System

OOP ( Object Oriented Programming )

မင်္ဂလာပါ။
ကျွန်တော့်နာမည်ကတော့ ကိုဌေးမင်းခေါင် ဖြစ်ပါတယ်။ ယခု Spiceworks Myanmar တွင် PHP Web Developer ဖြင့် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ဒီနေ့ ကျွန်တော် မိတ်ဆက်ပေးမှာကတော့ OOP လို Developer များ ခေါ်နေကြတဲ့ Object Oriented Programming ဖြစ်ပါတယ်။ OOP ဆိုတာဟာ အရည်အသွေးမြင့် Software App တွေကို ရေးသားရာမှာ မရှိမဖြစ် လိုအပ်သော အရာပင် ဖြစ်ပါတယ်။ OOP အသုံးပြု၍ Application တွေကို ရေးသားမယ်ဆိုရင်တော့ လုပ်ဆောင်ချက် အစိတ်အပိုင်းတစ်ခုခြင်းစီဖြင့်ဖွဲ့စည်းတည်ဆောက်ထားနိုင်ပါတယ်။ ဒါ့အပြင် ၎င်းအစိတ်အပိုင်းများကိုလည်း အလွယ်တကူ ပြင်ဆင်နိုင်ပြီး အခြား မည်သည့်နေရာမှာမဆို ပြန်လည် အသုံးချနိုင်အောင် ဖန်တီးရေးသားလို့ ရမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ Objects လို့ စဥ်းစားလိုက်မယ်ဆို ရင် အပြင်မှာ တကယ်လက်တွေ့စဉ်းစားကြည့်လိုက်ပါ။

Object ဆိုတာဘာလဲ။
ဥပမာ ကားတစ်စီးဆိုပါတော့။
car ဆိုတဲ့ Class မှာ မော်ဒယ်လ် နံပါတ်၊ ကုမ္ပဏီနာမည်၊ ဓာတ်ဆီလား ဒီဇယ်လား၊ အမြန်နှုန်း ဆိုတဲ့ သူရဲ့ Attributes တွေ ရှိမယ်။ ဒါအပြင် “Methods ( လုပ်ဆောင်ချက် )” ဆိုတာက ဆီရှိမရှိ ကြည့်မယ်။ ဆီကိုယူမယ်။ ဆီမရှိ ဆီပြန်ထည့်မယ်။ အရှိန်ကို သတ်မှတ်မယ်။ အရှိန်ကို ယူမယ်။ မောင်းမယ်။ အဲ့လို လုပ်ဆောင်ပုံများကိုတော့ Methods လို့ ခေါ်ပါတယ်။ အောက်ပါ ပုံကို ကြည့်မယ်ဆို ပိုပြီး နားလည်လွယ်သွားပါလိမ့်မယ်။

နောက်ဥပမာ အနေနဲ့ ခွေးလေးဆိုပါတော့။

ခွေးက နာမည်ပါမယ်၊ ခြေတွေ လက်တွေပါမယ်၊ မျက်လုံးပါမယ်၊ အရောင်ပါမယ်၊ အဲ့ဒါတွေက သူရဲ့ Attribute ( ရှိနေတဲ့ ပိုင်ဆိုင်မှု ) ဖြစ်ပါတယ်။
သူ အရှိန်ဘယ်လောက်နဲ့ ပြေးမယ်။ ဘယ်လောက် ကျယ်အောင် ဟောင်တယ်။ အဲ့ဒါတွေကတော့ သူ့လုပ်ဆောင်ချက် ( Behavior ) ဖြစ်ပါတယ်။ Behavior ကို Programming မှာဆိုရင်တော့ Methods လို ဆိုရမှာပါ။ ဒါကြောင့် Object Oriented Programming ရဲ့ စဥ်းစားပုံနှင့် လက်တွေ့ ဘဝရဲ့ စဉ်းစားပုံချင်း တူညီမှုရှိပါတယ်။

ကဲဒါဆိုရင်ဖြင့် OOP Concepts တွေကို ကျွန်တော်တို့ Program တွေ Software တွေမှာ ဘယ်လို အသုံးချ ရေးသားကြသလဲ။
Object ဆိုတာကို Program မှာ ရည်ညွှန်းမယ်ဆိုရင်တော့ Class ကို ဆိုလိုတာပါ။
Class ထဲမှာဆိုရင်တော့ ၎င်းရဲ့ Attribute ( Properties ) တွေ၊ Methods တွေကို ထည့်သွင်းရေးသားကြတာကို တွေ့မှာဖြစ်ပါတယ်။

အခုတင်ပြခဲ့တာကတော့ OOP ရဲ့ Basic Concept များ ဖြစ်ပါတယ်။
အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သာယာသော နေ့ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *