Work Style

Spiceworks Myanmar Members

မင်္ဂလာပါခင်ဗျား
ကျွန်တော်ကတော့ PHP developer အဖြစ် လုပ်ကိုင်နေတဲ့ Pyi Thein Khine ဖြစ်ပါတယ်။ ယခုအပတ်မှာတော့ ကုမ္ပဏီတွင် လက်ရှိလုပ်ကိုင်နေကြတဲ့ ကျွန်တော့်၏ လုပ်ဖော်ကိုင်ဖက်များအကြောင်းနှင့် ပတ်သတ်၍ ရေးသားထားပါသည်။ ထို့ပြင် အပတ်စဉ် သောကြာနေ့တိုင်း blog ပို့စ်အသစ်များရေးသားသွားပါမည်။

Seiji Sekine (CEO) 

Spiceworks ၏ CEO(Chief Executive Officer) တစ်ဦးဖြစ်ပြီး နှစ်လတစ်ခါ မြန်မာနိူင်ငံရှိ Spiceworks ရုံးသို့ လာရောက်ကြီးကြပ်လေ့ရှိသူဖြစ်သည်။Spiceworks Myanmar ၏ MD တစ်ဦးဖြစ်သော်လည်း ဝန်ထမ်းများနှင့် ရင်းနှီးစွာဆက်ဆံတတ်သူ ဖြစ်ရုံသာမက အထက်အောက် ခွဲခြားမှု မရှိဘဲ လုပ်ကိုင်နေသူလည်းဖြစ်သည်။

Myat Min Swe (General Manager)

Spiceworks Japan ၏ Designer တယောက်ဖြစ်ပြီး ယခုအချိန်တွင် Spiceworks Myanmar ၏ ပဲ့ကိုင်သူမန်နေဂျာ အဖြစ် တာဝန်ယူလုပ်ကိုင်နေသူဖြစ်သည်။ ဂျပန်စာ အရည်အချင်း စာမေးပွဲတွင် N1 အဆင့်အောင်မြင်ထားရုံသာမက စာရေးသူ၏ စံပြ ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသူဖြစ်သည်။ ရံဖန်ရံခါ Design team ဘက်တွင် ပညာမျှဝေပေးသလို System team ဘက်တွင်လည်း အကြံညဏ်ကောင်းများ ပေးသူဖြစ်သည်။

Aung Khant Phyo (Design Leader)

Spiceworks Myanmar ၏ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေရုံသာမက Web Design Team ကို ပါ ဦးဆောင်နေသူဖြစ်ပြီး အတွေ့အကြုံအရရော စိတ်ခံစားမှုအရပါ အားလုံးထက် ပိုရင့်ကျက်သူတစ်ယောက်ဖြစ်သည်။ University of Computer Studies,Yangon မှ B.C.Sc (Computer Science) ဘွဲ့ရရှိခဲ့ပြီး အလုပ်လုပ်ရာတွင် တိကျသေချာသူလည်း ဖြစ်သည်။ Company စတင်တည်ထောင်သည့် အချိန်မှစ၍ ယခုအချိန်အထိ ဆက်လက်လုပ်ကိုင်နေသူဖြစ်သည်။

Htay Min Khaung (System Engineer Leader)

University of Dagon, Computer Department မှ B.C.Sc ( Computer Science ) ဘွဲ့ရရှိခဲ့ပြီး PHP developer အဖြစ် စတင်ဝင်ရောက်ခဲ့သော်လည်း ယခုအချိန်တွင် System Engineer Leader အဖြစ် တာဝန်ယူ လုပ်ကိုင်နေသူဖြစ်သည်။ Backend ပိုင်းသာမက Frontend ပိုင်းပါ လိုအပ်လာပါက ဝင်ရောက်ရေးသားပေးနိူင်သူ ဖြစ်သည်။ ယခု Spiceworks Myanmar ၏ System Team ပိုင်းတွင် နည်းပညာအသစ်များ ကိုဦးဆောင် ပြောင်းလဲ နေသူဖြစ်သည်။ နေ့တိုင်း ရုံးစောစောတက်ပြီး self-study လုပ်နေတတ်တာက တခြားသူနဲ့မတူသည့် သူ၏အမူအကျင့်တခုပင်။

Thuzar San (Web Designer)

University of Computer Studies,Yangon မှ B.C.Sc (Computer Science) ဘွဲ့ရရှိခဲ့ပြီး လက်ရှိတွင် Web Designer အဖြစ် တာဝန်ယူုလုပ်ကိုင်နေသူဖြစ်သည်။ self-study အားကောင်းရုံသာမက တိတိကျကျ သေသေသပ်သပ်ဖြင့် လုပ်ကိုင်တတ်သူတစ်ဦးလည်းဖြစ်သည်။

Pyi Thein Khine (PHP Developer)

PHP Developer ဖြင့် တာဝန်ယူလုပ်ကိုင်နေပြီး နည်းပညာအသစ်များကို စိတ်ဝင်စား၍ လေ့လာနေသူတဦးဖြစ်သည်။ University of Western Yangon မှ English အထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပြီး KMD မှ ဖွင့်လှစ်သော IADCS(NCC) တက်ရောက်ပြီးမြောက်ခဲ့သူဖြစ်သည်။

Ei Ko Ko Nyein (Web Designer)

Spiceworks Myanmar ၏ Web Designer ဖြင့် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်သည်။ University of Dagon မှ B.A(Psychology) ဖြင့် ဘွဲ့ရရှိခဲ့ပြီး National Management Colleague မှ ဖွင့်လှစ်သော Diploma in IT တက်ရောက်ပြီးမြောက်ထားသူလည်းဖြစ်သည်။
Photoshop အပိုင်းတွင် ကျွမ်းကျင်ရုံသာမက Spiceworks Myanmar Official Facebook Page ၏ Post design များရေးဆွဲခဲ့သူဖြစ်သည်။

Kyawt Kyawt San (Web Designer)

University of Technology (Yatanarpon Cyber City) မှ BE(Information Science & Technology) ဖြင့် ဘွဲ့ရရှိခဲ့ပြီး Spiceworks Myanmar ၏ Web Designer ဖြင့် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်သည်။ အခက်အခဲကြုံတွေ့လာလျှင် ခေါင်းအေးအေးဖြင့် စဉ်းစားဆုံးဖြတ်နိူင်သူ ဖြစ်သည်။

Kathy Htun (Web Designer)

University of Technology (Yatanarpon Cyber City) မှ BE(Computer Engineering)ဖြင့် ဘွဲ့ရရှိခဲ့ပြီး Web Designer ဖြင့် လုပ်ကိုင်နေသူဖြစ်သည်။ အခက်အခဲတစုံတရာ ကြုံတွေ့လာလျှင် မတူညီသောအမြင်များ ဆွေးနွေးဖလှယ်ရင်း ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာအောင် လုပ်နိူင်သူတဦးဖြစ်သည်။

Ei Phyo Mon (Admin)

University of Taunggyi မှ B.A (Geography) ဖြင့် ဘွဲ့ရရှိခဲ့ပြီး Spiceworks Myanmar တွင် Admin ရာထူးဖြင့် လုပ်ကိုင်နေသူဖြစ်သည်။ Admin တယောက်၏ တာဝန်များသာမက မြန်မာစာအရေးအသား ကျွမ်းကျင်သူဖြစ်သောကြောင့် Spiceworks Myanmar ၏ Post များပါ ဝင်ရောက်ရေးသားပေးနေသူဖြစ်သည်။

May Myat Hmu Khine (Web Designer)

University of Dagon မှ B.SC(Physics) ဖြင့်ဘွဲ့ရရှိခဲ့ပြီး KMD မှ ဖွင့်လှစ်သော IADCS (NCC) တက်ရောက်နေသူလည်းဖြစ်သည်။ Spiceworks Myanmar ၏ Web Designer ဖြင့်လုပ်ကိုင်နေပြီး အာရုံစူးစိုက်၍ စိတ်ဝင်တစားလုပ်ကိုင်တတ်သူလည်းဖြစ်သည်။

Lal Hmachhuani (PHP Developer)

University of Technology (Yatanarpon Cyber City) မှ B.E(Information Science & Technology) ဖြင့် ဘွဲ့ရရှိခဲ့ပြီး PHP Developer ဖြင့် လုပ်ကိုင်နေသူဖြစ်သည်။ အလုပ်တခုကို စိတ်ဝင်တစား အာရုံစူးစိုက်၍ လုပ်ကိုင်နိူင်ရုံသာမက WIT (Web Innovative Talent Award 2016) ပြိုင်ပွဲတွင် Leader အဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

Shein Min Htet (PHP Developer)

University of Dagon တွင် နောက်ဆုံးနှစ် စီးပွားစီမံ အထူးပြုတက်ရောက်နေပြီး PHP Developer ဖြင့် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်သည်။ လူငယ်ပီပီ သွက်သွက်လက်လက်နဲ့ လုပ်ကိုင်နိူင်ရုံသာမက ဂျပန်စာကိုပါ စိတ်ဝင်တစားလေ့လာနေသူလည်းဖြစ်သည်။

Su Yee Htun (Web Designer)

ယခုလမှ spiceworks myanmar သို့ Web Designer အဖြစ် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး WIT 2016 ပြိုင်ပွဲတွင် Social Person Grand Prix ရရှိခဲ့သူလည်းဖြစ်သည်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *