System

Web 3.0 Basic Knowledge

အားလုံးပဲ မင်္ဂလာပါခင်ဗျ။

ကျွန်တော်ကတော့ Spiceworks Myanmar System Team မှာ အလုပ်လုပ်ကိုင်လျက် ရှိသော ဌေးမင်းခေါင် ဖြစ်ပါတယ်။ ယနေ့ တင်ပြပေးမယ့် Blog အကြောင်းအရာကတော့ Web3.0 အကြောင်းနဲ့ အခြား Web Technology များ ဖြစ်တဲ့ Web 1.0 နဲ့ 2.0 များအကြောင်းကိုလည်း ထည့်သွင်း ရေးသားပေးသွားပါမယ် ခင်ဗျ။

Web Technology ဖွံ့ဖြိုးတိုးတက်လာမှု

Web 1.0
Web Technology မှာ ပထမဦးဆုံး ထွက်ပေါ်လာတာဖြစ်တယ်။ Web1.0 မှာဆိုလျှင်တော့ Website Viewers တွေက site မှာ ပြထားတဲ့ အချက်တွေကို ကြည့်လို့ ရမယ်။ Website ကို လုပ်တဲ့လူတွေဟာ ပုံနဲ့စာတွေပါတဲ့ အချက်အလက်ပေးတဲ့ site အဖြစ် ဖန်တီးထားနိုင်ပါသေးတယ်။ 1991 ကနေ 2004 အထိသာ အသုံးပြုခဲ့ကြပါတယ်။ Dynamic HTML တွေအစား Static Content တွေကိုသာ ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ အချက်အလက်များဟာလည်း database အစား ပြင်မရတဲ့ static file system အနေနဲ့သာ ဝန်ဆောင်မှု ပေးနိုင်ပါတယ်။ မှတ်မယ်ဆိုလျှင် web1.0 ဟာ ဖတ်လို့သာ ရတဲ့ web technology အနေနဲ့သာ ရှိနေခဲ့ပါတယ်။

Web 2.0
ယနေ့အထိ အသုံးပြုနေဆဲ technology ဖြစ်ပါတယ်။ အသုံးပြုသူ website user တွေက developer တွေဟာ website content တွေကို developer တွေသာ ဖန်တီးပေးမယ့်အစား user တွေက သူတို့ ကိုယ်တိုင် ဖန်တီးနိုင်အောင် လုပ်ဆောင်ပေးနိုင်လာခဲ့ပါတယ် (ဥပမာ facebook, twitter )။ ဓာတ်ပုံတွေ တင်မယ်၊ အခြားလူများနဲ့ ပြန်လည်မျှဝေမယ်။ ပြီးလျှင် developer တွေသာမက user တွေကိုယ်တိုင်ကပါ content creator တွေ ဖြစ်လာနိုင်မယ်။ ထိုအပြင် user တွေက content များကို ကိုယ်တိုင်ဖန်တီးနိုင်ပြီး ကိုယ်ပိုင် workspace ပုံစံမျိုးတွေ ဖန်တီးလာနိုင်မယ်။ Content တွေကို website developer တွေက လွတ်လွတ်လပ်လပ် တင်ခွင့်ပြုလာနိုင်လာပါတယ်။

Web App တွေကို Web Company က Launch လုပ်တယ်။ User တွေက အဲ့ဒီအပေါ်မှာ မိမိစိတ်ကြိုက် content တွေကို ကိုယ်တိုင် တင်နိုင်လာပါတယ်။ ထို့ပြင် မိမိတင်ထားသော content များကိုလည်း ပြင်နိုင်လာပါတယ်။ အခြားလူတွေကိုလည်း ပြန်လည် မျှဝေနိုင်ပါတယ်။ Web App တွေကလည်း User Content Based ဖြစ်လာပါတယ်။ Site ရဲ့ contents တွေက user တွေ ကိုယ်ပိုင် ဖြစ်လာပါတယ်။
Web Creators တွေ ငွေရှာတဲ့အပေါ်မှာ သိပ်စိတ်မပူတော့ဘဲ user တဖြည်းဖြည်း များလာမယ်။ သူတို့ကို အမြဲ content တွေ တင်နေအောင် လုပ်ထားပါမယ်။ အဲ့ဒီကနေတစ်ဆင့် content တွေကနေ investor company တွေကို ရောင်းစားမယ်။ ads လိုမျိုး ကြော်ငြာတွေနဲ့ ပိုက်ဆံရှာလာနိုင်ပါတယ်။ Web companies တွေဟာ user များလေလေ၊ ပိုက်ဆံ ပိုရလေလေ ဖြစ်လာပါတယ်။

Web 2.0 Security & Privacy
Web 2.0 မှာ အချက်အလက်တွေကို လွတ်လွတ်လပ်လပ် တင်နိုင်ပါတယ်။ ဒါပေမယ့် Web Company မှာ မိမိအချက်အလက်တွေကို သိမ်းတာဖြစ်တဲ့အတွက် tracking လုပ်လို့ ရနေပါတယ်။ User တွေ တင်လိုက်တဲ့ Content တွေကိုလည်း သူတို့ profit အတွက် အသုံးပြုမယ်။ ဥပမာ ai လိုမျိုးပါ။ Government တွေကလည်း မိမိအချက်အလက်တွေကို ထို company တွေကတစ်ဆင့် Trace လိုက်လို့ ရပါတယ်။ Centralized Server တွေဖြစ်တဲ့အတွက် မိမိအချက်အလက်များကို အချိန်မရွေး ပိတ်ချနိုင်တယ်။ မိမိအချက်အလက်များကို အချိန်မရွေး စစ်ဆေး ကြည့်ရှု့နိုင်မယ်။ မိမိအချက်အလက်များနဲ့အတူ မိမိ တည်နေရာကိုလည်း track လုပ်လို့ ရနေပါမယ်။

Web 3.0 Technology
Web3.0 ကတော့ အထက်ဖော်ပြပါ web1.0 နဲ့ web2.0 က ပြဿနာတွေကို ဖြေရှင်းဖို့ ဖန်တီးလာပါတယ်။
Web1.0 မှာက static ဖြစ်လို့ viewer တွေက မိမိကိုယ်တိုင် content တွေကို တင်လို့ မရ၊ ပြင်လို့ မရပါဘူး။
web 2.0 မှာတော့ user တွေကို ကိုယ်တိုင် တင်ခွင့်ပေးလိုက်တယ်။ ခက်တာက centralized server တွေ ဖြစ်နေလို့ security and privacy တွေက ထိန်းချုပ်ခံရမယ်။ အချိန်မရွေး မိမိ content တွေကို အပိတ်ခံရမယ်။ မိမိ တည်နေရာ၊ biography, personal information တွေကို government တွေကနေ တစ်ဆင့် track လုပ်ခံရမယ်။ Web3.0 မှာတော့ အဲ့ဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် decentralized server ပုံစံမျိုး လုပ်လိုက်ပါတယ်။ Web3.0 မှာဆိုလျှင် developer တွေကို centralized server တွေကို အသုံးမပြုတော့ပါဘူး။ Developer တွေက blockchains (decentralized servers) လို့ခေါ်တဲ့ Peer-to-peer Nodes (servers) တွေကို အသုံးပြုလာပါမယ်။ Developer တွေက decentralized servers မှာ ပိုမို ကောင်းမွန် မြန်ဆန်တဲ့ performance ပေးနိုင်မယ့် technologies တွေကို ဖန်တီးပေးနိုင်ဖို့ ပြိုင်ဆိုင်ရပါမယ်။ Cryptocurrency က payment တွေမှာ အဓိကအနေနဲ့ ပါဝင်လာမှာပါ။
Server တွေဟာလည်း ယနေ့ Bitcoin လိုမျိုး ဖြစ်လာမှာ ဖြစ်တဲ့အတွက် Non-Developer (သို့) အခြား developer (company နဲ့ မဆိုင်တဲ့ ပြင်ပ developer များ) ကလည်း web app မှာ ပါဝင်လုပ်ဆောင်နိုင်လာမှာပါ။ Web2.0 မှာဆိုလျှင် Compute, Storage, Bandwidth, Identity, Hosting နဲ့ အခြား web services တွေကို cloud provider တွေက လုပ်ဆောင်ပေးထားတယ်။ နောက်ပိုင်း web3.0 မှာဆိုလျှင်တော့ အခြားလူတွေက ၎င်း services တွေကို technical တွေမှာကော၊ non-technical တွေမှာပါ ပါဝင်လုပ်ဆောင်လာနိုင်ပါမယ်။
ယနေ့ မှာဆိုလျှင် amazon, google လိုမျိုး company တွေက web services တွေ ပေးတယ်။ သူတို့ကို developer တွေက charges တွေ ပေးရမယ်။ web3.0 မှာဆိုလျှင်တော့ အထက်ဖော်ပြပါအတိုင်း အခြား technical ကော၊ non technical အပိုင်းတွေမှာပါ ဝန်ဆောင်ပေးတဲ့သူတွေဆီ Charge Fees, Awards တွေက တိုက်ရိုက်ရောက်သွားပါမယ်။

Web 3.0 Characteristics

  • User Verify
  • Trustless (At your own risk)
  • Self-Governing
  • Permissionless
  • Native Built-in Payments (Crypto Payments like Bitcoin)
  • Less Trust, More Truth etc.,

Web Infrastructure Protocols တွေဖြစ်တဲ့ filecoin, livepeer, arweave, the graph တွေက protocol functions အတွက် tokens တွေကို ထုတ်ပေးပါတယ်။ ထို tokens တွေက ပါဝင်ပေးတဲ့ လူတွေကို reward တွေ ပေးထားပါတယ်။ Native Blockchain ဖြစ်တဲ့ Ethereum က အဲ့ဒီလိုမျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ Payments တွေမှာဆိုလျှင် ယနေ့ paypal လိုမျိုး payment service ပေးတဲ့ ဒေါ်လာပေါင်းမြောက်များစွာအတွက် payment ဝန်ဆောင်မှုတွေ လုပ်ပေးနေပါတယ်။ Paypal လိုမျိုး service တွေက ရှုပ်ထွေးပြီး personal sensitive information တွေကို အသုံးပြုပြီးမှ ဝန်ဆောင်မှုပေးရတာ ဖြစ်ပါတယ်။ Crypto wallets ဖြစ်တဲ့ MetaMask နဲ့ Torus လိုမျိုး services တွေက ပိုမိုလွယ်ကူမယ်၊ anonymous ဖြစ်တယ်၊ international payments တွေနဲ့ transactions တွေမှာ လုံခြုံမှု ရှိမှာ ဖြစ်ပြီး web3.0 မှာ အသုံးပြုလာပါတယ်။ Token economy စနစ်တစ်ခုအဖြစ် ထွန်းကားလာမှာ ဖြစ်ပါတယ်။

NFTs (non-fungible token), blockchain gaming, the metaverse တွေဟာဆိုလျှင် ယနေ့ web3.0 ecosystem ရဲ့ ထိုးဖောက်လာတဲ့ အရာတွေ ဖြစ်ပါတယ်။
Bored Ape Yacht Club (BAYC) လိုမျိုး NFT projects တွေဟာ NFTs နဲ့ Digital Art တွေ၊ Axie Infinity လိုမျိုး blockchain gaming တွေဟာ ယနေ့နာမည်ကြီးလာတဲ့ web3.0 technology ရဲ့ အစ ဖြစ်ပါတယ်။

Bored Ape Yacht Club (BAYC)
https://boredapeyachtclub.com/

Axie Infinity
https://axieinfinity.com/

အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်များမှာလည်း ဗဟုသုတရရှိစေမည့် Blog Content များ ဆက်လက် ရေးသားပေးသွားမည် ဖြစ်ပါသဖြင့် ဆက်လက်၍ ဖတ်ရှုပေးပါရန် အသိပေးရင်း ဤ Blog အား အဆုံးသတ်လိုက်ပါမယ် ခင်ဗျ။

Ref:
https://chain.link/education/web3
https://www.freecodecamp.org/news/what-is-web3/

Hello

Leave a Reply

Your email address will not be published. Required fields are marked *