Design Work Style

Spiceworks Myanmar မှ Web Designer တစ်ဦး၏ ဂျပန်ခရီးစဉ်အတွေ့အကြုံများ

မင်္ဂလာပါရှင့်။😊

ညီမကတော့ Spiceworks Myanmar တွင် Web Designer အဖြစ်ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ သူဇာစန် ဖြစ်ပါတယ်ရှင့်။ ဒီတစ်ပတ်မှာတော့Business trip အနေနဲ့ Japan ကို ပထမဦးဆုံးအကြိမ်သွားရောက်ခဲ့တဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီးပြောပြချင်ပါတယ်။💃👩💃

Day 1 at Japan – 11/Dec/2018 Tue

ပထမဦးဆုံးကတော့ 3°C သာရှိတဲ့ ရာသီဥတု။🌨😮☔️ နောက်တစ်ခုကတော့ အရောင်အသွေးကအမြင်အေးစေပြီး မတူညီတဲ့အဆောက်အဦးပုံစံများ၊ မြေအောက်ရထားစီးရန်ဘူတာရောက်တော့လည်း အလုပ်ချိန်ဖြစ်တဲ့အတွက် ဘူတာမှာရှိတဲ့လူတွေအားလုံးနီးပါးက ရထားစီးရန် ပြေးလွှားနေကြတာ။‍

ရထားရဲ့ဆိုက်ရောက်ချိန်ကို ကြိုတင်သိရှိရပြီး ရထားစောင့်တဲ့အချိန်တွေမှာလည်း စနစ်တကျတန်းစီပြီးစောင့်နေတာတွေကိုတွေ့မြင်ခဲ့ရတယ်။ရထားပေါ်ရောက်တော့လည်း ငိုက်တဲ့သူကငိုက်၊ ခေါင်းလေးတွေငုံ့ပြီး ဖုန်းသုံးတဲ့သူကသုံးနေကြပါတယ်(social media မဟုတ်ပဲ website ကြည့်တာ သတင်းတွေဖတ်နေကြတာတွေများတယ်) ၊ တစ်ချို့ကတော့ စာအုပ်တွေဖတ်နေကြပါတယ်။🚎🚎🚎

Shinjuku Gyoenmae က APA Hotel ကတော့ ပြောစရာမလိုလောက်အောင်သန့်ရှင်းသပ်ရပ်ပါတယ်။  နေ့တိုင်း room cleaning service ရှိတဲ့ အတွက် office က ပြန်လာရင်အခန်းကအမြဲသန့်ရှင်းနေတယ်။😍

Hotel မှာ luggage တွေထားပြီးတော့ Spiceworks ကို ခဏသွားပြီး member တွေနဲ့ သွားတွေ့ခဲ့ပါတယ်။


Day 1 at Spiceworks – 12/Dec/2018 Wed

Spiceworks ရဲ့ working environment ကတော့တိတ်ဆိတ်ပြီး အလုပ်အပေါ်အာရုံစိုက်ပြီးလုပ်နိုင်တဲ့ environment မျိုး၊ Office Decoration နဲ့ ဖွင့်ထားတဲ့ သီချင်းအေးအေးလေးကလည်း စိတ်ငြိမ်စေတယ်။ I like it.😊

အလုပ်ချိန်က 10:00am – 7:00pm ဆိုတော့ နေ့လည်စာစားချိန်ကို ရောက်တာမြန်တယ်။ japan အစားအစာတွေသိပ်မစားတတ်တော့ Lunch time ရောက်ပြီဆိုရင် ဘာစားရင်ကောင်းမလဲဆိုပြီး ဆိုင်လိုက်ရှာရပြီ။

စိတ်ထားကောင်းတဲ့ MD, GM နဲ့senior တို့ကလည်း စားလို့ကောင်းမယ့်ဆိုင်၊ အားလုံးတူတူစားလို့ရမယ့်ဆိုင်မျိုးတွေရှာပေးကြပါတယ်။ နောက်ပြီးcompany နဲ့ အနီးနားမှာ “Golden Bagan” ဆိုတဲ့ မြန်မာစားသောက်ဆိုင်တစ်ခုရှိတယ်။ အရသာရှိပြီး ဆိုင်ရှင်တွေကလည်း သဘောကောင်းတယ်။နောက်ပိုင်းကြတော့ အရသာရှိတဲ့ဆိုင်တော်တော်များများတွေ့ခဲ့ပါတယ်။😋😋😋

အလုပ်ချိန်တွေမှာတော့ ကိုယ်လုပ်စရာရှိတဲ့ task တွေလုပ်ရင်းနဲ့ပဲ အချိန်ကုန်မှန်းတောင်မသိခဲ့ဘူး။ အချိန်ကုန်တာအရမ်းမြန်သလို ခံစားရတယ်။ Spiceworks က member တွေအားလုံးကလည်း ရင်းနှီးဖော်ရွေကြပါတယ်။ Spiceworks နဲ့ Spiceworks Myanamr ရဲ့  plus point ကတော့ member တွေအားလုံးကစိတ်ထားကောင်းတယ်။ MD, GM, Senior, Junior ဆိုပြီး position မခွဲခြားပဲ အားလုံးကတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကူညီပြီး teamwork တစ်ခုအနေနဲ့ အလုပ်လုပ်တဲ့ပုံစံ မျိုးဖြစ်ပါတယ်။


Weekends in Japan – weekends မှာရောက်ခဲ့တဲ့ နေရာတွေက…

Tokyo Disney Land အရမ်းကိုလှပပြီး သပ်ရပ်တဲ့ဖန်တီးမှုတွေကိုတွေ့ခဲ့တယ်။ Disney Character လေးတွေရဲ့ဖျော်ဖြေမှုတွေကလည်း ချစ်စရာကောင်းတဲ့အပြင် Illuminations တွေကလည်းကြည့်လို့တောင်မကုန်နိုင်ဘူး။ တစ်နေကုန်ပင်ပန်းခဲ့ပေမယ့်ပျော်စရာကောင်းခဲ့ပါတယ်။😊https://www.tokyodisneyresort.jp/en/tdl/


Miraikan( National Museum of Emerging Science & Innovation) Odaiba – Miraikan ရဲ့ Exhibition တစ်ခုဖြစ်တဲ့ Asimo Demonstration မှာ ကလေးတစ်ယောက်လို ချစ်စရာကောင်းပြီး၊လူတစ်ယောက်လိုလှုပ်ရှားပြုမူနိုင်တဲ့ Asimo Robot ကိုမြင်ရတော့ တကယ်ပဲအံ့သြမိပါတယ်။

Exhibitions နဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကိုတော့  ဒီLinkတွေကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။

Feel the Earth – https://www.miraikan.jst.go.jp/en/exhibition/tsunagari/

Explore the Frontiers – https://www.miraikan.jst.go.jp/en/exhibition/world/

Create your future – https://www.miraikan.jst.go.jp/en/exhibition/future/


TeamLab – borderless ဆိုတဲ့အတိုင်းပါပဲ TeamLab တစ်ခုလုံး ဘယ်နေရာကြည့်ကြည့် Artworks တွေနဲ့ဖုံးလွှမ်းနေတယ်။ Artworks တွေက roomတစ်ခုနဲ့တစ်ခုမတူဘူး။ ပြီးတော့ တစ်ချို့ artworks တွေက ထိလိုက်ရင် animate ဖြစ်တယ်။ LED Ballon တွေက ထိလိုက်ရင် အသံထွက်ပြီး အရောင်ပြောင်းသွားတယ်။ နောက်တစ်ခုက ပုံလေးတွေကို ကိုယ်တိုင်ဆေးရောင်ခြယ်ပြီး scan လုပ်လိုက်တာနဲ့ အဲဒီ ပုံတွေက artworks တွေနဲ့အတူနံရံပေါ်မှာ animate ဖြစ်နေတာကိုလည်းတွေ့ရတယ်။ 😮😮😮 https://borderless.teamlab.art/


Ueno Zoo – ကတော့တိရိစ္ဆာန်လေးတွေတော်တော်စုံတယ်။ ရှုခင်းလည်းလှတယ် ။ Zoo ထဲက လမ်းညွှန်ဆိုင်းဘုတ်နဲ့မြေပုံတွေက နားလည်ရလွယ်တယ်။ Panda ကြည့်ချင်လို့သွားခဲ့ပေမယ့် တန်းစီနေတဲ့လူကတော်တော်များနေလို့ မကြည့်ခဲ့ရဘူး။


Shinjuku Gyoen Mae – ပတ်ဝန်းကျင်ကတိတ်ဆိတ်ပြီး အနီးနားမှာ shopping mall နဲ့ restaurant တွေအများကြီးရှိတယ်။ I like Shinjuku.😊😍😊

Japan က ၀န်ထမ်းတွေ ( ဥပမာ- airport, railway station ,restaurants, convenience stores, Disney land ,security, cleaning service and  etc..) ၊ အသက်ကြီးပိုင်းတွေကလည်း သူတို့နိုင်တဲ့အလုပ်ကိုလုပ်နေတာတွေ့ရတယ်။သူတို့တွေက customer service ကောင်းတယ်ဆိုတာထက် အပြန်အလှန်လေးလေးစားစားဆက်ဆံကြတယ်။

သူတို့ကိုကြည့်လိုက်ရင် အမြဲ Active ဖြစ်နေတယ်။ အလုပ်အပေါ်မှာအာရုံစိုက်နိုင်ပြီး စိတ်ပါဝင်စားစွာလုပ်ကိုင်နေတာက အားကျအတုယူစရာကောင်းပါတယ်။ နောက်တစ်ခုက လူတိုင်းကစည်းကမ်းကိုလိုက်နာတယ်။ လူများတဲ့နေရာတွေမှာဆိုလည်း ဘယ်နေရာဖြစ်ဖြစ်တန်းစီတယ်။ ဒါပေမယ့် အလုပ်ချိန်မှာရထားစီးရင်တော့ ပြည့်ကျပ်နေလည်းအားမနာဘူး။😜

Japan စာနဲ့ပတ်သက်ပြီးကတော့ ကိုယ်တိုင်လဲလေ့လာနေဆဲမို့ communication လုပ်ရတာနည်းနည်းအခက်အခဲရှိတယ်။ Japan ရောက်ခဲ့တဲ့ အတွေ့အကြုံ/ကိုယ့်ရဲ့အမြင်နဲ့ပတ်သက်ပြီး ဒီblog ကနေတစ်ဆင့်sharing လုပ်ပေးလိုက်ပါတယ်။ Spiceworks Myanmar ရဲ့blog တွေကိုဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင့်။

Spiceworks Myanmar နဲ့ အတူ မိမိရဲ့အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်ဆောင်သွားဖို့ စိတ်ပါဝင်စားတယ်ဆိုရင်တော့…..အောက်ပါ Link ကနေတဆင့် Spiceworks Myanmar ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။
https://www.spiceworksmyanmar.com/jobpost/

Thank you for your Attention!

Have a nice Day 😊

Hello

Leave a Reply

Your email address will not be published. Required fields are marked *