Work Style

Three Months Experience From Spiceworks Myanmar

မင်္ဂလာပါ ခင်ဗျ။
ကျွန်တော်ကတော့ Spiceworks Myanmar မှာ Backend Developer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မောင်အောင်ညီသစ် ဖြစ်ပါတယ် ခင်ဗျ။ ဒီ Spiceworks Myanmar မှာ Probation ကာလ သုံးလအတွင်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်ဝေမျှပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။

ပထမဦးဆုံးအနေဖြင့် Spiceworks Myanmar မှာရှိတဲ့ Senior အစ်ကိုတွေ အစ်မတွေဟာ လုပ်ငန်းတာဝန်များကို စနစ်တကျ ဦးဆောင်လုပ်ကိုင်ပေးကြပြီး တာဝန်တစ်ခု ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောဆိုပေးကြပါတယ်။ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင်လည်း ထူးချွန်ကျွမ်းကျင်ကြပြီး သိလိုသည့် အကြောင်းအရာများကိုလည်း စိတ်ရှည်လက်ရှည် ပြောပြပေးကြပါတယ် ခင်ဗျ။ Company ရှိလုပ်ဖော်ကိုင်ဖက်အချင်းချင်းလည်း တစ်ဦးကိုတစ်ဦး‌ လေးစားတန်ဖိုးထားကာ စိတ်ရှည်နားလည်စွာဖြင့် လုပ်ငန်းတာဝန်များ အောင်မြင်ပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။ မတူညီသည့် အတွေးအခေါ်များကို လက်ခံစဉ်းစားပေးကြပြီး အကောင်းဆုံး ရလဒ်များရရှိရန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါတယ်။

Spiceworks Myanmar တွင် စတင်ဝင်ရောက်စဉ် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများအနေနဲ့ ကတော့ Programming အပိုင်းနှင့် Management အပိုင်းဆိုပြီး နှစ်ပိုင်းရှိခဲ့ပါတယ်။ Programming အပိုင်းမှာဆိုရင်ဖြင့် Framework အသစ်များကိုစတင်လေ့လာခဲ့ရပါတယ်။ Senior များ၏ စဉ်းစားပုံစဉ်းစားနည်းများ၊ code ရေးပုံ‌ရေးနည်းများကို သင်ယူခဲ့ရပါသည်။ Project ကြီးလာလျှင် လိုအပ်လာသည့် code structure များကို လေ့လာခဲ့ရပြီး code design patterns များကိုလည်း လေ့လာခဲ့ရပါတယ်။ Management အပိုင်းအနေနဲ့ company မှ သတ်မှတ်ထားသေား စည်းကမ်းများနှင့် Time management, Project management တို့အပြင် work from home ကာလ ဖြစ်သည့်အတွက် Self-management များကို အထူးဂရုစိုက်ခဲ့ရပါတယ် ခင်ဗျ။ Spiceworks Myanmar တွင် သုံးလအတွင်း တိုးတတ်လာသည့် အရာများအနေဖြင့် coding skill, solution skills တို့အပြင် မိမိအချိန်ကိုကောင်းစွာအသုံးချမှု၊ မိမိ ကျန်းမားရေးကို အလေးထားလာမှု နှင့် မိမိစိတ်ကို ကောင်းမွန်အောင် ‌တွေးခေါ်လာတတ်မှု စသည့် personal development များ ရရှိလာခဲ့ပါတယ်။

ကျွန်တော်တို့ Spiceworks Myanmar တွင် မိမိတို့၏ လုပ်ငန်းတာဝန်များအပြင် စိတ်ဓာတ်ခွန်အားနှင့် ပေါင်းသင်းဆက်ဆံ‌ရေး တိုးတက်ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးရသော activity တချို့ရှိပါတယ်။ စိတ်တည်ငြိမ်စေဖို့ နှင့် စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့အတွက် ရည်ရွယ်ပြီးလုပ်ထားတဲ့ Mindfulness Activity မှာဆိုရင် စိတ်ဖိစီးမှုကို လျော့ချ ပေးသော သံစဉ်များကို နားထောင်ပေးရပါတယ်။ Japanese learning activity မှာဆိုရင်တော့ Group များခွဲပြီး ဂျပန်စာလေ့လာခြင်းကို တစ်ပတ်တစ်ခါ ပြုလုပ်ကြပါတယ်။ လုပ်ငန်းခွင်အတွင်း တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးတင်စကားပြောတဲ့ Thank You activity နှင့် Thank You chat များကိုလည်း ထားရှိထားပါတယ်။ ကျေးဇူးတင်စကားပြောဆိုသည့် အလေ့အထကြောင့် ကူညီပေးသောသူမှာ ပီတီဖြစ်ရပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုနှင့် ပေါင်းသင်းဆက်ဆံ‌‌ရေး ပိုမိုတိုးတက်လာကာ တစ်ပါးသူ၏ကျေးဇူးကို အောက်မေ့တတ်သောသူ ဖြစ်လာစေပါတယ် ခင်ဗျ။

ဟုတ်ကဲ့ အခုပြောပြပေးသွားတဲ့ အကြောင်းအရာများကတော့ Spiceworks Myanmar မှာ သုံးလအတွင်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံကောင်းများဖြစ်ပါတယ်ခင်ဗျ။ Probation ကာလမှာ supporting ပေးသည့် Spiceworks Myanmar Company နှင့် ဝိုင်းဝန်းကူညီပေးကြသော လုပ်ဖော်ကိုင်ဖက်၊ ညီအကိုမောင်နှမများကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ။ အခုလာမည့် General Assembly မှာလဲ အားလုံးနှင့်အတူတူ ပျော်ရွှင်စွာပူးပေါင်းပါဝင်သွားဖို့အတွက် စောင့်မျှော်နေရင်း…

အခုလို အချိန်ပေးပြီးဖတ်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *