Life Style

Visualizing Other Dimensions

အားလုံးပဲမင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ လစဉ် Life Style categories တွေအပေါ်အခြေခံပြီး ဗဟုသုတရဖွယ်ရာဆောင်းပါးများကို ဝေမျှလျက်ရှိတဲ့ မောင်ဘုန်းသန့်ကျော်ဖြစ်ပါတယ်။ ဒီအပတ်မှာတော့ အခုတလောကျွန်တော်လေ့လာဖြစ်တဲ့ အရင်ကနဲ့မတူတဲ့ အကြောင်းအရာမျိုးကို ဝေမျှသွားမှာဖြစ်ပါတယ်။ အကြောင်းအရာအကျဉ်းကတော့ ခေါင်းစဉ်မှာပြထားတဲ့အတိုင်း ကျွန်တော်တို့အားလုံးနေထိုင်နေတဲ့ planet ဖြစ်တဲ့ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ပုံမှန်မတွေးဖြစ်တဲ့အကြောင်းအရာ (တခြား dimensions) တွေကို visualize လုပ်နိုင်အောင် ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေအကြောင်း ပြောရမယ်ဆိုရင် Dimension ဆိုတာ ဘာလဲဆိုတာကို သိဖို့ လိုအပ်ပါတယ်။ Dimension ဆိုတဲ့အသုံးအနှုန်းကို စာဖတ်သူတို့ ရင်းရင်းနှီးနှီးကြုံဖူးကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်တွေသွားကြည့်ကြတဲ့အခါ 2Dဇာတ်ကား၊ 3D ဇာတ်ကား ဆိုပြီး အမျိုးအစားတွေရှိပါတယ်။ 2D ဇာတ်ကားတွေကတော့ရှင်းပါတယ်။ ရိုးရိုးသာမာန်ပုံစံအတိုင်းပဲမြင်ရပြီး ရုပ်လုံးကြွတာမျိုးတွေမပါဝင်တဲ့ အမျိုးအစားပေါ့။ 3D ဇာတ်ကားတွေကတော့ သူတို့ပေးတဲ့ 3D မျက်မှန်တွေနဲ့ကြည့်ရင် ဇာတ်ကောင်တွေက ကိုယ့်အရှေ့ရောက်နေသလိုခံစားရတဲ့ အမျိုးအစားဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ dimension ဆိုတာကို လွယ်လွယ်အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် aspect/feature ပေါ့နော်။ Dimension မြင့်လေလေ ကျွန်တော်တို့ ကြုံတွေ့၊ ခံစားခွင့်ရမယ့် features တွေ ပိုများလေလေပေါ့နော်။ ကျွန်တော်တို့ကမ္ဘာကြီးက 3D world ကြီးဖြစ်ပါတယ်။ (ကျွန်တော်တို့ဆီမှာ length, breadth, height ဆိုပြီး features သုံးမျိုးရှိလို့ပါ။)

Now Imagine.

ကျွန်တော် ဥပမာတစ်ခုပေးချင်ပါတယ်။ ကျွန်တော်တို့အခု ခုံလေးတစ်လုံးမှာ ထိုင်နေတယ်။ အဲ့ထိုင်ခုံပေါ်က ထပြီး လမ်းအနည်းငယ်လျှောက်ကြမယ်ဆိုပါစို့။ အဲ့ဒီမှာ ကျွန်တော်တို့ ထိုင်ခုံပေါ်ကနေ ခြေထောက်စချလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့က တခြား dimension မှာနေထိုင်နေတဲ့ being လေးတွေကို စိတ်ထဲကမသိလိုက်ပဲ အနှောင့်အယှက်ပေးမိပါတယ်။ ကျွန်တော်တို့ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ အောက်က ကြမ်းပြင်၊ မြေကြီးတို့ကို နင်းရပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့ အောက်မှာရှိတဲ့ အကောင်လေးတွေ၊ bacteria လေးတွေကို မသိပဲနဲ့ နင်းလိုက်ရပါတယ်။ ကျွန်တော်တို့ရဲ့ 3 dimensional world ကြီးမှာတော့ ကျွန်တော်တို့က ဒီတိုင်းလေးလမ်းလျှောက်နေကြတာဆိုပမယ့် သူတို့ရဲ့ 2 dimensional world ထဲမှာတော့ တစ်စိတ်တစ်ဒေသ ကမ္ဘာပျက်နေကြပါပြီ။ တချို့တွေဆို သေကြေပျက်စီးကြရပါတယ်။ အရင်းနှီးဆုံး ဥပမာပေးရရင်တော့ ပုရွက်ဆိတ်လေးတွေပေါ့နော်။ Dimension တစ်ဆင့်လောက် ကွာတာနဲ့ အဲ့လိုအရာတွေကြုံတွေ့ရတော့တာပါပဲ။

Height; a great storage device.

ဒီအကြောင်းအရာကို ကျွန်တော်ပေးမယ့် ဥပမာတစ်ခုနဲ့ ထပ်ပြီး visualize လုပ်စေချင်ပါတယ်။ ကျွန်တော့်ဆီမှာ စာရွက် ၁၀ရွက်ရှိမယ်။ အဲ့ဒီစာရွက်လေးတွေကို စားပွဲခုံအလွတ်တစ်လုံးပေါ်မှာ စီစီရီရီဖြန့်ပြီး တင်ကြမယ်ဆိုပါစို့။ ဒါပေမယ့် စားပွဲခုံရဲ့  နေရာအကန့်အသတ်ကြာင့်မို့ စာရွက်(၇)ရွက်မှာတင် စားပွဲမျက်နှာပြင်ရဲ့ နေရာအကုန်လုံးပြည့်သွားမယ်ပေါ့နော်။ အဲ့အချိန်မှာ ကျွန်တော်တို့ ဆက်လုပ်လို့ရမယ့် option နှစ်ခုရပါမယ်။ ကျန်နေသေးတဲ့ စာရွက်(၃)ရွက်ကို တခြားစားပွဲပေါ်မှာ သွားတင်မလား၊ ဒါမှမဟုတ် ကျွန်တော်တို့တင်ထားတဲ့ စာရွက်(၇)ရွက်ရဲ့အပေါ်မှာပဲ ကျန်နေတဲ့ (၃)ရွက်ကို အပေါ်ကနေထပ်ပြီး တင်လိုက်မလားပေါ့နော်။ ဆိုတော့ ကျွန်တော်တို့က ကျန်တဲ့ စာရွက်(၃)ရွက်ကို တခြားစားပွဲပေါ်မှာ သွားမတင်ပဲနဲ့ အမြင့် (height) ဆိုတဲ့ ကျွန်တော်တို့ 3 dimensional world မှာရှိတဲ့ feature တစ်ခုကိုအသုံးပြုလိုက်လို့ရတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ပြောနေတဲ့ conversation ထဲကို 2nd dimension က being တစ်ခု ၊ ဥပမာ ပုရွက်ဆိတ်တစ်ကောင် ရောက်လာမယ်ဆိုပါစို့။ အဲ့ဒီပုရွက်ဆိတ်လေးကို ကျွန်တော်တို့ အခုလုပ်ခဲ့တဲ့ process ကြီးတစ်ခုလုံးကို သွားရှင်းပြလိုက်ရင် 2nd dimensional being တစ်ခုဖြစ်တဲ့အလျောက် height ဆိုတဲ့ feature ကြီးကို သူနားလည်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခုနက ပိုနေတဲ့ စာရွက်(၃)ရွက်ကို တင်ထားပြီးသားဖြစ်တဲ့ စာရွက်(၇)ရွက်ပေါ်မှာ ထပ်တင်လိုက်တဲ့ process ကြီးကို သူနားလည်မှာမဟုတ်ပါဘူး။ သူ့အတွက်တော့ နောက်တင်လိုက်တဲ့ စာရွက်(၃)ရွက်က ဘယ်ပျောက်သွားတာလဲလို့ စဉ်းစားနေရင်းနဲ့ပဲအချိန်ကုန်သွားမှာပါ။ ဆိုတော့ အမြင့် (height) ဆိုတဲ့ အရာလေးက ကျွန်တော်တို့အတွက်သာ ဘာမှမထူးဆန်းတာ သူတို့အတွက်ကျတော့ တစ်ခါမှမမြင်ဖူးတဲ့၊ မြင်ဖူးမှာလဲမဟုတ်တော့တဲ့ တော်တော်ကို efficient ဖြစ်စေတဲ့ storage device ကြီးဖြစ်သွားတာပေါ့။

ဒီအကြောင်းအရာကို ကျွန်တော်တို့အနေနဲ့ ပြန်စဉ်းစားကြည့်ကြရအောင်။ ကျွန်တော်တို့ဆီမှာ ပုံးအလုံး(၁၀၀)ရှိမယ်။ အဲ့ ပုံးအလုံး(၁၀၀)ကို ကျွန်တော်တို့ ဂိုဒေါင်ကြီးတစ်ခုထဲကို စီပြီးထည့်ကြမယ်ဆိုပါစို့။ ခုနက ဥပမာပေးသလိုပဲ ကျွန်တော်တို့ ပုံး (၇၀)မှာ ဂိုဒေါင်ကြီးပြည့်သွားမယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ အနေနဲ့က ကျန်တဲ့ ပုံးအလုံး(၃၀)ကို ဂိုဒေါင်အပြင်ဘက်၊ ဒါမှမဟုတ် တခြားဂိုဒေါင်အလွတ်တစ်လုံးမှာ သွားထည့်မှကို ရတော့မှာပေါ့။ ကျွန်တော်တို့ဆီမှာ ရွေးချယ်စရာမရှိနေဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့အခုပြောနေတဲ့ conversation ထဲကို 4th dimensional being တစ်ကောင်၊ ဥပမာ ကျွန်တော်တို့တစ်ခါမှမမြင်ဖူးတဲ့ alien တစ်ကောင်ကရောက်လာပြီး ကျွန်တော်တို့ကို “မင်းတို့အခက်အခဲဖြစ်နေတာလား၊ ငါတို့ကူညီမယ်ဆိုပြီး” သူတို့က လက်ဖျောက်တစ်ချက်စာနဲ့ ကျွန်တော်တို့သွင်းဖို့ ကျန်နေတဲ့ပုံး(၃၀)ကို စက္ကန့်ပိုင်းအတွင်းမှာ (တစ်နေရာမှာ) တင်လိုက်တယ်ပေါ့နော်။ ကျွန်တော်တို့ကတော့ အဲ့ဒီပုံး(၃၀)ဘယ်ပျောက်သွားတာလဲလို့ မေးလိုက်ရင် သူတို့ကတော့ “ဟာ ဒီမှာလေ မမြင်ရဘူးလားလို့ပဲ” ပြန်ပြောပါလိမ့်မယ်။ ခုနက ပုရွက်ဆိတ်လေးတွေ ကျွန်တော်တို့ height ဆိုတဲ့ feature ကိုသုံးပြီး ထပ်တင်လိုက်တဲ့ စာရွက်လေးတွေကို မမြင်ရနိုင်သလိုပဲ ကျွန်တော်တို့လည်း 4th dimensional being တွေ ရွှေ့လိုက်တဲ့ ပုံး(၃၀)ကို ဘယ်လိုနည်းမျိုးနဲ့မှ အဖြေရှာ၊ တွေ့ရှိမှာမဟုတ်ပါဘူး။ ဘာကြောင့်မို့လဲဆိုတော့ ကျွန်တော်တို့ဟာ 4th dimensioners တွေမဟုတ်ဘဲ 3rd dimensioners တွေဖြစ်နေလို့ပါပဲ။ ဒါတောင်မှ ကျွန်တော်တို့က ပုံးလေးတွေကို ထပ်တင်လို့ရမယ့် storage device လေးတင်ပဲ ရှိသေးတာနော်၊ dimension မြင့်လေလေ တခြားလုပ်လို့ရမယ့် တွေးလို့ရမယ့်အကြောင်းအရာ၊ features တွေ အများကြီး ထပ်ရှိနေအုန်းမယ်ပေါ့နော်။

Dimensions တွေ မတူညီကြတဲ့ universe ကြီးမှာ ကျွန်တော်တို့ 3rd dimension ကမဟုတ်တဲ့ တခြား dimension တွေကို ဘယ်လိုအချက်ကျကျ illustrations တွေနဲ့ ပုံဖော်နိုင်မလဲဆိုတာကတော့ တခြား topic ဖြစ်နေမယ့်အတွက် ကျွန်တော် အကျယ်တဝင့် မရှင်းပြလိုတော့ပါဘူး။ တကယ်လို့ စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်ဗျ။ အခုလို ကျွန်တော့် blog ကို အချိန်ပေးပြီး ဖတ်ရှုပေးလို့လဲ ကျေးဇူးတင်ပါတယ်။  အားလုံးကို နောက်အခေါက် blog sessions တွေမှာ ပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျ။

ဘုန်းသန့်ကျော်
၁.၁၀.၂၀၂၁

Hello

Leave a Reply

Your email address will not be published. Required fields are marked *