System

Pros and Cons of Social Account Login

မင်္ဂလာပါ။
ကျွန်တော်ကတော့ SpiceworksMyanmar တွင် Web Developer အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသော ဌေးမင်းခေါင် ဖြစ်ပါတယ်။ ဒီနေ့ ဘလော့ဂ်မှာတာ့ Social Media ဖြင့် Account ပြုလုပ်ခြင်း၊ Account ဝင်ခြင်းများ၏ အကျိုးအပြစ်များကို ကျွန်တော်လေ့လာထားသလောက် ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ Web App၊ eCommerce Site၊ Online Game များတွင် Popular ဖြစ်လာသော Feature တစ်ခုဖြစ်လာတာကို တွေ့နိုင်မည်ဖြစ်ပါသည်။ ၎င်း Feature လေးဟာ အသုံးပြုရတာ လွယ်ကူတာကြောင့်လည်း ယခုလို Popular ဖြစ်လာတာ ဖြစ်ပါတယ်။ အသုံးပြုသူ User တွေ အနေနဲ့ Account ဝင်ရာမှာ Account နာမည်၊ စကားဝှက်တွေ ထည့်သွင်းပေးစရာမလိုဘဲ Click တစ်ချက်နှိပ်ရုံဖြင့် Account ဝင်နိုင်မည် ဖြစ်ပါသလို Account အသစ်ပြုလုပ်ရာမှာလည်း အတော်လေး လွယ်ကူပါတယ်။

Sign In with Social Media ၏ အကျိုးကျေးဇူးများ

Account ဝင်ဖို့ အတွက် အများကြီး မှတ်ထားရန် မလိုခြင်း
Web App တွေ၊ Online App တွေ၊ ဂိမ်းအကောင့်တွေ အသုံးပြုလာတာကြာလာသည်နှင့်အမျှ အကောင့်ဝင်ရမည့် Account Name, e-mail, password တွေ များလာပါလိမ့်မည်။ အဲ့ဒီလို Account တွေတိုးလာသည်နှင့်အမျှ မှတ်ရသည်မှာလည်း မလွယ်ကူနိုင်တော့ပါ။ ထိုအတွက် Sign In with Social Media ဆိုသည့် Feature အသုံးပြုခြင်းဖြင့် Account အများကြီး မှတ်ထားရန် မလိုတော့ပေ။ ယနေ့ စစ်တမ်းများအရ ၅၀ ရာခိုင်နှုန်းသော လူများသည် Social Login အသုံးပြုကြပါသည်။

Mobile Phone များတွင် အသုံးပြုရလွယ်ကူခြင်း
Account ဝင်ရာတွင် Personal Computer များထက် Mobile Phone များတွင် User Name, Password ရိုက်ရတာ ပို၍ အဆင်မပြေနိုင်သဖြင့် Sign In with Social Media များသည် အတော်ပင် အသုံးဝင်ပါသည်။

Account အချက်အလက်များ အလွယ်တကူ ဖြည့်နိုင်ခြင်း
Account အသစ်တစ်ခု ဖွင့်ရာတွင် လိုအပ်သော အချက်အလက်များ ဖြည့်နေစရာမလိုတော့ဘဲ Click တစ်ချက်နှိပ်ရုံဖြင့် အကောင့်အသစ်ပြုလုပ်နိုင်သည့်အတွက် အချိန်ကြန့်ကြာမှုမရှိတော့ပါ။ အချက်အလက်များကို App များက အလိုအလျောက် Social Account မှ ရယူ၍ ဖြည့်သွားမည် ဖြစ်ပါသည်။

Account ဝင်ရာတွင် အမှားနည်းခြင်း၊ ဝင်မရဖြစ်ခြင်းများ မရှိနိုင်ခြင်း
Account ဝင်ခြင်းကို Click တစ်ချက်နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်သည့်အတွက် User Name, e-mail, password များ ထည့်သွင်းစရာမလိုတော့သည့်အတွက် စကားလုံးမှားခြင်း၊ password မှားခြင်းများ မရှိနိုင်တော့ပေ။

Sign In with Social Media ကို သတိထားရမည့်အချက်များ

Social Media များ ဝင်မရပါက Account ဝင်မရဖြစ်နိုင်ခြင်း
Social Media Account များဖြင့် ချိတ်ဆက်ပြီး Account ဝင်ခြင်း၊ အသစ်ဖွင့်ထားခြင်း ဖြစ်သည့်အတွက် ချိတ်ဆက်ထားသော Social Media Server မှ အကြောင်းအမျိုးမျိုးကြောင့် Down နေပါက သင့် Account သည်လည်း ဝင်မရ ဖြစ်နိုင်ပါသည်။ Social Media Account ကို ဖျက်လိုက်ပါက ၎င်း ချိတ်ဆက်ထားသော အကောင့်များတွင်ပါ ဝင်မရဖြစ်သွားနိုင်မည်ဖြစ်ပါသည်။

လုံခြုံရေး သတိထားရမည့်အချက်
Social Media Account ဖြင့် ချိတ်ဆက်ထားသည့်အတွက် ၎င်း Social Media Account Hack ခံရပါက သင့်အကောင့်ပါသွားနိုင်မည် ဖြစ်ပါသည်။ ထို့အတူ Social Media များသည် အကောင့်ဝင်ရန် သင့်အား User name , Password, e-mail များ မေးမည်မဟုတ်သည့်အတွက် Click တစ်ချက် နှိပ်ရုံဖြင့် Account အချက်အလက်များ ပါသွားနိုင်မည် ဖြစ်ပါသည်။

အထက်ပါ ဆွေးနွေးခဲ့သော Sign In with Social Media Account ၏ အကျိုးကျေးဇူးများနှင့် သတိထားရမည့်အချက်များသည် ကျွန်တော်လေ့လာထားသည်များကို ပြန်လည်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ အချိန်ပေး ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *