ့ သတ္တိကို ယခု Company ဝင်ပြီးနောက်ပိုင်း Company မှာ presentation လုပ်ဆောင်ရတဲ့အတွက် အများရှေ့မှာ ပြောဆိုရဲတဲ့သတ္တိအပြင် မိမိကိုယ်ကို ယုံကြည်မှုက တိုးပွားလာခဲ့ပါတယ်။
● Blog အရင်ကတည်းက စာရေးရတာ ဝါသနာပါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်တာ ကြာခဲ့ပါပြီ။ ခုလို blogတွေ ပြန်ရေးခွင့်ရတဲ့အတွက်လည်း ကလောင်ပြန်သွေးတဲ့အလေ့အကျင့် ဖြစ်စေခဲ့ပါတယ်။
● Mindfulness and positive thinking
ကျွန်တော်တို့ developer တွေ၊ designer တွေက စိတ်နဲ့အလုပ်လုပ်ကြတဲ့ အနုပညာသည်တွေလို့ ကျွန်တော်တွေးမိပါတယ်(ကျွန်တော်အမြင်သက်သက်ပါ)။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ရှုပ်ထွေးလှတဲ့ code error တွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ရဲ့ စိတ်က လန်းဆန်းတက်ကြွနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စိတ်အဆင်မပြေဘူး စိတ်ရှုပ်ထွေးနေတယ်ဆိုရင် ရှုပ်ထွေးနေတဲ့ code တွေကို ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ အဆင်မပြေတဲ့ စိတ်အခြေနေတွေကို တည်ငြိမ်အောင် စီစဉ်ပေးတဲ့ mindfulness အစီစဉ်တွေကြောင့် coding တွေ ကောင်းကောင်းရေးနိုင်ခဲ့ပါတယ်။
● Positive Thinking ဆိုတဲ့ အစီစဉ်တွေကြောင့်လည်း အရင်တုန်းကထက် ပိုပိုပြီး အကောင်းဘက်က တွေးတတ်လာပါတယ်။ တခြားသူတွေရဲ့ အတွေးခေါ်တွေကိုလည်း ကြားသိရတဲ့အတွက် ပြင်ပဗဟုသုတ တိုးလာစေပါတယ်။
● Self study ပိုမိုထိထိရောက်ရောက် လုပ်မိလာခြင်း။
အရင်တုန်းကဆိုရင် ကျွန်တော် self study လုပ်ပေမယ့် မထိရောက်ခဲ့ဘူး။ company ဝင်ရောက်ပြီးနောက်ပိုင်း မလေ့လာလို့ မရတဲ့ self study က လုပ်ဖြစ်ရင်းနဲ့ ထိရောက်လာပါတယ်။
● Relationship ဆိုရင်လည်း အရင်တုန်းက ထက်စာရင် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်တတ်လာပါတယ်။ ကျွန်တော်အရင်တုန်းက private အနေနဲ့ နေခဲ့တဲ့အတွက် မိမိပတ်ဝန်းကျင်၊ မိတ်ဆွေ အသိုင်းဝိုင်းနဲ့ ဘဲ ကောင်းမွန်တဲ့ ဆက်ဆံရေး၊ အသိပညာ၊ အတွေးခေါ် တွေပဲ ရရှိခဲ့ပါတယ်။ ယခု company ဝင်ပြီးနောက်ပိုင်း (WFH) အနေနဲ့ အလုပ်ဝင်ခဲ့ရတာဖြစ်တဲ့အတွက် မသိတဲ့၊ မမြင်ဖူးတဲ့ Company member တွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ရတာ၊ ပထမကတော့ နည်းနည်းလေး အခက်အခဲရှိခဲ့ပေမယ့် Company member တွေရဲ့ ဖော်ရွေပျူငှာမှုတွေကြောင့် ခုဆိုရင် ကျွန်တော်ရဲ့ ဒုတိယမိသားစုဝင်တွေလို ဖြစ်နေပါပြီ။
● General-assembly ဆိုရင်လည်း 6လ တစ်ကြိမ်ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။ အဲ့လိုမျိုးပွဲတွေ ပြုလုပ်တော့ company member ဝင်တွေရဲ့ ချစ်ခင်ရင်းနှီးပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံမှုတွေ မြင်တွေ့ရပါတယ်။ 6 လတာအတွင်း တစ်ဦးတစ်ယောက်နဲ့ အပြင်မှာ မတွေ့ရဘဲ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းရာတွေပဲ ပြောဆိုဆက်ဆံခဲ့ကြတော့ ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ဆောင်မှုပါတဲ့ ဆက်ဆံရေး တစ်ခု များလားဆိုပြီး ထင်ခဲ့မိပါတယ်။ General-assembly အပြင် HR Teamမှ ပြုလုပ်ကျင်းပတဲ့ ပွဲတွေ တက်ရောက်ခဲ့ပြီးမှ ကျွန်တော်ထင်ခဲ့တဲ့ ထင်မြင်ချက်မှားနေတယ်ဆိုတာ သိရှိလိုက်ရပါတယ်။
အထက်ပါ အကြောင်းအရာတွေက ကျွန်တော်အလုပ်ဝင်ခဲ့တဲ့ တစ်နှစ်အတွင်း သင်ယူလေ့လာရင်းနဲ့ ရရှိလိုက်တဲ့အတွေ့အကြုံတွေပါဗျ။ ယခုအတွေ့အကြုံတွေကို company ရဲ့ member အစ်ကို၊ အစ်မ များရဲ့ လမ်းညွှန်သင်ပြမှုတွေကြောင့် ရရှိလိုက်တာဖြစ်တဲ့အတွက် member တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း ကျွန်တော်ရဲ့ blog ကို ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်ခင်ဗျ။
အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *