မင်္ဂလာပါ။
ညီမကတော့ မဆုရည်ထွန်း ဖြစ်ပါတယ်။ ယခု Spiceworks Myanmar မှာ Web Designer အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါတယ်ရှင့်။
ဒီတစ်ခေါက်မှာတော့ ညီမရဲ့ blog လေးမစခင်မှာ မေးခွန်းလေးတစ်ခု အရင်ဆုံးမေးချင်ပါတယ်ရှင့်။
“Web Production အလုပ်ကို လုပ်ကိုင်နေကြသော Web Designer များနှင့် Web Developer များအနေဖြင့် Website တစ်ခုဖန်တီးသောအခါ အမှားပြင်ဆင်ချက်များအတွက် ညွှန်ကြားချက်များပေးရာတွင် မည်သည့် tool ကို အသုံးပြုကြပါသလဲရှင့်?”
ဒီနေ့ ညီမမိတ်ဆက်ပေးချင်တာကတော့ Website တစ်ခုဖန်တီးသောအခါ အမှားပြင်ဆင်ချက်များအတွက် ညွှန်ကြားချက်များပေးရာတွင် ပိုမိုလွယ်ကူစေရန် အတွက် ဖန်တီးခဲ့သော “AUN” ကို မိတ်ဆက်ပေးချင်ပါတယ်ရှင့်။
“AUN” ဆိုတာဘာလဲ?
“AUN”ဆိုတာကတော့ Website များအား capture ဖမ်းယူ၍ image ပေါ်တွင်မှတ်စုများရေးပြီး sharing ပြုလုပ်နိုင်သော Tool တစ်ခုဖြစ်ပါတယ်ရှင့်။
“AUN” မှာ Free User များအတွက် အောက်ပါ services တွေရရှိမှာဖြစ်ပါတယ်ရှင့်။
- Usage fee: Free
- ・အသင်းဝင်အဖြစ် မှတ်ပုံတင်ရန် မလိုအပ်ပါ။
- ・application အား install ပြုလုပ်ရန် မလိုအပ်ပါ။
- ・Windows နှင့် MAC များတွင် အသုံးပြုနိုင်ပါသည်။
- ・မိမိပြုလုပ်ထားသော AUN image အား ၇ ရက် တိတိ ထိန်းသိမ်းနိုင်ပါသည်။
တကယ်လို့ Register Member အနေဖြင့် အသုံးပြုမည်ဆိုပါက အောက်ပါ services တွေရရှိမှာဖြစ်ပါတယ်ရှင့်။
- ・မိမိပြုလုပ်ထားသော AUN image အား ရက်ပေါင်း ၃၆၅ ရက် တိတိ ထိန်းသိမ်းနိုင်ပါသည်။
- ・Password ဖြင့် share ပြုလုပ်နိုင်ပါသည်။
- ・saving ပြုလုပ်ရန် အချိန်စောင့်ဆိုင်းရန် မလိုအပ်ပါ။
AUN: Visual Communication Tools နဲ့ မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ AUN ရဲ့ အသုံးပြုနည်းကို ပြောပြပေးသွားပါ့မယ်ရှင့်…
https://aun.tools/
How to use AUN
AUN မှာ image capture သိမ်းဖို့အတွက် နည်းလမ်း ၃ နည်းရှိပါတယ်ရှင့်။
1) Import images to AUN
① Enter the URL of the web page and import
ပထမဆုံး နည်းလမ်းကတော့ image capture ယူလိုသော web page URL ကိုအောက်ပါ ပုံတွင်ပြထားသည့် နေရာမှာရိုက်ထည့်ပြီး မိမိအသုံးပြုချင်သော Size (PC, Smartphone, Tablet) အားရွေးချယ်ပေးရမှာဖြစ်ပါတယ်ရှင့်။
မိမိ ရိုက်ထည့်လိုက်သော URL မှ Image Capture ပုံအားဖြတ်တောက်ရန်ရှိ၊မရှိကိုလည်းရွေးချယ်နိုင်ပါတယ်ရှင့်။
② Import the image in the PC
AUN မှာ image capture save ပြုလုပ်နိုင်သော ဒုတိယ နည်းလမ်းကတော့ မိမိcomputer မှလည်းတိုက်ရိုက် import ပြုလုပ်နိုင်ပါတယ်ရှင့်။
③ Import from clipboard
နောက်ဆုံးနည်းလမ်းကတော့ screenshots ပြုလုပ်၍ save လုပ်ခြင်းဖြစ်ပါတယ်ရှင့်။
screenshots ပြုလုပ်ရန် မသိသေးသောသူများအနေဖြင့် အောက်ပါလင့် မှတစ်ဆင့် လေ့လာနိုင်ပါတယ်ရှင့်။
How To Screenshots
အခု AUN မှာ Image Capture ကို save လုပ်တဲ့ နည်းလမ်းလေးတွေကို သိသွားပြီဆိုတော့ memo ဘယ်လိုမှတ်ရမလဲဆိုတာလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင့်။
2) Write a memo on the captured image
အထက်ပါ နည်းလမ်း(၃)ခုထဲမှ တစ်ခုခုကို အသုံးပြု၍ save လုပ်ထား သော image capture ပေါ်တွင် မိမိ memo ပြုလုပ်ချင်သော နေရာအား drag ဆွဲ၍ select ပြုလုပ်ပါ။
မိမိပြုလုပ်လိုက်သော memo များကို ဘယ်ဘက်အခြမ်းတွင် နံပါတ်စဉ်အလိုက် စီစဉ်ထားမှာဖြစ်ပါတယ်ရှင့်။
memo ပေါ်တွင် double click နှိပ်ခြင်းဖြင့် memo များအား Edit ပြုလုပ်နိုင်မှာဖြစ်သလို နေရာရွှေ့ခြင်းကိုလည်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ရှင့်။
3) Add an image (capture)
နောက်တစ်ခုအနေဖြင့် memo ကို attached file image ချိတ်ဆက်အသုံးပြုပုံအကြောင်းနှင့် ပတ်သက်ပြီးပြောပြပေးပါ့မယ်ရှင့်။
မိမိပြောပြလိုသော အမှားပြင်ဆင်ချက်မှာတစ်ခုထက်ပိုနေပါက(သို့မဟုတ်) မိမိပြောပြလိုသော memo အား အခြား image တစ်ခုဖြင့် ချိတ်ဆက်ပြောပြချင်ပါက screen၏ ညာဘက်အခြမ်းတွင် ရှိသော menu မှ “+Add Page” အား click နှိပ်၍ လွယ်ကူစွာ image နောက်တစ်ခုအားချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင့်။
ပြင်ဆင်ချက်အကြောင်းအရာအားလုံးထည့်သွင်းပြီးပါက ညာဘက်အပေါ်ထောင့်တွင်ရှိသော ” Save & Exit” လို့ အဓိပ္ပါယ်ရသော လိမ္မော်ရောင် ခလုတ်လေးအားနှိပ်ပေးပါရှင့်။
ထို့နောက် မိမိသိမ်းလိုသည့် file name ပေး၍ save ကိုနှိပ်ပါ။
password သတ်မှတ်လိုပါက Member အဖြစ် Register လုပ်ပေးရမှာဖြစ်ပါတယ်ရှင့်။
အခုဆိုရင် AUN ကိုအသုံးပြု၍ အမှားပြင်ဆင်ချက်များအတွက် ညွှန်ကြားချက်များပေးဖို့ရန်နှင့်ပတ်သက်ပြီး ပြုလုပ်ပုံအဆင့်ဆင့်အားအသေးစိတ် ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင့်။
နောက်ဆုံးအနေဖြင့် မိမိညွှန်ကြားချက်ပေးလိုသောသူအားအောက်ပါ ပုံတွင်ပြထားသည့်အတိုင်း AUN Link အား copy ယူ၍ share ပေးလိုက်ခြင်းအားဖြင့် မိမိပြင်ဆင်စေလိုသော အကြောင်းအရာများအားအသေးစိတ်ပြောပြပေးနိုင်မှာဖြစ်ပါတယ်ရှင့်။
အချုပ်အားဖြင့် ဆိုရသော် Web Production ပိုင်းမှာ သာမက တစ်ခြားသော နယ်ပယ်အသီးသီးတွင်လည်း အသုံးပြုလိုပါကအသုံးဝင်သည့် Tool တစ်ခုုုဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
Reference Link:
https://fastcoding.jp/blog/all/other/tool-aun/
https://aun.tools/