Others

Using Hyperlink

အားလုံးပဲ မင်္ဂလာပါ။

ကျွန်မကတော့ အိဖြိုးမွန် ပါ။ ယခုတစ်ပတ် မျှဝေဖို့ ရွေးချယ်ဖြစ်တဲ့ ခေါင်းစဥ်လေးကတော့ “Using Hyperlink” ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့  “Hyperlink” ဆိုတာဘာလဲ။ ဘယ်လိုအသုံးဝင်လဲ ဆိုတာကို ကျွန်မ သိထားသမျှ အနည်းငယ်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Hyperlink ဆိုတာက excel ထဲမှာ ရှိနေတဲ့ File တွေ၊ Sheet တွေကို အလွယ်တကူ ဖွင့်ချင်တဲ့အခါ အသုံးပြုရတာ ဖြစ်ပါတယ်။ File အချင်းချင်းချိတ်ဆက်ပြီး ဖွင့်လို့ရအောင်ပြုလုပ်လို့ ရသလို Excel ထဲမှာ Sheet အချင်းချင်းချိတ်ပြီး ဖွင့်လို့ရအောင် ပြုလုပ်လို့ ရတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ပထမဦးစွာ Excel Sheet အချင်းချင်း ချိတ်တာကို ပြပေးသွားပါမယ်။ မိမိတို့ သိမ်းဆည်းထားသော ဖိုင်များကို excel sheet ရဲ့ ပထမ  sheet မှာ content အနေနဲ့ သိမ်းဆည်းထားရပါမယ်။ ထိုမှတဆင့် မိမိသည် excel file မှာပါတဲ့ sheet များကို ဖွင့်ချင်ပါက မိမိဖွင့်ချင်သော Content sheet မှာပါတဲ့ title ကို click နှိပ်ပြီး Insert ထဲက Hyperlink {OR} Link ကိုနှိပ်လျှင် Insert Hyperlink box ကျလာမှာဖြစ်ပြီး

ထိုထဲကမှ  Excel Sheet အချင်းချင်း ချိတ်ဆက်မှာဖြစ်တဲ့အတွက် Place in This Document ကိုရွေးချယ်ပြီး မိမိချိတ်ချင်သော Sheet name ကို click နှိပ်ပြီး OK ကိုနှိပ်ပါ။

ထိုအခါ ပထမ sheet ရဲ့ content sheet မှာ ရှိတဲ့ ခေါင်းစဥ်က အရောင်ပြောင်းသွားတာကို တွေ့ရမှာဖြစ်ပြီး ထိုခေါင်းစဥ်လေးကို ထိလိုက်ပါက  မိမိသွားချင်တဲ့ excel sheet ကိုရောက်သွားပြီ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး File အချင်းချင်း ချိတ်တာကို ပြပေးသွားပါမယ်။ File အချင်းချင်းချိတ်ဆက်တာမှာ အထက်မှာပြောပြခဲ့တဲ့အတိုင်း အတူတူပဲဖြစ်ပြီး မိမိဖိုင်က Desktop မှာရှိလျှင် အောက်ကပုံအတိုင်း Look in: ဘေးက Desktop ကိုရွေးရမှာ ဖြစ်ပြီး File အချင်းချင်းချိတ်ဆက်ချင်တာကြောင့် Existing File or Web Page ကိုရွေးချယ်ပြီး Current Folder ထဲက မိမိဖွင့်ချင်သော ဖိုင်တစ်ခုခုကို Selected မှတ်ပြီး  OK ကိုနှိပ်လိုက်ပါက မိမိဖွင့်ချင်သောဖိုင်က ပွင့်လာပါလိမ့်မယ်။

မိမိက PDF file, Power Point file များကို ဖွင့်ချင်ရင်လည်း အပေါ်က နည်းအတိုင်း Excel File ရှိ Content မှာထည့်ပြီးလုပ်ကြည့်ပါက အလွယ်တကူ ဖိုင်များကို ဖွင့်လို့ရနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ယခုတစ်ပတ်အတွက် မျှဝေပေးဖြစ်ခဲ့တဲ့ ခေါင်းစဉ်လေးကိုတော့ ဒီမှာပဲ ရပ်ခွင့်ပြုပါ။ နောင်လာမယ့် အပတ်တိုင်းမှာလည်း မတူညီတဲ့ အကြောင်းအရာတွေနဲ့ ဆက်လက်ဝေမျှပေးဦးမှာဖြစ်လို့ စောင့်ကြည့်ပြီး ဖတ်ရှုပေးကြပါဦး။ Word, Excel များနဲ့ ပတ်သက်တာများကို ပိုမိုလေ့လာချင်ပါက အောက်ပါလင့်ခ်တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/profile.php?id=100063920352442

အားလုံးအတွက် သာယာအေးချမ်းသော နေ့ရက်တွေ ဖြစ်ကြပါစေ။

  

Hello

Leave a Reply

Your email address will not be published. Required fields are marked *