System

Web Development Life Cycle

Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ကျွန်တော်နာမည်ကတော့ အောင်သီဟပါ။ ကျွန်တော်ဒီ Blog မှာပြောပြချင်တာကတော့ Web Development နဲ့ပတ်သက်တဲ့ Life Cycle ပါ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့ Web Development Project တစ်ခုကို စလုပ်မယ်ဆိုရင် ဘယ်လို စလုပ်ရလည်း၊ ဘယ်အဆင့်မှာဘာတွေလုပ်ရလည်း  ပြီးတော့ Project အပြီးသတ်တဲ့  အခြေအနေမျိုးမှာ ဘယ်လိုလုပ်ဆောင်ရလည်းဆိုတာတွေကို ဒီ Blog မှာ overview ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီ Blog မှာ Web Development နဲ့ပတ်သက်တဲ့ Flow နဲ့ Life Cycle ကိုုပဲဦးတည်ပီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

Web Development life cycle phase တွေကို Image မှာဖော်ပြထားပါတယ်။ ဒီ Phase တွေကို Web Development  တစ်ခုတည်းမှာပဲသုံးလို့ရတာမဟုတ်ပဲ Project base လုပ်ငန်းတိုင်းမှာ သုံးလို့ရပါတယ်။ Project ကြီးရင်ကြီးသလို သေးရင်သေးသလို ပြီးတော့ ကိုယ်လုပ်တဲ့ Project နဲ့သင့်တော်မည့်အရာတွေ ၊ လုပ်ရမည့်အရာတွေကိုလိုသလိုထည့်သွင်းအသုံးပြုလို့ရပါတယ်။

ယခု ကျွန်တော် Project Life Cycle Phase တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။

Planning

Project တစ်ခုစလုပ်တော့မယ်ဆိုရင် Planning Step က Step(1) ပါ။ဒီ Step မှာလုပ်ရမှာတွေကတော့

Website ရဲ့ရည်ရွယ်ချက်ကဘာလဲ။

ဘယ်သူတွေက Website ကိုသုံးမှာလဲ။

Website ရဲ့ Target Audience တွေရဲ့ age, gender,environment

Website မှာသုံးမည့် Technology အစရှိသဖြင့်ပေါ့။ဒီ Step မှာတော့ ခုပြောပြသွားတဲ့အချက်တွေကို ထည့်စဉ်းပေးရပါလိမ့်မယ်။ စဉ်းစားပုံစဉ်းစားနည်းကတော့ Project အပေါ်မူတည်ပြီးတော့ ကွာခြားနိုင်ပါတယ်။

Analysis

ဒီ Step မှာတော့ Designer က Website ရဲ့ content နဲ့ functionality တွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ ဒီ Website မှာပါတဲ့ အကြောင်းအရာ အသေးစိတ်အချက်အလက်တွေ ပြီးတော့ လိုအပ်ရင်လိုအပ်သလိုုပြောင်းလဲမှုတွေ ဒီ Step မှာလုပ်ရမှာဖြစ်ပါတယ်။

Design and Development

ဒီ Step မှာတော့ Design ပိုင်းနဲဲ့ ပတ်သက်တာတွေ၊ Project Development ပိုင်းတွေ စလုပ်ရမည့်အဆင့်ပဲဖြစ်ပါတယ်။

Testing

ဒီ Testing အဆင့်ဆိုတာတော့ Unit-Testing တွေကို ပြောတာမဟုတ်ပါဘူး။ Website မှာပါတဲ့ Content  တွေမှန်လား ၊ အခြားပါဝင်သည့် function တွေအလုပ်လုုပ်ပုံ မှန်ကန်လားဆိုတာကို Test လုပ်ရတာဖြစ်ပါတယ်။

Implementation and Maintenance

ဒီ Step ကတော့ရှင်းပါတယ်။ ကိုယ်လုပ်နေတဲ့ Project ပြီးသွားတဲ့ step ပါ။ ဒါပေမယ့်တစ်ခုတော့ရှိတာပေါ့  ပြီးသွားတယ်ဆိုပေမယ့် ကိုယ့်ရဲ့ Website ကို Published လုပ်ရမှာဖြစ်ပါတယ်။ ထို့အပြင် Content တွေကို update လုပ်တာတွေကတော့ Maintenance အပိုင်းပေါ့ နောက်ထပ်အနေနဲ့ကတော့ monitoring အပိုင်းရော Maintenance အပိုင်းပဲဖြစ်ပါတယ်။

အခုရှင်းပြသွားတဲ့အကျဉ်းချုပ်ကိုတော့ အောက်က Image မှာကြည့်လို့ရပါတယ်။

အခုလိုအချိန်ယူပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *