Work Style

Six Months Work Experiences

အားလုံးပဲ မင်္ဂလာပါခင်ဗျ။

ကျွန်တော်ကတော့ စိုင်းအောင်နိုင်ဦး ဖြစ်ပါတယ်။ Spiceworks Myanmar Co.,Ltd တွင် Web Designer အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ ဒီနေ့အတွက်တော့ ကျွန်တော်ရဲ့ six months working experiences ကို မျှဝေချင်ပါတယ်ခင်ဗျ။

ပထမဦးဆုံးအနေနဲ့ ကျွန်တော်မျှဝေပေးချင်တာကတော့ Coding ပိုင်းနဲ့ပတ်သက် ပြီး ကျွန်တော် အလုပ်မဝင်ခင်မှာ Web Page တွေကို Framework တွေနဲ့ပဲ ရေးခဲ့တော့ တစ်ချို့ HTML, CSS, JS Code တွေ နဲ့ module တွေရဲ့ လုပ်ဆောင်ချက်များကို  format ကျကျ ၊ standard ကျကျ မသိခဲ့ပါဘူး။ အလုပ်ဝင်ပြီး နောက်ပိုင်းမှာ သဘောကောင်းတဲ့ Senior အစ်ကို ၊ အစ်မ တွေရဲ့ အကူအညီတွေကြောင့် HTML , CSS စတဲ့ pure code တွေသုံးပြီး Web Page creation  လုပ်ပုံကို အသေးစိတ် အတွင်းကျကျ သိခဲ့ရပြီး အရင်ထက်စာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမို တိုးပွားလာပါတယ်။

 

ကျွန်တော်တို့မှာ Promotion Group, HR Group, Maintenance Group, Education Group ဆိုပြီး  ကိုယ့် Group ကိုယ်စီနဲ့ အလုပ်လုပ်ကြပါတယ်။ ခြောက်လ တစ်ကြိမ် အလှည့်ကျ  Group Leader တာဝန်ကို ထမ်းဆောင်ရပါတယ်။ Leader တစ်ယောက်ဖြစ်ဖို့ရန် မလွယ်ကူလှပါဘူး။ ရှေ့က အစ်ကို အစ်မ တွေ ဘယ်လို Leading လုပ်သွားလဲဆိုတာ သေချာမှတ်သားပြီး ကိုယ့်အလှည့်ရောက်ရင် ဘယ်လို Leading လုပ်ရမလဲ ဆိုတာတွေက အစ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖြစ်လာပါတယ်။

 

အရင်က ကျွန်တော် Presentation အပိုင်းမှာ အရမ်းအားနည်းခဲ့ပါတယ်။ ရုံးမှာ နည်းပညာပိုင်း နဲ့ပတ်သက် ပြီး Presentation  မကြာမကြာ လုပ်ရတော့ ခုချိန်မှာ Presentation လုပ်ရမှာ မကြောက်တော့ပါဘူး။ Japanese Language skill တွေ တိုးတက်စေဖို့ အတွက်လဲ  ဂျပန်ဝေါဟာရများ ၊ ဂျပန်စကားပြောတွေကို အစ်ကို အစ်မ တွေနဲ့ တူတူလေ့လာကြပါတယ်။

 

ထို့အပြင် Charity နှင့်ပတ်သက်ပြီး ပရဟိတကျောင်းများ၊ ဘိုးဘွားရိပ်သာများ စသည့် အမှန်တကယ်လိုအပ်နေသော နေရာများသို့ ရုံးမှ Member များ ၃လ တစ်ကြိမ်သွားရောက် လှူဒါန်းဖြစ်သည့်အတွက် ပီတိဖြစ်မိပါတယ်။

နောက်ဆုံးအနေဖြင့် လုပ်ငန်းခွင်အတွင်း အခက်အခဲများ ၊ Error များနဲ့ ကျွန်တော် ကြုံတိုင်း အချိန်မဆိုင်းပဲ ကူညီပေးခဲ့သော အစ်ကို ၊ အစ်မများကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ Spiceworks Myanmar Company မှာ  Web Designer, Web Developer အပြင် Accountant နှင့် ပတ်သက်သော Job Position များ အလုပ်ခေါ်နေတဲ့အတွက် အလုပ်လျှောက်ချင်တဲ့ သူများအနေဖြင့် အောက်ပါလင့်မှ အလွယ်တကူဝင်ရောက်လျှောက်ထားနိုင်ပါတယ်ခင်ဗျ။

https://www.spiceworksmyanmar.com/jobpost/

လူကိုယ်တိုင်လာရောက်လျှောက်ထားချင်သူများကတော့ ရန်ကင်းစင်တာ ၊ အမှတ် 6/B2 မှာ ရှိတဲ့ ကျွန်တော်တို့ Spiceworks Myanmar Company သို့ တနင်္လာနေ့ မှ  သောကြာနေ့ အထိ မနက် ၈နာရီ မှ ညနေ ၅ နာရီအတွင်းလာရောက်လျှောက်ထားနိုင်ပါတယ်။

အချိန်ပေးပြီး ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *