Others Work Style

What is LTI? A Simple Guide to Understanding Educational DX for Non-Techies

LTI ဆိုတာဘာလဲ?

မာတိကာများ
1. ဘာကြောင့် LTI က အာရုံစိုက်ခြင်းခံရတာလဲ။
2. LTI ဆိုတာကဘာလဲ။
3. OneRoster ဆိုတာကဘာလဲ။
4. LTI မှာပြုလုပ်နိုင်သည့်အရာများ (၁)
– သင်ထောက်ကူပစ္စည်းနှင့် သင်ကြားရေးကိရိယာ(Learning Tools)များပေါင်းစပ်ခြင်း။
5. LTI မှာပြုလုပ်နိုင်သည့်အရာများ (၂)
– ပြင်ပကိရိယာ(external tools)များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။
6. LTI 1.3 ဆိုတာကဘာလဲ။
7. xAPI ဆိုတာကဘာလဲ။
8. LRS ဆိုတာကဘာလဲ။
9. Learning Analytics ဆိုတာကဘာလဲ။

1. ဘာကြောင့် LTI က အာရုံစိုက်ခြင်းခံရတာလဲ။

2020 ခုနှစ်နောက်ပိုင်းမှစပြီး ပြင်ပထွက်ခွာမှု ကန့်သတ်ခြင်း(Stay Home)စသည်တို့ကြောင့် ပညာရေးကို online နည်းဖြင့် ဆောင်ရွက်မှုများ တိုးတက်လာပြီး များပြားလှသော ပညာရေးနှင့် သင်ယူမှုဆိုင်ရာ ဒေတာများကိုသိမ်းဆည်းလာကြပါသည်။

ယခင်က သင်ကြားရေးနှင့်ဆိုင်သောအချက်အလက်များသည် Tools အမျိုးအစားပေါ်မူတည်ပြီး ခွဲခြားထားပေမယ့် ယခုလို ဒေတာ‌တွေ အများကြီး စုပုံလာတဲ့အခါ အဲ့ဒီဒေတာတွေကို စုစည်းပြီး ထိရောက်စွာ အသုံးချနိုင်ဖို့ နည်းလမ်းတွေ မဖြစ်မနေ လိုအပ်လာပြီး၊ ကမ္ဘာ့စံနှုန်းတစ်ခုအနေဖြင့် LTI ကို အာရုံစိုက်မိလာကြတယ်လို့ထင်ရပါသည်။

နောက်ပြီးတော့ အသုံးပြုသည့် သင်ကြားရေးအထောက်အကူပစ္စည်းများနှင့် ကိရိယာများလည်း အမျိုးမျိုးကွဲပြားလာပြီး LMS ( Learning Management System ) အထဲမှာမပါဝင်နိုင်သော videoသင်ကြားရေးအထောက်အကူပစ္စည်းများ၊ eBooksများ၊ သင်ယူမှု အထောက်အကူပစ္စည်းများ စသည်တို့နှင့် ချောမွေ့စွာပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်မှုမှာလည်း ပိုမိုမြင့်တက်လာခဲ့ပါသည်။

အခုလို အခြေအနေမျိုးတွင် Spiceworks ကိုလည်း အောက်ပါကဲ့သို့ ဆွေးနွေးတိုင်ပင်မှုများနှင့် စုံစမ်းမေးမြန်းမှုများ ကိုပိုမိုလက်ခံရရှိနေပါသည်။

  •  LTI ကို ထည့်သွင်းအသုံးပြုဖို့ အတွက်လိုအပ်ကြောင်းသိနေပေမဲ့ ဘယ်ကနေစပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို မသိတဲ့အတွက်ကြောင့် ဆွေးနွေးတိုင်ပင်ချင်ပါသည်။
  •  ရှိပြီးသားကိရိယာများ၊ သင်ထောက်ကူပစ္စည်းများနှင့် ပလပ်ဖောင်းများကို LTI အဖြစ်သို့ ပြောင်းလဲလိုပါသည်။
  • LTIနှင့်ကိုက်ညီသောကိရိယာများ၊ သင်ထောက်ကူပစ္စည်းများနှင့် ပလပ်ဖောင်းအသစ်များကို တီထွင်လိုပါသည်။

ဒီတစ်ကြိမ်မှာတော့ ထိုအကြောင်းအရာများကိုစဥ်းစားနေသူများအတွက် အထောက်အကူဖြစ်စေမယ့် LTI နှင့် ပတ်သက်သော အခြေခံဗဟုသုတအချို့ကို မျှဝေပေးချင်ပါသည်။

2.LTI ဆိုတာကဘာလဲ။

LTI ဆိုတာ Learning Tools Interoperability (သင်ကြားရေးကိရိယာများ၏ အပြန်အလှန် လုပ်ဆောင်နိုင်မှု) ကို ကိုယ်စားပြုပြီး၊ သင်ကြားရေး ပလက်ဖောင်းများကို ပြင်ပကိရိယာ(Tool)များနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် နည်းပညာစံနှုန်းတစ်ခုဖြစ်သည်။

  • အထူးသဖြင့် LTI ကိုအသုံးပြုခြင်းဖြင့် သင်ယူသူများနှင့် ဆရာများသည် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။
  • တစ်ကြိမ် Login လုပ်လိုက်ရုံဖြင့် အမျိုးမျိုးသော သင်ကြားရေးအထောက်အကူပစ္စည်းများနှင့် ကိရိယာများကို လွယ်ကူစွာ တစ်ပြိုင်နက်ထဲ အသုံးပြုနိုင်မည်။
  • LMS မှ ပြင်ပတွင်ရှိသော သင်ခန်းစာများနှင့် သင်ကြားရေးအထောက်အကူပစ္စည်းများကို ချိတ်ဆက်အသုံးပြုနိုင်မည်။
  • သင်ကြားရေးလုပ်ဆောင်မှု အချက်အလက်များကို ပေါင်းစပ်ပြီး စုဆောင်းနိုင်ပါမည်။

 

LTI ကိုအသုံးပြုပြီး Educational DX ကိုနားလည်သဘောပေါက်စေရန်အတွက် သဘောတရားဆိုင်ရာ Diagramတစ်ခုကို ဖန်တီးထားပါသည်။

3.OneRoster ဆိုတာကဘာလဲ။

ပုံတွင်ပြသထားသည့်အတိုင်း၊ ကျောင်းအုပ်ချုပ်ရေးနှင့် သင်ကြားရေးစနစ်တို့ကို LMS(Learning Management System) နှင့်ချိတ်ဆက်ထားသော အစိတ်အပိုင်းဖြစ်ပါသည်။

OneRoster သည် ကျောင်းအုပ်ချုပ်ရေးနှင့် သင်ကြားရေးစနစ်များကဲ့သို့ ကျောင်းသတင်းအချက်အလက်စနစ် SIS(School Information System)များ အတွင်းရှိ အတန်းစာရင်းနှင့် ဆက်စပ်သည့် အချက်အလက်များကို LMS အပါအဝင် အခြားစနစ်များအကြား လုံခြုံစွာ မျှဝေရန်အတွက် အပြည်ပြည်ဆိုင်ရာစံနှုန်းဖြစ်သည်။ ဤစံနှုန်းကို 1 EdTech (ယခင် IMS Global) က ဖန်တီးထားသည်။

“Roster” ဆိုသည်မှာ နာမည်စာရင်း ဖြစ်သည်။ မူလတန်းနှင့် အလယ်တန်းပညာရေးတွင် အတန်းစာရင်း၊ အမှတ်စာရင်းနှင့် သင်ကြားရေးအထောက်ကူပစ္စည်းများကို အချင်းချင်း လည်ပတ်နိုင်စေရန်အတွက် အခွင့်အလမ်းပေးသော နည်းပညာစံနှုန်းတစ်ခုဖြစ်သည်။ ဤစနစ်ကို SIS(School Information System)နှင့် LMS(Learning Management System) တို့အကြား အချက်အလက်များကို ဖလှယ်ရန် အသုံးပြုသည်။
(ဂျပန် 1EdTech အသင်း)

ဂျပန် 1EdTech အသင်းမှ ကိုးကားချက်တွင်ဖော်ပြထားသည့်အတိုင်း၊ အတန်းအမည်စာရင်း၊ အမှတ်စာရင်းနှင့် သင်ကြားရေးအထောက်အကူပစ္စည်းများ၏ အပြန်အလှန် လုပ်ဆောင်နိုင်မှုကို ကျောင်းအုပ်ချုပ်ရေး/သင်ကြားရေးစနစ်နှင့် LMS တို့၏ ID များနှင့်ချိတ်ဆက်ထားသည်။

4. LTI မှာပြုလုပ်နိုင်သည့်အရာများ (၁)

-သင်ထောက်ကူပစ္စည်းနှင့် သင်ကြားရေးကိရိယာ(Learning Tools)များပေါင်းစပ်ခြင်း။

LTI (Learning Tools Interoperability) ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုမှာ “သင်ထောက်ကူပစ္စည်းနှင့် သင်ကြားရေးကိရိယာများပေါင်းစပ်မှု” ဖြစ်သည်။


အခုအချိန်ထိ ပုံတွင်ပြထားသည့်အတိုင်း ကျောင်းသားများနှင့် ဆရာများသည် သင်ထောက်ကူပစ္စည်း သို့မဟုတ် သင်ကြားရေးကိရိယာအသီးသီးသို့ Login ပြုလုပ်ရန်လိုအပ်ခဲ့ပြီး၊ အမျိုးမျိုးသောကိရိယာများကို အသုံးပြုရသည့် ယနေ့ခေတ်တွင် အသုံးပြုသူများတွင်အဆင်မပြေမှုများရှိခဲ့ပါသည်။

LTI ကို အသုံးပြုခြင်းဖြင့် “Single Sign-On (SSO)” ကို အသုံးပြုနိုင်ပြီး၊ ကျောင်းသားများနှင့် ဆရာများသည် တစ်နေရာတည်းတွင် Login ဝင်ရုံဖြင့် ကြိုက်နှစ်သက်ရာသင်ထောက်ကူပစ္စည်းနှင့် သင်ကြားရေးကိရိယာများ ကိုရွေးချယ်အသုံးပြုနိုင်ပါသည်။

5. LTI မှာပြုလုပ်နိုင်သည့်အရာများ (၂)

– ပြင်ပကိရိယာ(external tools)များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။

LTI ဆိုသည်မှာ သင်ကြားရေး ပလက်ဖောင်းများကို ပြင်ပကိရိယာ (Tool) များနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် နည်းပညာစံနှုန်းတစ်ခုဖြစ်သည်။

LTI ကို အသုံးပြုခြင်းဖြင့် ကျောင်းတွင်းရှိ သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားရေးကိရိယာများသာမက ပြင်ပကိရိယာများကိုလည်း Single Sign-On (SSO) ဖြင့် ကျောင်းတွင်းပလက်ဖောင်းနှင့် ချိတ်ဆက်ထားသည့်ပုံစံဖြင့် လေ့လာသူများထံ ပေးပို့နိုင်သည်။

ဤနည်းလမ်းဖြင့် ဆရာများအနေဖြင့် ပြင်ပတွင် ရှိသော အထူးကောင်းမွန်သည့် သင်ထောက်ကူပစ္စည်းများကို ပလက်ဖောင်းနှင့် ချိတ်ဆက်ပြီး၊ ပြင်ပကိရိယာများကို တစ်နေရာတည်းမှာစုစည်းထားသည့်ပုံစံဖြင့် လေ့လာသူများကို ပေးပို့နိုင်သည်။

ဥပမာအားဖြင့် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့က တီတွင်လုပ်ဆောင်နေသည့် ” MEXBT နှင့် လေ့လာမှုပလက်ဖောင်း” ကို ချိတ်ဆက်ခြင်းဖြင့် နိုင်ငံ သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ပြုလုပ်ထားသည့် မေးခွန်းများကို အသုံးပြုခြင်းဖြင့်၊ အွန်လိုင်းပေါ်တွင် သင်ယူမှုနှင့် အကဲဖြတ်မှုများကို ပြုလုပ်နိုင်သည့် CBT (Computer Based Testing) တို့ကိုအသုံးပြုနိုင်ပါသည်။

6. LTI 1.3 ဆိုတာကဘာလဲ။

LTI 1.1 တွင်လည်း Single Sign-On (SSO) လုပ်ဆောင်ချက် ရှိခဲ့ပေမဲ့ LTI 1.3 တွင် လုံခြုံရေးကို ပိုမိုခိုင်မာစေခဲ့သည်။
ထို့အပြင် LTI 1.3 တွင် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များကို ထည့်သွင်းထားသည်။
● NRPS (Names and Role Provisioning Services)
(အမည်များနှင့် တာဝန်များဆိုင်ရာ ဒေတာများကို ပလက်ဖောင်းအကြား လွှဲပြောင်းပေးနိုင်သည်)
● Deep Linking (DL)
(ပလက်ဖောင်းသည် ပြင်ပကိရိယာများမှ စုဆောင်ထားသော content များကို ပိုမိုလွယ်ကူစွာ ပေါင်းစည်းနိုင်သည်)
● AGS (Assignment and Grade Services)
(အမျိုးမျိုးသော အရင်းအမြစ်များမှ အမှတ်စာရင်း၊ တိုးတက်မှုများနှင့် မှတ်ချက်များကို ပလက်ဖောင်း၏ အမှတ်စာရင်းတွင် စနစ်တကျ ပေါင်းစည်းနိုင်သည်။)

AGS တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုများ(၃)မျိုးပါရှိသည်။
● LineItem Service
(Tool သည် ပလက်ဖောင်းဘက်တွင် columnများ ထည့်သွင်းနိုင်သည်)
● Score Service
(Tool သည် ပလက်ဖောင်းဘက်တွင် အမှတ်စာရင်းကို ရေးထည့်နိုင်သည်)
● Result Service
(Tool သည် ပလက်ဖောင်း၏ အမှတ်စာရင်းမှ လက်ရှိအမှတ်များကို ရယူနိုင်သည်)

ဤဝန်ဆောင်မှုများဖြင့် လုပ်ဆောင်နိုင်သည်မှာ Deep Linking ဖြင့် LMS မှ ပြင်ပတွင် ရှိသော သတ်မှတ်ထားသည့် စာမေးပွဲကို စတင်ပြီး၊ AGS နှင့် NRPS ကို အသုံးပြု၍ စာမေးပွဲရလဒ်အတွက် အမှတ်စာရင်းကို ထုတ်ပေးနိုင်ခြင်းဖြစ်ပါသည်။

7. xAPI ဆိုတာကဘာလဲ။

xAPI သည် “သင်ယူမှုအတွေ့အကြုံဆိုင်ရာဒေတာများကို သိမ်းဆည်းရန်အတွက် စံနှုန်းဖြစ်သည်”။

“x” သည် experience (အတွေ့အကြုံ) ၏ အတိုကောက်ဖြစ်ပြီး၊ xAPI သည် LMS အတွင်းရှိ လှုပ်ရှားမှုအချို့အပေါ်မှာသာမက၊ သင်ယူမှုအတွေ့အကြုံအားလုံးဆိုင်ရာဒေတာများကို သိမ်းဆည်းခြင်းနှင့် ရယူခြင်းများကိုလုပ်ဆောင်နိုင်သည်။

xAPI ၏ ဒေတာများကို “ကျွန်တော်သည် ဤအရာကို ပြုလုပ်ခဲ့သည် (I did this)” ဟူသော Formatဖြင့် အတွေ့အကြုံများကို မှတ်တမ်းတင်သည်။ လုပ်ဆောင်သူ (I)、ကြိယာ (did)、ရည်ညွှန်းချက် (this) တို့ကို အခြေခံပြီး၊ အမှတ်၊ အကဲဖြတ်ချက်၊ ဘာသာစကားနှင့် အခြား Track လိုက်ချင်သည့် အရာအားလုံးနီးပါးနှင့် ဆက်စပ်သော အချက်အလက်အမျိုးမျိုးကို သိမ်းဆည်းနိုင်သည်။

သင်ယူမှုမှတ်တမ်းများ ရယူခြင်းကို ပြောရလျှင်၊ xAPI အပြင် ISM Global Learning Consortium (ယခု 1EdTech) က ထုတ်ပြန်ခဲ့သော Caliper Analytics လည်းရှိပါသည်။

8. LRS ဆိုတာကဘာလဲ။

LRS သည် “Learning Record Store” ၏ အတိုကောက်ဖြစ်ပြီး၊ အလွယ်ကူဆုံး ရှင်းပြရမယ်ဆိုရင် “xAPI ပုံစံ(format)ဖြင့် သင်ယူမှတ်တမ်းများကို သိမ်းဆည်းသည့် database” ကို ဆိုလိုသည်။

သင်ယူမှုစနစ်ထဲသို့ LRS ကို ထည့်သွင်းထားရင်တောင် ပုံမှန်အားဖြင့် သင်ယူသူများသည် ၎င်းကို သတိထားမိကြမည် မဟုတ်ပါ။ LRS သည် သင်ယူမှုလုပ်ဆောင်ချက်များကို မှတ်တမ်းတင်သည့် နေရာသာဖြစ်ပြီး သင်ယူသူအား တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိပါ။

LRS တွင် စုဆောင်းထားသော အထောက်အထားများကို အသုံးပြုပြီး၊ သင်ထောက်ကူပစ္စည်းများ သို့မဟုတ် သင်ယူမှုပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများ လုပ်ဆောင်မှသာ သင်ယူသူများအပေါ် စတင်ပြီးသက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။

သင်ယူမှတ်တမ်းများကို သိမ်းဆည်းသည့် database အနေဖြင့် အချို့သော open-source (အခမဲ့အသုံးပြုနိုင်သော) အရင်းမြစ်များကို ပေးထားပေမယ့်၊ အဲ့ဒီထဲမှာ xAPI နှင့် လိုက်လျောညီထွေဖြစ်ပြီး ကိုက်ညီတဲ့ပုံစံအနေနဲ့ဆိုရင်တော့ Learning Locker ကဲ့သို့သော အရာများရှိပါသည်။

9. Learning Analytics ဆိုတာကဘာလဲ။


Learning Analytics ဆိုသည်မှာ ကျောင်းသားများ၏ သင်ယူမှု လုပ်ဆောင်ချက်များ၊ စသည့်များစွာသောဒေတာ (သင်ယူမှုလုပ်ငန်းစဉ်ဒေတာ) များကို စုဆောင်း၍ ခွဲခြမ်းစိတ်ဖြာသည့် လုပ်ငန်းဖြစ်စဉ်ကို ဆိုလိုသည်။ ထို့နောက် အဆိုပါ ရလဒ်များကိုပညာရေးနယ်ပယ်တွင် ပြန်လည် Feedback ပေးကာ သင်ယူမှုတွင်ထိရောက်မှုရှိပြီး တိုးတက်စေရန်နှင့် အထောက်အကူပြုရန် အတွက် ကြိုးစားလုပ်ဆောင်ပါသည်။

ယခု ဆောင်းပါးတွင် ဖော်ပြထားသည့် အပြည်ပြည်ဆိုင်ရာ နည်းပညာစံနှုန်းများကို အသုံးပြု၍ သင်ယူမှုစနစ်ကို တည်ဆောက်ပါက၊ သင်ထောက်ကူပစ္စည်းမျိုးစုံကို ချောမွေ့စွာအသုံးပြုနိုင်ရုံသာမက သင်ယူမှုအမူအကျင့်ဒေတာများကို တစ်နေရာတည်း၌ စုဆောင်း၍ ထိုဒေတာများကို အခြေခံပြီးခွဲခြမ်းစိတ်ဖြာကာ ပညာရေးဆိုင်ရာပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်လာအောင်ပြုလုပ်နိုင်သည်။

「ပညာရေးဒေတာအသုံးပြုခြင်းနှင့် ဆိုင်သော ကျွမ်းကျင်သူများ အစည်းအဝေး (ပညာရေးဝန်ကြီးဌာန)」 တွင်၊ကျောင်းတစ်ကျောင်းတည်းသုံး LRS သာမက ကျောင်းတစ်ခုချင်းစီ၏ LRS များကို အမည်ဝှက်ဖြင့် စုဆောင်းသိမ်းဆည်းထားသော LRS တစ်ခုတည်ဆောက်ကာ ဒေတာများနှင့် အထောက်အထားသက်သေမှုများကို ဝေမျှခြင်းအားဖြင့် နိုင်ငံတစ်ဝှမ်း ပညာရေးကို တိုးတက်ကောင်းမွန်စေရန် အဆိုပြုချက် (「ပညာရေးဒေတာအသုံးပြုမှုဆီသို့」 Hiroaki Ogata, Kyoto University Academic Center for Computing and Media) မှထုတ်ပြန်ထားပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် အခုချိန်ထိ ပညာရေးဆိုင်ရာနည်းပညာနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများတွင် Learning Analytics ဖြင့် ပတ်သက်လာခဲ့သော်လည်း၊ ယခုအချိန်တွင် သုတေသနကဏ္ဍတစ်ခုတည်းမှာမဟုတ်ဘဲ ယေဘူယျပညာရေးလောကတွင်လည်း Learning Analytics ကိုအသုံးပြုကာ၊ ခွဲခြမ်းစိဖြာ၍ရရှိလာသည့် စစ်တမ်းရလဒ်များအပေါ် အခြေခံသည့် “အထောက်အထားအချက်အလက်များပေါ် အခြေခံသည့်ပညာရေး” ကို ပျံ့နှံ့လာမည်ဟု ယုံကြည်ပါသည်။

ယခုအခါတွင် ကျွန်ုပ်တို့ကုမ္ပဏီသည်လည်း Educational DX ကို ပံ့ပိုးရန်အတွက် အွန်လိုင်းသင်ခန်းစာများကို LTI ပုံစံသို့ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ စီမံကိန်းအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်နေပါသည်။
LTI ထည့်သွင်းခြင်းနဲ့ပတ်သက်သော အထွေထွေဆွေနွေးမှုများ၊ ရှိပြီးသား System များကို LTI ပုံစံသို့ပြောင်းခြင်း၊ LTI ကိုထောက်ပံ့သော System အသစ်တစ်ခုတည်ဆောက်မှု၊ လေ့လာသင်ယူမှုခွဲခြမ်းစိတ်ဖြာရေး (Learning Analytics) စသဖြင့် အခက်အခဲများရှိပါက အချိန်မရွေးဆက်သွယ်၍ ဆွေးနွေးနိုင်ပါသည်။

[Sources and References]

・1EdTech LTI® 1.3 and LTI Advantage

・教育・研究支援システムのデジタルエコシステム化〜LTI連携を中⼼に〜 常盤 祐司 2022.08.04

・OneRoster(日本1EdTech協会)

・What is OneRoster 1.1?(1 EdTech)

・IPS 一般社団法人情報処理学会 :
学習基盤を拡張する国際技術標準 IMS LTI 1.3 第1回 LTI 1.3の機能と意義(常盤祐司・山田恒夫)

文部科学省 教育データの利活用に関する有識者会議(第1回)会議資料(京都大学 学術情報メディアセンター 緒方 広明)

Hello

Leave a Reply

Your email address will not be published. Required fields are marked *