Design

Tasting of Color Theory

မင်္ဂလာပါရှင့်။
ညီမကတော့ Spiceworks Myanmar Web Development Company တွင် Web Designer အဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မဇင်နုထွေး ဖြစ်ပါတယ်ရှင့်။ ဒီအပတ်မှာတော့ color theory နှင့်ပတ်သက်သော အကြောင်းအရာလေးကို‌ ‌‌အနည်းငယ်လေး ဝေမျှ ပေးချင်ပါတယ်ရှင့်။
အရောင်ဆိုသည်မှာ အမြင် (အာရုံ) မှတဆင့်တစ်ခုခုကို မြင်နိုင်၊ ကြားနိုင်၊ သတိပြုမိနိုင်ခြင်းဖြစ်သည်။
ညီမတို့၏ မျက်လုံးများသည် (ဥပမာအားဖြင့်ကောင်းကင်) ကိုမြင်ရပြီး ဦးနှောက်သို့ မျက်လုံးများမှ အချက်အလက်များကို ပေးပို့ပြီး ဦးနှောက်သည် လှိုင်းအလျားပေါင်းစပ်မှုများကို ကောက်ယူကာ အရောင်ဟုခေါ်သည့် ဖြစ်ရပ်အဖြစ် ပြောင်းလဲပေးပြီး အရောင်များ (အပြာရောင်) ဖြစ်သည်ဟု ဖော်ပြကြပါတယ်။
အရောင်များကို ညီမတို့၏ အနီးပတ်ဝန်းကျင်၌ နေရာတိုင်းလိုလိုမှာ နေ့စဉ်မြင်တွေ့နေရပါတယ်။
ညီမတို့၏ ဘဝဖြစ်တည် ရှင်သန်မှုများတွင် အရောင်များ၏ လှုံ့ဆော်မှု၊ တုံ့ပြန်အကျိူးသက်ရောက်မှုများသည် တစ်စိတ်တစ်‌ဒေသအားဖြင့် ပါဝင်ပတ်သက်မှု ရှိကြပါတယ်။ အရောင်သည် စိတ်ခံစားမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ညီမတို့သည် စကားလုံးများ၊ ဘာသာစကားများ မပါရှိဘဲ မိမိတို့ရဲ့ ခံစားချက်နှင့် စိတ်ကူးစိတ်သန်းများကို အရောင်တစ်ခုချင်းစီ သို့မဟုတ် အရောင်အတွဲများအလိုက် ကိုယ်စားပြု၍ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများအဖြစ် ဆက်သွယ်ဖော်ပြနိုင်ပါတယ်။
လူအများစုက ကုန်ပစ္စည်းကို စက္ကန့် ၉၀အကြာလောက်မှာ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကို ဆုံးဖြတ်တတ်လေ့ရှိကြပါတယ်။ ဆုံးဖြတ်ချက်၏ ၉၀% လောက်က အရောင်အပေါ်မှာအခြေခံပြီး ဆုံးဖြတ်ကြတယ်လို့ ရေးသားဖော်ပြထားသည်ကိုလဲ တွေ့ရပါတယ်။ ထို့ကြောင့် ညီမတို့ရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် အရောင်သည် အရေးပါသော အစိတ်အပိုင်းတစ်ခုလဲဖြစ်ပါတယ်။
အရောင်သီအိုရီသည် ဖန်တီးမှုနှင့်သိပ္ပံပညာကို ‌ပေါင်းစပ်ထားသည့် စည်းမျဉ်းစည်းကမ်းများပင် ဖြစ်ပါတယ်။ အရောင်ပေါင်းစပ်ခြင်းနှင့် သဟဇာတဖြစ်ခြင်းတို့၏ အခြေခံလမ်းညွှန်ချက်များကိုလည်း သတ်မှတ်ထားခြင်းဖြစ်ပါသည်။
အရောင်များနှင့် ပတ်သက်ပြီး‌ လေ့လာဖော်ထုတ်ခဲ့ကြရာ၌ သိပ္ပံနည်းကျ အစောဆုံး လက်တွေ့စမ်းသပ် ဖော်ထုတ်ပြသနိုင်ခဲ့သူမှာ ရူပ‌ဗေဒပညာရှင် အိုက်ဆက်နယူတန် ပင်ဖြစ်ပါတယ်။
အရောင်သီအိုရီကိုနားလည်ရန် အခြေခံအကျဆုံးမှာ အိုက်ဆက်နယူတန် စတင်ဖော်ပြခဲ့သော အရောင်စက်ဝန်းကို သိရှိရန်လိုအပ်ပါတယ်။

အထက်တွင်ဖော်ပြထားသော အရောင်စက်ဝန်းကို အခြေခံပြီး အရောင်များကို အခြေခံအားဖြင့်

  1. Primary colors
  2. Secondary colors
  3. Intermediate or tertiary colors
    ဟူ၍ သတ်မှတ်အသုံးပြုလေ့ရှိကြပါတယ်။

1. Primary colors
Primary color (အဓိကအရောင်) များမှာ အခြားသောအရောင်များ အားလုံးဆင်းသက်လာနိုင်သည့် အခြေခံအရောင်များဖြစ်ပါတယ်။ အဓိကအရောင်သုံးမျိုးသာရှိပြီး ၎င်းတို့သည် အနီရောင်၊ အဝါနှင့်အပြာ တို့ဖြစ်ကြပါတယ်။ ဤအဓိကအရောင်သုံးမျိုးသာမရှိပါက ညီမတို့သည် အခြားလှပသော အရောင်များ ကို ဖန်တီးနိုင်လိမ့်မည်မဟုတ်ပါ။

2. Secondary colors
Secondary color (ဒုတိယအရောင်) များကတော့ Primary color (အဓိကအရောင်) များကို ပေါင်းစပ်ခြင်းဖြင့် ရရှိလာသော ‌ အရောင်များ ဖြစ်ပါတယ်။ ပေါင်းစပ်အရောင်များ အဖြစ် အစိမ်းရောင် ၊ လိမ္မော်ရောင်နှင့် ခရမ်းရောင်များ ဟူ၍ရရှိလာပါမယ်။

3. Intermediate or tertiary colors
Intermediate color (အလယ်အလတ်အရောင်) များကိုတော့ Primary color များနှင့် Secondary color များပေါင်း၍ ရရှိလာပြီး ဆန့်ကျင်ဘက်အရောင်များ အဖြစ် အရောင်စက်ဝန်းပေါ်တွင် ဖော်ပြလေ့ရှိပါတယ်။

နောက်များမှာလဲ အရောင်နှင့် ပတ်သက်သော အခြားစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာများကို မျှဝေပေးသွားပါမယ်။ အချိန်ပေးပြီးဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *