Life Style Work Style

Self Reflection For Everyone In One Year

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ ညီညီ‌ဇော်ဖြစ်ပါတယ်။ အခုဆိုရင် နှစ်တစ်နှစ်ရဲ့နောက်ဆုံးလကို ရောက်ရှိလာပြီဖြစ်လို့ ဒီတစ်ပတ်ကျွန်တော် sharing လုပ်ပေးချင်တာက လူတိုင်း မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်မယ့် Self Reflection ဆိုတဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးသွားချင်ပါတယ်။
ပထမဆုံးအနေနဲ့ Self Reflection ဆိုတာဘာလဲ။
Self Reflection က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်၊ စိတ်ခံစားမှုနှင့် အပြုအမူဆိုင်ရာ လုပ်ငန်းစဉ်များကို သက်သေခံပြီး အကဲဖြတ်နိုင်သည့် စွမ်းရည်ဖြစ်ပါတယ်။ Self Reflection ထဲမှာ positive energy တွေပါတယ်။ လူတော်၊ လူကောင်းတို့ရဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။ မိမိကိုယ်ကိုတိုးတက်အောင် ပြုမူဆောင်ရွက်ပေးတဲ့ အထိန်းအကွပ်တစ်ခုလည်း ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ သုံးသပ်ရမှာက ကျန်းမာရေး။
လူ့ဘဝမှာ ကျန်းမာရေးက အရေးကြီးပါတယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးလို့ဆိုလိုက်ရင် စိတ်နဲ့ကိုယ် နှစ်ခုလုံး ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒီတစ်နှစ်အတွင်းဘာကြောင့် စိတ်ဓာတ်ကျခဲ့လဲ။ ဘယ်အရာတွေက စိတ်ကို အဆင်မပြေဖြစ်စေခဲ့လဲ အစရှိသဖြင့် ပြန်လည်သုံးသပ်ကြရပါမယ်။ နောင်နှစ်‌တွေမှာ အဲ့လိုစိတ်အဆင်မပြေ မဖြစ်အောင်ဘယ်လို နေထိုင်ကျင့်ကြံရမလဲဆိုတာ‌ကိုပါ တစ်ခါတည်း အဖြေရှာဖို့ လိုအပ်ပါမယ်။ နောက်တစ်ခုက ကိုယ့်ကျန်းမာရေး ဒီနှစ်အတွင်း နေမကောင်းဖြစ်ခဲ့တာတွေများခဲ့လား။ ဘာကြောင့်လဲဆိုတာ ပြန်လည်သုံးသပ်အဖြေရှာပြီး နောင်နှစ်တွေအဲ့လ်ို မဖြစ်အောင်ပြန်လည်နေထိုင်သွားဖို့ လိုအပ်ပါမယ်။
ဒုတိယတစ်ခုက လူမှုဆက်ဆံရေး။
လူရယ်လို့ဖြစ်လာရင် တစ်ဦးတစ်ယောက်တည်းနေလို့ မရပါဘူး။ မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်းဆိုတာ လိုအပ်ပါတယ်။ ထိုနည်းလည်းကောင်း အလုပ်အကိုင်ဆိုရင်လည်း တစ်ဖွဲ့တည်းနဲ့ရပ်တည်လို့ မရပါဘူး။ အဖွဲ့အစည်းများနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမှ အောင်မြင်မှာပါ။ အလုပ်အကိုင် အတွင်းမှာ အဖွဲ့အစည်းရဲ့အခက်အခဲအဆင်မပြေမှု၊ အလုပ်အကိုင်ရဲ့ ခက်ခဲမှုတွေ အများကြီးရှိခဲ့ပါမယ်။ ဒါပေမယ့် အဲ့ဒီအရာတွေက ဘာကြောင့်လဲဆိုတာ ပြန်လည်သုံးသပ်ပြီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး ပိုမို‌ကောင်းမွန်တဲ့ဆက်ဆံ‌ရေးနဲ့ ရှေ့ဆက်ကြရမှာ ဖြစ်ပါတယ်။ ထို့အတူ တစ်နှစ်တာအတွင်း တစ်ဦးနဲ့တစ်ဦး မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်းကြားထဲမှာ ပြဿနာတွေရှိမယ်၊ အခက်အခဲတွေရှိမယ်၊ နောင်နှစ်တွေမှာ အဆင်ပြေ ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်အောင် နေထိုင်နိုင်ဖို့အတွက် ထိုအရာတွေပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။

တတိယတစ်ခုက စီးပွားရေး။
စီးပွားရေးလို့ဆိုလိုက်ရင် လုပ်ငန်းရှင်‌တွေ တကယ့် ရောင်းကုန်၊ ဝယ်ကုန်တွေနဲ့ လုပ်နေတဲ့သူတွေကိုပဲ မြင်မိကြပါတယ်။ အမှန်က အလုပ်လုပ်နေကြတဲ့ကျွန်တော်တို့သည်လည်း စီးပွားရေးလုပ်နေကြတာပါ။ အလုပ်ရှင်မှ စီးပွားရေးလုပ်နေတာ မဟုတ်ပါဘူး။ အလုပ်သမားသည်လည်း small business လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသူ၊ ကျောင်းသားတွေလည်း စီးပွားရေးလုပ်ပြီး ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။ တစ်ချိန်မှာ အဲ့ဒီအရာတွေက output အနေနဲ့ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ရင်းနှီးမြှုပ်နှံရင်းနဲ့‌ အောင်မြင်တာရှိသလို ဆုံးရှုံးမှုတွေလည်း ရှိပါမယ်။ နောက်တစ်ခုက စီးပွားရေးလုပ်တယ်ဆိုတာ တစ်ဦးနဲ့တစ်ဦးမတူဘူးဖြစ်လို့ မြတ်တာရှိသလို၊ ဆုံးရှုံးတာတွေလည်းရှိပါတယ်။ တစ်နှစ်တာအတွင်း short term goal, long term goal တွေရှိကြပါတယ်။ ငွေကြေးအပြင် ရင်းနှီးထားတဲ့အတွေ့အကြုံ၊ ပညာအစရှိသဖြင့် အဲ့အရာတွေက ဆုံးရှုံးတာရှိသလို၊ မြတ်တာတွေလည်း ရှိကြပါတယ်။ ဆုံးရှုံးခဲ့ရင် ဘာကြောင့် ဆုံးရှုံးခဲ့လဲဆိုတာကို ပြန်လည်ဆန်းစစ်ပြီး ‌‌နောင်နှစ်တွေမှာ မြတ်အောင်လို့ ပိုကြိုးစားဖို့လိုအပ်ပါမယ်။

နောက်ဆုံးအနေနဲ့ ပြန်လည်သုံးသပ်ရမှာက ပညာရေး။
တိုးတက်နေတဲ့ခေတ်မှာ ကျွန်တော်တို့ မိမိဝါသနာပါရာ သို့မဟုတ် မိမိရဲ့ Carrier လမ်းကြောင်းမှာ improve ဖြစ်‌မယ့်အရာတွေ အမြဲလေ့လာနေရပါမယ်။ မလေ့လာနေဘူးဆိုရင် နောက်ကျကျန်ခဲ့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပညာရေးကိုလည်း တစ်နှစ်တာ self reflection ထဲမှာထည့်ပြီးပြန်လည်သုံးသပ်ဖို့လိုအပ်ပါလိမ့်မယ်။ ဥပမာ ကိုယ်က ဟင်းချက်တာ ဝါသနာပါရင် ဟင်းချက်တဲ့အထဲမှာ ဒီနှစ် ဟင်းပွဲဘယ်နှစ်ပွဲ ချက်တတ်တာတို့၊ ကားမောင်းတာ ဝါသနာပါရင် ကားမောင်းလိုင်စင်ရအောင်ယူလိုက်တာတို့၊ ဘာသာစကားလေ့လာတာ ဝါသနာပါရင် ဘာသာစကား skill တွေ level မြင့်တာတို့လေ့လာရပါမယ်။ မိမိအလုပ်အတွက်ဆိုရင်လည်း ထိုနည်းအတိုင်းပါပဲ။ အမြဲတစေ လေ့လာနေဖို့ လိုအပ်ပါမယ်။ ဒီနှစ်အတွင်း မ‌လေ့လာဖြစ်ခဲ့တာတွေ အချိန်မပေးနိုင်ခဲ့တာတွေ၊ လေ့လာရင်းနဲ့ ကျရှုံးခဲ့တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ တစ်ဦးနှင့်တစ်ဦး မတူတဲ့အတွက် ဘာကြောင့်လဲဆိုတာ ပြန်လည်သုံးသပ်ပြီး နောင်နှစ်တွေမှာ ပိုမိုကောင်းမွန်အောင် ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါမယ်။

အဲ့ဒါဆိုရင် အခုပြောပြတဲ့ အချက်လေးချက်ကို မိမိကိုယ်ကိုပြန်လည် သုံးသပ်ပြီး အဖြေရှာမယ်ဆိုရင် ကောင်းမွန်တဲ့ ဘဝနေထိုင်မှုကို ရရှိပြီး လူတော်၊ လူကောင်းတစ်ယောက် ဖြစ်မယ်လို့ ထင်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *