project-management
Work Style

Project Management

အားလုံး မင်္ဂလာပါရှင့်။

ညီမကတော့ Spiceworks Myanmar မှာ Web Developer position နဲ့ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မြတ်နိုး ဖြစ်ပါတယ်ရှင့်။ ဒီတစ်ခေါက်မှာတော့အရင် blog နဲ့မတူတဲ့ ခေါင်းစဉ်တစ်ခုကို knowledge sharing လုပ်ပေးသွားမှာပါရှင့်။ မျှဝေပေးဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဉ်လေးကတော့ Project Management ဆိုတဲ့ခေါင်းစဉ်ဘဲဖြစ်ပါတယ်ရှင်။ အခုခေတ်မှာဆိုရင်ဖြင့် လူငယ်တော်တော်များများ Project Management အပိုင်းကို ပိုပြီး အလေးပေးလေ့လာနေတာကို သတိထားမိနိုင်ပါတယ်။ သင်တန်းတွေအများကြီးလည်းပေါ်ပေါက်လာသလို Global exam တွေအများကြီးလည်းရှိနေပါတယ်ရှင့်။ ညီမလည်း weekend တွေမှာသင်တန်းတက်ပြီးလေ့လာဖြစ်နေတဲ့ project management အကြောင်းနှင့် self-study လုပ်ထားရာမှထွက်လာတဲ့ Project Management အကြောင်းလေးကို မျှ‌ဝေပေးမှာမို့လို့ ဆက်ပြီးဖတ်ပေးပါဦးနော်။

Project Management ဆိုတဲ့ ခေါင်းစဉ်ကြီး တစ်ခုလုံး အကြောင်းကိုမပြောခင်မှာ Project ဆိုတဲ့ ‌ဝေါဟာရ နဲ့ Managementဆိုတဲ့ ‌ဝေါဟာရ ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးသွားပါမယ်ရှင်။

Introduction to Project
A temporary endeavour undertaken to create a unique product, service or result. (PMBOK 2013)
Project ဆိုတာကတော့ အကောင်းဆုံးဖြစ်မဲ့ ရလဒ်တစ်ခု (သို့မဟုတ်) ထုတ်ကုန်တစ်ခု ၊ ဒါမှမဟုတ် service တစ်ခုကို ထွက်လာနိုင်အောင်လို့ ယာယီကြိုးပမ်းအားထုတ်မှု တစ်ခုလို့ PMBOK 2013 (Project Management Book of Knowledge 2013) မှာအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

Introduction to Management
Getting things done effectively and efficiently, through and with other people by using available resources.
Management ဆိုတာကိုတော့ ပေးထားသော အသုံးပြုနိုင်သော အရင်းအမြစ် တွေကို အသုံးပြုခြင်းဖြင့် လုပ်ရမဲ့ အရာတွေကို တခြားလူတွေနှင့် အတူ ထိထိရောက်ရောက်နဲ့ အကျိုးရှိရှိလုပ်နိုင်ခြင်း ကို Management လို့ခေါ်နိုင်ပါတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်ရှင်။

project-management
Differences between effective and efficient

Differences between Effective and Efficient
ဒီအပိုင်းမှာရှင်းပြပေးချင်တာကတော့ လူအများစု မှားလွယ်တဲ့ စကားလုံးနှစ်လုံးအကြောင်းဖြစ်ပါတယ်။ လူအများစုကတော့ Effective နဲ့ Efficient ကို အဓိပ္ပါယ်တူတယ်လို့ ထင်နေကြပါတယ်။ တကယ်တမ်းမှာတော့ Effective ဖြစ်တယ်ဆိုတာက မှန်ကန်သောအလုပ်တွေကိုလုပ်တာ [Effective means doing the right things] နှင့် Efficient ဖြစ်တယ်ဆိုတာက လုပ်နေတဲ့အလုပ်တွေမှန်နေတာ [Efficient means things done right] တို့ဘဲဖြစ်ပါတယ်။ အခုဆိုရင်တော့ Effective နဲ့ Efficient က အဓိပ္ပါယ်ကွဲလွဲတယ်ဆိုတာ ထင်ရှားလောက်ပြီထင်ပါတယ်ရှင့်။

project-management
Project Management Functions

အခုပုံမှာပြထားတာတွေကတော့ Management တစ်ခုမှာ ရှိတဲ့ လုပ်ဆောင်ချက် (functions) တွေဖြစ်ပါတယ်။
ပုံမှာပြထားတဲ့အတိုင်း Management တစ်ခုစပြီဆိုထဲက Plan တွေဆွဲရမယ်၊ Organize လုပ်ခြင်းလို့ခေါ်တဲ့ စုစည်းခြင်းတွေလုပ်ဆောင်ရမယ်၊ Staff တွေသတ်မှတ်ရမယ်၊ Directing ဆိုတဲ့ လမ်းညွှန်မှုတွေလုပ်ရမယ်။ အဲ့တာတွေအပြင် အရေးကြီးဆုံးဖြစ်တဲ့ ထိန်းချုပ်မှု တွေလုပ်ရမယ်။ အစရှိတာတွေကတော့ စီမံခန့်ခွဲမှုလုပ်ဆောင်ချက်များ (Management Functions) တွေဘဲဖြစ်ပါတယ်ရှင်။

Key Management Skills
Manager တစ်ယောက်မှာရှိသင့်တဲ့ skill တွေထဲမှာမှ ယေဘုယျ ဖြစ်ပြီးအဓိက ကျတဲ့ Management Skills တွေကတော့ Technical skill, Conceptual skill နှင့် Interpersonal skill တို့ဘဲဖြစ်ကြပါတယ်။ Technical skill ဆိုတာတော့ Project တစ်ခုအောင်မြင်ရန် နည်းအမျိုးမျိုးကို အသုံးပြုနိုင်တဲ့ စွမ်းရည်နဲ့ ဗဟုသုတတို့ကို ပေးနိုင်သောစွမ်းရည် ကိုဆိုလိုခြင်းဖြစ်ပြီး Conceptual skill ဆိုတာကတော့ အကြံဉာဏ်များထုတ်ခြင်း၊ ဗဟုသုတပြည့်စုံသော အတွေးအခေါ် များကို ထုတ်ပေးနိုင်သော အရည်အချင်းရှိခြင်းကိုဆိုလိုခြင်းဖြစ်သည်။ Interpersonal skill ဆိုသည်မှာ memberများဖြစ်စေ stakeholder များနှင့် ဖြစ်စေ အပြန်အလှန်အလုပ်လုပ်ခြင်း၊ ကောင်းသော product တစ်ခုထွက်လာစေရန်အတွက် memberများအား စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးခြင်း အစရှိသော လူများနှင့်အဆင်ပြေစွာဆက်ဆံနိုင်သည့် skill ဖြစ်သည်။

Definition of Project Management
Project လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက်ဗဟုသုတ၊ ကျွမ်းကျင်မှု၊ ကိရိယာများနှင့်နည်းပညာများကိုအသုံးပြုခြင်း ကို Project Management ဟုခေါ် ဆိုခြင်းဖြစ်သည်။ သတ်မှတ်ထားသော အချိန်၊ အရည်အသွေး၊ ကုန်ကျစရိတ် တို့အတွင်း Project တစ်ခုကို ပေးထားသော အရင်းအမြစ်များဖြင့် စီမံခန့်ခွဲခြင်းသည်လည်း Project Management ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်ရှင်။

Project Manager Skills
Project Manager တစ်ယောက်မှာရှိသင့်တဲ့ skill တွေကတော့
(၁) နည်းလမ်းကျကျတွေးခေါ် နိုင်ခြင်း
(၂) တည်ကြည်ခန့်ညားခြင်း
(၃) အလုပ်အတွက် တက်ကြွနေခြင်း
(၄) စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိခြင်း
(၅) အထွေထွေသော စီးပွားရေးအမြင်ရှိခြင်း
(၆) ဆက်ဆံရေးကောင်းမွန်ခြင်း
(၇) အချိန် စီမံခန့်ခွဲမှုကောင်းမွန်ခြင်း
(၈) အကောင်းမြင်ဝါဒ ရှိခြင်း စသည်တို့ဘဲဖြစ်ပါတယ်ရှင်။

project-management
Quote by Dhirubhai Ambani

အခုလောက်ဆိုရင်တော့ Project Management အကြောင်းရှင်းပြတာ အကြမ်းဖျင်းအားဖြင့်တော့ ပြည့်စုံသွားလောက်ပြီလို့ထင်ပါတယ်ရှင်။ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။ ‌နောက်လည်းယခုထက် ပိုမိုစိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများကို ဆက်လက်မျှ‌ဝေသွားဦးမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။‌ ‌နောက်ဆုံးအနေနဲ့ quote လေးတစ်ခုနဲ့ အဆုံးသတ်ပေးလိုက်ချင်ပါတယ်ရှင့်။
“Think big, think fast, think ahead.”

Hello

Leave a Reply

Your email address will not be published. Required fields are marked *