Life Style

Self Idealization

အားလုံးပဲ မင်္ဂလာပါခင်ဗျ။
ကျွန်တော်ကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Front End Developer အဖြစ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မောင်ဘုန်းသန့်ကျော်ဖြစ်ပါတယ်ဗျ။ ကျွန်တော် ဒီတစ်ပတ်မျှဝေပေးချင်တဲ့ အကြောင်းအရာတွေကို Self-Idealization ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝတွေမှာ ကြုံတွေ့ရတဲ့လူတချို့က လူမှုပေါင်းသင်းဆက်ဆံရေးအရာမှာ အဆင်ပြေချောမွေ့ပြီးတော့ တချို့လူတွေကတော့ ဘယ်လိုလူမျိုးနဲ့ပဲတွေ့တွေ့ အဆင်မပြေတာတွေပဲဖြစ်နေရတာကို တွေ့ရပါတယ်။ အဲ့တော့ အဆင်ပြေတဲ့သူတွေက ဘာတွေသာနေပြီး အဆင်မပြေတဲ့သူတွေက ဘာတွေလိုအပ်နေတာလဲဆိုတာပါ။
ဥပမာအနေနဲ့ပြောရရင် ကျွန်တော် ရပ်ကွက်ထဲမှာ အပြောအဆို အပြုအမူ ကြမ်းတမ်းတဲ့ အန်တီကြီးတစ်ယောက်နဲ့ မဖြစ်မနေ ပြောဆိုဆက်ဆံရတော့မယ်ဆိုပါစို့။ အဲ့ဒီ အန်တီကြီးနဲ့ပြောဆိုဆက်ဆံမယ်ဆိုရင် option နှစ်မျိုးရှိပါမယ်။ (၁) သူ aggressive ဖြစ်တိုင်း ကိုယ်လိုက်ဖြစ်မလား ဆိုတာရယ်၊ (၂) သူ့ personal behavior ရဲ့ ပြောင်းပြန် ဖြစ်တဲ့ ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံမယ်ဆိုတာနဲ့ တုံ့ပြန်မလား ဆိုတာရယ်ပါ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့အချက်က ကိုယ်နဲ့ဆက်ဆံရမယ့်လူရဲ့ personality type ကို ကြိုတင်သိရှိနေခြင်း ဆိုတဲ့ advantage တစ်ခုကျွန်တော်တို့ ရှိနေခြင်းက သူတို့နဲ့ ရေတိုပဲဖြစ်ဖြစ် ရေရှည်ပဲဖြစ်ဖြစ် ဆက်ဆံတဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တစ်ခုကို ရရှိစေပါတယ်။ သို့သော် အခြားသူတစ်ယောက်ရဲ့ personality type ကို သိအောင်လုပ်တာထက် ပိုအရေးကြီးတဲ့ အရာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ ကိုယ့်ရဲ့  self-personality type ကိုသိရှိ နားလည်အောင်လုပ်ခြင်းဆိုတဲ့ အချက်ပါ။
ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း  ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စတဲ့ နေရာတွေမှာ ကြိုးစားရုန်းကန်နေကြရတဲ့အတွက်  ကိုယ့်ရဲ့ personality type ကို စမ်းစစ်ကြည့်ရတဲ့အလုပ်တစ်ခုဆိုတာက မပြောပလောက်အောင် သေးငယ်တဲ့ လူတစ်ယောက်ရဲ့ လိုအပ်ချက်တစ်ချက်လို့ ယူဆမိတတ်ပါတယ်။ 1400 BC လောက်က ဂရိလူမျိုးတွေ ဉာဏ်ပညာ၊ အသိပညာရှာကြတဲ့အခါမှာ Delphi မြို့ရဲ့ oracle temple ကို လာကြရတယ်။ အဲ့ဒီ Oracle at Delphi ရဲ့အဝင်ဝမှာ warning sign လေးတစ်ခုချိတ်ထားပါတယ်။ အဲ့ စာလေးကတော့ “Know Thyself” ပါ။ ဆိုလိုရင်းကတော့ လူတစ်ယောက်က အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ စတဲ့အရာတွေကို မရှာဖွေခင်မှာ ကိုယ့်ကိုယ်ကို ပထမဦးဆုံးသိဖို့လိုအပ်တယ်ဆိုတဲ့အချက်ပါ။ ကိုယ့်ကိုယ်ကို ဆိုတဲ့နေရာမှာ ကိုယ်ဘာတွေလုပ်နိုင်တယ် (self-capabilities) ၊ ကိုယ်ဘယ်လောက်ထိအစွမ်းကုန်လုပ်နိုင်တယ် (self-limitations) ဆိုတာတွေကို ဆိုလိုတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဘယ်အရာမှမလုပ်ခင် ကိုယ့်ရဲ့ personality က ဘယ်လိုရှိနေလဲဆိုတာကို သိဖို့လိုတယ်ဆိုတာပါ။ အဲ့ဒီတော့ ကျွန်တော်က ဒီနေ့ blog လေးမှာ ကိုယ့်ကိုယ်ကို သိရှိခြင်းကြောင့် ဘာအကျိုးတွေရရှိနိုင်မလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လို idealize လုပ်ကြမလဲဆိုတာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
ကျွန်တော် ဘာအကျိုးတွေရနိုင်မလဲဆိုတာကို မပြောပြခင် personality (၁၆) မျိုးထဲက အခြေခံကျတဲ့ main personality type နှစ်ခုကို ပြောပြပေးချင်တယ်ဗျ။

(၁) Extroverts
ဒီ personality type ရှိတဲ့ လူတွေက လူအများနဲ့ အထိအတွေ့တွေကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ လူတွေနဲ့စုပေါင်းလုပ်ရတဲ့ အလုပ်တွေကို ပိုမိုနှစ်သက်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ စဉ်းစားတွေးတောသမျှကို အတွေးနယ်ပယ်ထဲမှာပဲ ပြီးဆုံးမသွားတတ်ကြပါဘူး။ သူတို့ရဲ့ ထင်မြင်ချက်တွေကို ဘေးမှာရှိတဲ့အခြားသူတွေကို ထုတ်ပြောပြတတ်ကြပါတယ်။ Extroverts တွေက အရမ်းတိတ်ဆိတ်တဲ့ နေရာတွေ၊ activity နည်းတဲ့နေရာတွေရောက်ရင် သူတို့ရဲ့ ပင်ကိုယ်စွမ်းဆောင်ရည်၊ motivation တွေ လျော့နည်းလာပြီး extroverted energy ကျဆင်းလာတတ်ကြပါတယ်။ ဥပမာ အခုလို Stay Home ကာလတွေက extroverts တွေအတွက် စိတ်ဖိစီးစရာဖြစ်တတ်ပါတယ်။ သူတို့ရဲ့ energy တက်တဲ့အချိန်ကတော့ လူအများနဲ့ အလုပ်တွဲလုပ်ရတာပဲဖြစ်ဖြစ် group လိုက် ခရီးထွက်ရတာပဲဖြစ်ဖြစ် စတဲ့ external activity တွေက extroverts တွေကို အလွန်သဘောကျ အားတက်စေပါတယ်။
(၂) Introverts
Introverted personality type ရှိတဲ့ လူတွေကတော့ extroverts တွေနဲ့ လုံးဝပြောင်းပြန်ပါ။ သူတို့ရဲ့ အချိန်အများစုက တစ်ကိုယ်တည်းနေတဲ့အချိန်တွေများတတ်ပါတယ်။ လူစုလူဝေးနဲ့လုပ်ရတဲ့ activity တွေမှာ ပျော်မွေ့မှုမရရှိကြပါဘူး။ တစ်နေ့တစ်နေ့ တိတ်တဆိတ်အလုပ်လုပ်နေတာမျိုး၊ စာအုပ်တစ်အုပ်နဲ့ တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေတာမျိုး၊ အခုခေတ်အနေနဲ့ဆို ရုပ်ရှင်ဇာတ်ကားတွေကြည့်နေတာမျိုးတွေနဲ့ အချိန်ကုန်တတ်ပါတယ်။ သူတို့ဟာ extroverted တွေလို multitasking လုပ်ရတာကို အများအားဖြင့် သဘောမကျကြပါဘူး။ တစ်ချိန်ထဲမှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်အလေးထားတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့မှာ သူငယ်ချင်းတွေအများကြီးမရှိကြတတ်ပါဘူး။ အရင်းနှီးဆုံးသူငယ်ချင်းအနည်းအကျဉ်းနဲ့ပဲ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ သူတို့ရဲ့ ပင်ကိုယ်စွမ်းဆောင်ရည်၊ motivation, introverted energy  ကုန်ဆုံးတတ်တဲ့ အချိန်တွေကတော့ ခုနကပြောသလို လူအများနဲ့နေရတဲ့အချိန်တွေပါ။ ဥပမာ သူငယ်ချင်းတွေနဲ့အပြင်သွားမယ်ဆိုရင် social interaction မရှိတဲ့ activity တွေကိုပိုသဘောကျတတ်ကြပါတယ်။ အဖွဲ့လိုက်သွားပြီးအပြင်ကပြန်ရောက်ပြီဆိုရင်တော့ introverted energy ပြန်ဖြည့်ဖို့ တစ်ကိုယ်တည်းပြန်နေရတတ်ပါတယ်။

ကိုယ့်ကိုယ်ကို သိရှိခြင်းကြောင့် ဘာအကျိုးတွေရရှိနိုင်မလဲဆိုတာကို ကျွန်တော် အချက် (၅) ချက်နဲ့ ပြောပြပေးချင်ပါတယ်ဗျ။


(၁) အခြားလူတွေကို ပိုမိုနားလည်နိုင်ခြင်း
ကျွန်တော်တို့တော်တော်များများ မှားလေ့မှားထရှိတဲ့ အမှားလေးတစ်ခု ရှိပါတယ်။  အဲ့ဒါကတော့ ကျွန်တော်တို့လူတွေကို ဆက်ဆံသလို သူတို့ကပြန်လည်ဆက်ဆံပေးလိမ့်မယ်လို မျှော်လင့်ကြတာပါပဲ။ ဥပမာ သူငယ်ချင်းတစ်ယောက်က စိတ်ဓာတ်ကျပြီဆိုတာနဲ့ ကျွန်တော်က အနားမှာရှိပေး၊ စကားတွေပြောပေးတယ်ဆိုပေမယ့် ကျွန်တော် စိတ်အဆင်မပြေဖြစ်နေမယ့်အချိန်တိုင်းမှာတော့ သူကဘာလို့ အမြဲမရှိပေးနိုင်ရတာလဲပေါ့။  အဲ့ဒီတော့ ကိုယ့်သူငယ်ချင်းက  ကိုယ့်ကို motivate လုပ်ပေးနိုင်မယ့်သူမျိုးမဟုတ်တာပဲဖြစ်ဖြစ်၊ အချိန်မပေးနိုင်တာပဲဖြစ်ဖြစ် ဆိုရင် ကိုယ်က motivation လိုချင်တယ်ဆိုတဲ့အရာကို သူ့ဆီက မမျှော်လင့်တာအကောင်းဆုံးပါပဲ။ ဆိုတော့ သူ့ရဲ့ personality type ကိုကြိုသိထားမယ်ဆိုရင် ဘာလို့ကိုယ့်ကို အချိန်မပေးရတာလဲဆိုပြီး စိတ်မကျေမနပ်ဖြစ်တာတို့ ရန်ဖြစ်နေစရာတို့ မလိုတော့ဘူးပေါ့။
(၂) ကိုယ့်ရဲ့ အကြိုက်များနဲ့မနှစ်သက်မှုများကို ခွဲခြားသိမြင်လာခြင်း
ကိုယ့်ရဲ့ extroversion နဲ့ introversion level ပေါ်မူတည်ပြီး ကိုယ့်ရဲ့ preferences တွေဖြစ်လာပါတယ်။ ဥပမာအနေနဲ့ ကိုယ်က introversion level မြင့်လေလေ လူထူထပ်တဲ့နေရာတွေသွားရတာ မနှစ်သက်လေလေဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်နဲ့ပေါင်းတဲ့သူတွေက extroversion level မြင့်နေတယ်ဆိုရင် သူတို့နဲ့ အချိန်ကြာကြာနေလို့ရမှာ မဟုတ်တာတော့ အသေအချာပါပဲ။
(၃) ဘယ်လိုအခြေအနေတွေက ကိုယ့်ရဲ့ စွမ်းဆောင်ရည်မြင့်တဲ့အချိန်တွေလည်းဆိုတာ နားလည်လာခြင်း
ကိုယ့်ရဲ့ personality type ကို ပိုမိုသိရှိလာတဲ့အလျောက် ဘယ်လိုလူတွေနဲ့ ပိုပြီးပေါင်းသင်းဆက်ဆံသင့်သလဲဆိုတာကို နားလည်ထားတဲ့အတွက် ကြုံတွေ့လာရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ စိတ်ဓာတ်ကျတာတွေကို ဖြေရှင်းရတာ ပိုမိုလွယ်ကူလာတတ်ပါတယ်။
(၄) ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ပိုမိုနားလည်လာခြင်း
လူဆိုတာကတော့ အားသာချက်တွေရှိကြသလို တစ်ဖက်မှာလဲ ဖြေရှင်းဖို့ခက်တဲ့ အားနည်းချက်တွေရှိကြတာပါပဲ။ ဒီအတွက် ဥပမာပေးရရင်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့အလုပ်တွေပါ။ ကျောင်းတွေပြီးကြလို့ အလုပ်ခွင်ဝင်ကြပြီဆိုရင် ကျွန်တော်တို့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာတဲ့ ဘာသာရပ်၊ အတတ်ပညာတွေ (အားသာချက်) ကို အသုံးချပြီး ကိုယ်ဘယ်လိုအလုပ်မျိုးကို လုပ်သင့်၊ ဝင်သင့်တယ်ဆိုတာကို ဆုံးဖြတ်ကြရပါတယ်။ ကိုယ်က အလုပ်တစ်ခုကိုဝင်ပြီး ကိုယ်လုပ်ရတဲ့အလုပ်ကို ကိုယ့်ရဲ့အားနည်းချက်တစ်ခုအနေနဲ့ မြင်လာပြီဆိုရင်တော့ အဲ့ဒီအလုပ်က ကိုယ့်အတွက် ရေရည်အနေနဲ့အဆင်ပြေ၊ တိုးတက်မယ့် opportunity တစ်ခုမဟုတ်တော့ပါဘူး။ အဲ့လိုအခြေအနေမျိုးမှာတော့ ကိုယ့်ရဲ့ အားသာချက်အစစ်က ဘာလဲဆိုတာကို သေချာပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။
(၅) ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်လာခြင်း
ကောင်းမွန်တဲ့ လူမှုဆက်ဆံရး (Good Relationship) တစ်ခုဆိုတာကတော့ ကျွန်တော့်အတွက် နှစ်ဦးနှစ်ဖက် personality chemistry ညီတဲ့ ဒါမှမဟုတ် မညီရင်တောင်မှ သဘောတူ ညှိယူထားတဲ့ ပျော်ရွှင်ရတဲ့ productive ဖြစ်တဲ့ ဆက်ဆံရေးတစ်ခုလို့မြင်ပါတယ်။ ကြာကြာအဆင်မပြေမယ့်လူမျိုးဆိုရင်တော့ စောစောစီးစီးလက်လွှတ်တာအကောင်းဆုံးပါ။ Relationship လို့ပြောလိုက်ရင် သမီးရည်းစားရေးတစ်ခုထဲအတွက် မဟုတ်ပါဘူး၊ ကိုယ်နဲ့ အလုပ်က Boss နဲ့ပဲဖြစ်ဖြစ် senior တွေပဲဖြစ်ဖြစ်၊ ကျောင်းတွေမှာဆိုရင် ဆရာ၊ ဆရာမ၊ အခင်ရဆုံး သူငယ်ချင်းတွေ စသဖြင့်ကို ဆိုလိုချင်တာပါ။ ကိုယ်ကကိုယ့် personality ကိုသိထားရင် သူတို့နဲ့ personality မညီရင်တောင်မှ personality တွေကို merge လုပ်ပြီး relationship တစ်ခုကို အဆင်ပြေပြေတည်ဆောက်နိုင်ပါလိမ့်မယ်။

ကိုယ့်ရဲ့ personality ကို လွယ်လွယ်နဲ့ ဆန်းစစ်ချင်ရင် အောက်က website မှာ ဝင်စမ်းကြည့်လို့ရပါတယ်ဗျ။
ကျွန်တော့်ရဲ့ Blog ကိုဖတ်ပြီး စာဖတ်သူတွေအတွက် ကိုယ့် personality ကို နားလည်ပြီး လူတွေနဲ့ အရင်ထက် ပိုပြီးအဆင်ပြေပြေဆက်ဆံနိုင်ရင် ကျွန်တော် အခုလို ရေးသားရကျိုးနပ်ပါပြီ။ ဖတ်ရှုပေးလို့လည်း ကျေးဇူးတင်ပါတယ်ဗျ။

https://www.16personalities.com/

Hello

Leave a Reply

Your email address will not be published. Required fields are marked *