Life Style Others

The Importance of Preparation

အားလုံးပဲ မင်္ဂလာပါရှင့်။

ညီမကတော့ Spiceworks Myanmar Company တွင် Web Designer အနေနဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မဇင်နုထွေး ဖြစ်ပါတယ်ရှင့်။
ဒီတစ်ပတ်မှာတော့ The Importance of Preparation (ကြိုတင်ပြင်ဆင်ခြင်းရဲ့ အရေးပါမှု) ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ညီမ သိရှိသလောက်၊ လေ့လာမိသလောက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။
ယခု မျှဝေပေးသွားမဲ့ အကြောင်းအရာလေးတွေက ညီမတို့တွေရဲ့ နေ့စဉ်ဘဝမှာ လုပ်ဆောင်နေကျ၊ အသုံးပြုနေကျ အရာလေးတွေ ပါဝင်ပါတယ်။ အရေးပါပြီး အသုံးဝင်စေတယ်လို့လည်း ထင်တဲ့အတွက်ကြောင့် ဒီ blog လေးကို မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။

ညီမတို့ရဲ့ အလုပ်တာဝန်တွေနဲ့ တခြားသော ကိစ္စရပ်တွေကို စတင်မလုပ်ဆောင်ခင်မှာ ပထမဦးဆုံးအနေနဲ့ ကြိုတင်ပြင်ဆင်ခြင်းကို လုပ်ဆောင်သင့်ပါတယ်။ ကြိုတင်ပြင်ဆင်ခြင်းလို့ ပြောလိုက်ရင် လူအမျိုးမျိုးမှာ လုပ်ဆောင်ကြတဲ့ ပုံစံ၊ အပြုအမူနဲ့ အကျင့်စရိုက်တွေ မတူညီကြတဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့ ပုံစံလည်း တူညီကြမှာ မဟုတ်ကြပါဘူး။
ကြိုတင်စီစဉ်ပြင်ဆင်ထားခြင်းတွေက အမြဲတမ်းတော့ ပြီးပြည့်စုံပြီး အဆင်ပြေချောမွေ့နေကြမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကြိုတင်ပြီး ပြင်ဆင်လုပ်ဆောင်ထားခဲ့မယ်ဆိုရင်တော့ ဘာမှမပြင်ဆင်ထားတာထက် မိမိအတွက် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပြီး ပိုမိုကောင်းမွန်၊ ပြည့်စုံတဲ့ ရလာဒ်ကောင်းအနေနဲ့ ရရှိလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။

ဘာကြောင့် ကြိုတင်ပြင်ဆင်ခြင်းက အရေးပါသလဲ။
ကြိုတင်ပြီး ပြင်ဆင်ထားခြင်းက နောက်အဆင့်တစ်ခုကို ဆက်လက်လုပ်ဆောင်ဖို့ရန်အတွက် ပထမအဆင့်အနေနဲ့ ပြင်ဆင်ထားရမဲ့ အချက်ပဲ ဖြစ်ပါတယ်။ ညီမတို့ရဲ့ အလုပ်ကိစ္စတွေကို စပြီးမလုပ်ခင်မှာ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ အချက်အလက်အားလုံးကို နားလည်အောင် အရင်လေ့လာထားရပါမယ်။
လေ့လာပြီး လိုအပ်လာမဲ့ အရာတွေကိုလည်း သေချာ အစီစဉ်ဆွဲပြီး ကဏ္ဍအလိုက် ခွဲခြားပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ သေချာစီစဉ်ထားပြီး လုပ်ဆောင်ခဲ့မယ်ဆိုရင် ပိုပြီး သေသပ်အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ခြင်းက အချိန်တစ်ခုအနေနဲ့ ပေးလိုက်ရတဲ့အတွက် အချိန်ပိုကုန်စေတယ်လို့ ထင်ကြပါလိမ့်မယ်။ ညီမအနေနဲ့ကတော့ ပေးလိုက်ရတဲ့ အချိန်နဲ့ညီမျှတဲ့ ရလာဒ်ကို ရရှိစေမယ်လို့ ထင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ယေဘုယျအားဖြင့် လုပ်ဆောင်ရမဲ့၊ လုပ်ဆောင်လေ့ရှိကြတဲ့ အချက်လေးတွေကိုလည်း မျှဝေပေးပါမယ်။

1. Planning
မိမိအနေနဲ့ အလုပ်အသစ်တစ်ခု၊ အစည်းအဝေးတစ်ခု၊ project တစ်ခု ရှိလာပြီဆိုရင် အရင်ဆုံး အဲ့ဒီအရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သေချာကြည့်ဖို့ အချိန်တစ်ခု သတ်မှတ်ရပါမယ်။ ပြီးရင် အဲ့ဒီအရာတွေရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တွေကို ခွဲခြမ်းပြီး လိုအပ်တာတွေကို ကြိုပြီး စီစဉ်ထားရပါမယ်။

2. Listening
ကိုယ့်အနေနဲ့ ကြိုကြည့်ပြီးပြီဆိုရင် အဆင်မပြေတာတွေ၊ နားမလည်တာတွေ၊ လိုအပ်တာတွေကို ကိုယ့်ရဲ့ အထက်လူကြီး၊ member၊ client ကို သေချာအောင် မေးပြီး ရှင်းပြတဲ့အရာတွေကို ဂရုတစိုက်နားထောင်ထားဖို့လည်း လိုအပ်ပါတယ်။ သေချာနားထောင်ထားပြီး ရှင်းလင်းစွာ သိထားမှသာ ကိုယ်လုပ်ဆောင်ရမဲ့ အလုပ်ကို စနစ်တကျ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

3. Problem solving
ဘယ်လိုပဲ ပြီးပြည့်စုံအောင် ကြိုတင်တွေးတော ပြင်ဆင်ထားတယ်ဆိုပေမဲ့ တစ်ခါတလေမှာ မထင်မှတ်ထားတဲ့ ပြဿနာ၊ အခက်အခဲဆိုတာတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘက်ကနေ လုပ်ဆောင်ရမဲ့ ကိစ္စတွေကို သေချာနားလည်ပြီဆိုတာနဲ့ ကြုံလာနိုင်တဲ့ အခက်အခဲတွေကို လိုအပ်ရင် လိုအပ်သလို ဖြေရှင်းနိုင်အောင်လည်း စီစဉ်ထားရပါမယ်။

4. Time management
လုပ်ဆောင်ရမဲ့ အလုပ်နဲ့ အချိန်က အဆင်ပြေလား၊ လုံလောက်မှုရှိလား ဆိုတာတွေကို သေချာစနစ်တကျ မှန်းဆထားရပါမယ်။ မိမိတစ်ဦးတည်း လုပ်ဆောင်ရမဲ့ ကိစ္စမဟုတ်ခဲ့ဘူးဆိုရင် ကိုယ့် member ရဲ့ အချိန်ရမရကိုလည်း ကြိုလေ့လာထားပြီး စီစဉ်ထားသင့်ပါတယ်။

5. Efficiency
ကြိုတင်ပြင်ဆင်ခြင်းက ညီမတို့ လုပ်ဆောင်ရမဲ့ အရာတွေကို လုပ်ဆောင်ရန် ထိရောက်ပြီး အဆင်ပြေစေမဲ့ နည်းလမ်းကို ရှာဖွေကူညီပေးပါတယ်။ ဒါ့ကြောင့် ပိုမိုထိရောက်ပြီး အဆင်ပြေစေဖို့ ပြင်ဆင်မှုတွေကို ကောင်းမွန်စွာ စီစဉ်လုပ်ဆောင်ထားကြပါတယ်။

6. Learning and growing
ကြိုတင်ပြင်ဆင်ခြင်းက အခွင့်အလမ်းကြုံလာတဲ့အခါ အသင့်ရှိနေရမှာဖြစ်ပြီး လုပ်ဆောင်ရမဲ့ အလုပ်တစ်ခုအနေနဲ့ ရှိလာမှသာ မပြင်ဆင်သင့်ပါ။ ယခုလက်ရှိအချိန်မှာ လုပ်ဆောင်ရမဲ့အရာ မရှိသေးပေမဲ့ မိမိရဲ့အရည်အချင်းနဲ့ အသိပညာတွေကို ဆက်လက်လေ့လာထားသင့်ပါတယ်။ ဒါမှသာ အခွင့်အရေးရလာခဲ့တဲ့အခါ အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။

အချိန်ပေးပြီး ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီ blog လေးကို ဖတ်ရှုလိုက်ရပြီး မိမိအတွက် အသိပညာ ဗဟုသုတ တစ်ခုအနေနဲ့ ရရှိသွားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *