System

Slick Slider

အားလုံးပဲ မင်္ဂလာပါခင်ဗျ။

ကျွန်တော်ကတော့ စိုင်းအောင်နိုင်ဦး ဖြစ်ပါတယ်။ Spiceworks Myanmar Co., Ltd တွင် Web Designer အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ အသုံးများတဲ့ Slider ထဲမှာ မှ Slick slider ကို မျှဝေပေးချင်ပါတယ်။

Slick slider ကို အသုံးပြုမယ်ဆိုရင် ဒီ  ( https://kenwheeler.github.io/slick/ ) လင့်ခ် ထဲကို အရင်ဦးဆုံး ဝင်ရပါမယ်။Data file ကို  “get it now” ကနေ Download လုပ်ပါ။

ထို့နောက် slick folder တစ်ခု ရလာပါမယ်။ မိမိ Project folder ထဲသို့ Css file နှင့် Js file ကို ထည့်ပြီး အောက်ပါပုံအတိုင်း Link ချိတ်ရပါမယ်။

( Jquery  & JS  Link)   ကိုလည်း ပုံမှာ ဖော်ပြထားသည့် အတိုင်း ချိတ်ပြီးရေးပေးလို့ရပါတယ်။

“ <script src=”https://ajax.googleapis.com/ajax/libs/jquery/3.2.1/jquery.min.js”></script> ”

နောက်တစ်ဆင့်အနေနဲ့ Slick slider မှာ Demo လေးတွေ အမျိုးမျိုးရှိပါတယ်။

မိမိကြိုက်နှစ်သက်ရာ Demo တွေကို ပြန်ခေါ်သုံးလို့ ရပါတယ်။

ခု ကျွန်တော် Sample အနေနဲ့ Center Mode slider ပုံစံ ကို ဖော်ပြပေးသွားပါမယ်။

Center Mode slider Demo ကို သုံးချင်ရင်တော့  Slick slider မှ ပေးထားသော Js code ကို ယူပြီး အောက်ဖော်ပြပါ ပုံအတိုင်း မိမိ ၏ code ထဲသို့ ရေးပေးရပါမယ်။

Js Setting ချိန်ရာတွင်လည်း  slick slider page မှာ ဖော်ပြထားသည့် setting အတိုင်း မိမိအဆင်ပြေသလို ချိန်ညှိပြီး ယူသုံးလို့ ရပါတယ်။

အချိန်ပေးပြီးဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *