System

Web Innovative Talent Award 2021 (developer review)

မင်္ဂလာပါခင်ဗျာ။

ကျွန်တော့်နာမည်က သုထက်ထွန်းပါ။ လက်ရှိမှာ Spiceworks Myanmar Company နဲ့ WIT internal development team တို့တွင် Web Developer အဖြစ်လုပ်ကိုင်နေပါတယ်။ ဒီ Blog လေးမှာတော့ Web Innovative Talent Award 2021 ပြိုင်ပွဲအကြောင်းကို developer review တစ်ခုအနေနဲ့ ပြောပြပေးသွားပါမယ်။

ပြိုင်ပွဲအကြောင်းကို Official WIT website ကနေလည်းလေ့လာလို့ရပါတယ်။ ဒီ Blog ရေးရတဲ့ရည်ရွယ်ချက်ကတော့ WIT ပြိုင်ပွဲကို မရင်းနှီးသေးတဲ့လူငယ်များအတွက် မိတ်ဆက်ပြီး လက်ရှိ အမေးများတဲ့ မေးခွန်းလေးတွေကို စုစုစည်းစည်းလေး ဖော်ပြပေးစေချင်လို့ပါ။

အရင်ဆုံး WIT ပြိုင်ပွဲဆိုတာ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ပူးပေါင်းကျင်းပတဲ့ မြန်မာနိုင်ငံမှ လူငယ်များအတွက် Web Creation ပြိုင်ပွဲဖြစ်ပါတယ်။ လူငယ်များအတွက် ဦးစားပေးရည်ရွယ်တာကြောင့် ပြိုင်ပွဲရဲ့ကန့်သတ်ချက်တစ်ခုအနေနဲ့ အသက် (၂၄)နှစ်အောက်လူငယ်များသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာတော့ ပျမ်းမျှ လူငယ်ပေါင်း ၁၀၀ ကျော်နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 2017 ခုနှစ်ထဲက ကျင်းပလာတာဆိုရင်ဖြင့် လက်ရှိမှာ ငါးကြိမ်မြောက်ရှိ သက်တမ်းကိုရောက်လာပါပြီ။ လက်ရှိမှာတော့ WIT 2021 အတွက် registration form များစတင်လက်ခံနေပြီပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ဖတ်ကြည့်ရအောင်..

ပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

WIT ပြိုင်ပွဲမှာ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်သော ဂျပန် မြန်မာသံတမန်ဆက်ဆံရေးကို ပိုမိုကောင်းမွန်၍ အပြုသဘောဆောင်သောဆက်ဆံရေးအဖြစ် တည်ဆောက်သွားရန်နှင့် WEB DESIGN ကိုလေ့လာနေသူများ၊ အသစ်အသစ်သော နည်းပညာစိန်ခေါ်နေသူများကို ရှာဖွေဖော်ထုတ်၍ မြန်မာနိုင်ငံ၏ ကောင်းမွန်သော IT အနာဂတ်ကို ဖန်တီးပေးမည့် ထူးချွန်ထက်မြတ်သော IT Web Creator များကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ နည်းပညာ အသစ်များကိုစိန်ခေါ်ပြီး တီထွင်ဖန်တီးနိုင်သူများ၏ အရည်အချင်းကိုမြှင့်တင်ပေးမည်ဆိုသောကြောင့် ဆုကြေးအပြင် ဂျပန်နိုင်ငံရှိ Web Design ကုမ္ပဏီများသို့သွားရောက်ပြီး နည်းပညာဖန်တီးမှုများကိုလေ့လာနိုင်သော အခွင့်ကောင်းတစ်ခုလည်းဖြစ်ပါသည်။

WIT 2021 Registration Period and how to upload project အကြောင်းကို ဆက်ပြောပါဦးမယ်။
WIT 2021 အတွက်ကိုတော့ ကျွန်တော်တို့ရဲ့ Official WIT website ကနေ registration period ကို ကြော်ငြာထားပြီးဖြစ်ပါတယ်။ ဒီဇင်ဘာလ၊ ၁ရက်၊ ၂၀၂၀ ( အင်္ဂါနေ့ ) ကနေ ဧပြီလ၊ ၃၀ ရက်၊ ၂၀၂၁ ( သောကြာနေ့ ) အထိ official WIT website ကနေ register လုပ်ပြီး 2021 အတွက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားလို့ရပါပြီ။

ပြိုင်ပွဲဝင်တွေအနေနဲ့ Official WIT website တွင် register လုပ်ပြီးနောက်မှာ Account တစ်ခုရပါမယ်။ အဲ့ Account ဖြင့် မိမိ project ကို သတ်မှတ်ထားတဲ့ Registration Period အတွင်းတင်ပေးရမှာပါ။ ပြိုင်ပွဲကို Individual အနေဖြင့်လည်းကောင်း၊ Team အနေဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ Team အတွက် member အရေအတွက် အနည်းဆုံး (၂) ယောက်မှ အများဆုံး (၈) ယောက်အထိရှိရပါမယ်။ Account အတွင်းလုပ်ဆောင်ရမည့် အဆင့် (၅) ခုရှိပါတယ်။ အဆင့် (၁) ကတော့ Account Register မှန်ကန်စွာလုပ်ဆောင်ရမယ်။ အဆင့် (၂) က Personal Account Information များကို မှန်ကန်စွာဖြည့်ရမယ်။ အဆင့် (၂) မှာ မိမိ Email  နဲ့ Phone number များကို verification လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ အဆင့် (၃) အရောက်မှာတော့ မိမိ တင်မယ့် project information များကို ဖြည့်စွက်ပြီး တင်ပေးရပါမယ်။ အရေးကြီးတဲ့အချက်အနေနဲ့  မိမိ project သေချာပြီးစီးမှ တင်ပေးဖို့လိုအပ်ပါတယ်။ ပြိုင်ပွဲအချိန်အတွင်း မိမိ project စိတ်တိုင်းကျ ပြီးစီးမှသာ အဆင့် (၃) ကိုလုပ်ဆောင်ပေးပါ။အဆင့် (၄) အနေနဲ့ project တင်မယ့် server အကြောင်းပါ။ WIT ပြိုင်ပွဲမှာ Z.com Free server (shared hosting) ပေးထားပါတယ်။ ကိုယ်ပိုင် server အသုံးပြုပြီး project တင်မည်ဆိုလည်း ခွင့်ပြုပါတယ်။ အဆင့် (၅) မှာတော့ WIT Account တွင် မိမိ project screen capture များကို မှန်ကန်စွာ တင်ပေးရမှာဖြစ်တယ်။ အဆင့် (၅) ပြီးနောက်မှာ WIT ပြိုင်ပွဲအတွက် project ကို အောင်မြင်စွာတင်ပြီးဖြစ်ပါတယ်။

အမှတ်ပေးစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အမှတ်ပေးမည့် ဒိုင်လူကြီးများမှာလည်း တရားဝင် တက္ကသိုလ်များတွင် အကြီးပိုင်းတာဝန်ယူနေသူများဖြစ်ပါတယ်။ WIT 2021 ပြိုင်ပွဲမှာ ဆုရရှိမှု အမျိုးအစား (၄) မျိုး ခွဲခြားထားပါတယ်။
(၁) Best Grand Prix Award ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ( ဒေါ်လာ ၂၀၀၀ နှင့် ဂျပန်နိုင်ငံရှိကုမ္ပဏီများသို့ သွားရောက်လေ့လာခွင့် ) ( Covid-19 အခြေအနေအရ အပြောင်းအလဲရှိနိုင်သည် )
(၂) Design Grand Award ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ ( ဒေါ်လာ ၅၀၀ )
(၃) Technology Grand Award ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ ( ဒေါ်လာ ၅၀၀ )
(၄) Team Award ဆုတံဆိပ် နှင့် ဂုဏ်ပြုလွှာ ( ဒေါ်လာ ၁၀၀၀ ) တို့ကို ဆုရရှိသူတို့အား ချီးမြှင့်သွားမှာဖြစ်ပါတယ်။

WIT 2021 အတွက် လက်ရှိအချိန်မှာ registration form များဖွင့်နေဆဲဖြစ်ပါတယ်။ 2021 April 30 ရက်နေ့အကျော်မှာ form ပိတ်မည်ဖြစ်ပြီး အမှတ်ပေးမည့်ကာလသို့ ရောက်ရှိလာမှာဖြစ်တယ်။ ရလဒ်များထွက်အပြီးမှာတော့  ဆုရရှိသူများကို အခမ်းအနားပြုလုပ်၍ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။

ကျွန်တော့်အမြင်အရပြောရရင်  လူငယ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်သင့်တဲ့ ပြိုင်ပွဲလို့ပြောရမှာပါ။ မိမိအားသာရာ programming language ကိုအသုံးပြုပြီး မိမိစိတ်ကူးထားတဲ့ project ကိုတည်ဆောက်ပြီးသားဖြစ်သွားမှာပေါ့။ တစ်နည်းအားဖြင့် ပြောရရင် positive result တစ်ခုကတော့ ကျိန်းသေထွက်မှာပါ။ ကျွန်တော်ကြိုက်တဲ့စကားတစ်ခုရှိတယ်။ အလုပ်တစ်ခုကို မလုပ်ခင်က level သုည ..ကြိုးစားလုပ်ကြည့်ပြီးနောက် level တစ် သို့တိုးသွားတယ်ဆိုတာ အရေးကြီးဆုံးကူးပြောင်းမှုပါ’ တဲ့။ အရင်ဆုံး လုပ်ကြည့်ပါ။ input ပေးသလောက် output ကောင်းတစ်ခုရမှာပါပဲ။ ဆိုလိုတာကို သဘောပေါက်မယ်ထင်ပါတယ်။ အခုထိ အချိန်ပေးဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော်ရေးလိုက်တဲ့ Blog ကိုဖတ်ပြီး လူငယ်တစ်ယောက် စိတ်ဝင်စားသွားခဲ့ရင်တောင် ကျွန်တော့်အတွက် ရေးရတဲ့ အကျိုးနပ်ပါတယ်။

အပေါ်မှာ စာဖတ်ရတဲ့ feeling ပျက်မှာဆိုးလို့ link တွေ မထည့်ပေးထားပါဘူး။ အခု blog အောက်မှာ WIT ပြိုင်ပွဲနဲ့ သက်ဆိုင်တဲ့ link တွေထည့်ပေးထားပါတယ်။

Official WIT Website: www.witaward.com
Facebook: https://www.facebook.com/witaward/
YouTube: https://www.youtube.com/channel/UC6JP9cm4H4cIdTaGVz37t4g/videos
How To Upload Group Project: https://www.youtube.com/watch?v=PIzx0vCtU9g
How To Upload Individual Project: https://www.youtube.com/watch?v=pYckfkdrdac
Hello

Leave a Reply

Your email address will not be published. Required fields are marked *