Coding Others

WordPress Plugins

မင်္ဂလာပါ။ ညီမကတော့ Spiceworks Myanmar company မှာ Web Designer အဖြစ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မကေသီထွန်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ SiteOrigin plugin ထဲမှာပါဝင်သော widget တွေအကြောင်းနှင့် contact-form-7 plugin အကြောင်းကို သိသလောက်ပြောပြပေးချင်ပါတယ်။

  1. SiteOrigin plugin ဆိုတာဘာလဲ။
  2. Widget ဆိုတာဘာလဲ။
  3. contact-form-7 plugin ဆိုတာဘာလဲ။

1. SiteOrigin plugin ဆိုတာဘာလဲ။

SiteOrigin plugin ဆိုတာ WordPress မှာ page တွေ creation လုပ်တဲ့အခါမှာ popular အဖြစ်ဆုံး plugin တစ်ခုဖြစ်ပါတယ်။ SiteOrigin plugin ကနေ standard ဖြစ်တဲ့ widget တွေကို ထောက်ပံ့ပေးထားပါတယ်။ siteOrigin plugin ကိုသုံးပြီး responsive ဖြစ်တဲ့ grid layout တွေများစွာကို ဖန်တီးပေးနိုင်ပါတယ်။ SiteOrigin pulgin ကိုသုံးရန်အတွက် အောက်မှာပြထားသော ပုံထဲမှ Step 1, 2, 3 အတိုင်း pulgin ကို install လုပ်ပေးရမှာ ဖြစ်ပါတယ်။

2. Widget ဆိုတာဘာလဲ။

Widget ဆိုတာ ရိုးရှင်းသော design နှင့် structure တို့ကို WordPress theme တွေနဲ့အတူ user တွေက အလွယ်တကူ add လုပ်ပြီးသုံးနိုင်ပါတယ်။
Widget အမျိုးအစားတွေ အများကြီးရှိပါတယ်။ Widget ကိုအသုံးပြုရန်အတွက် အောက်မှာ ပြထားသော ပုံများအတိုင်း ပြုလုပ်ပေးပါ။

Page Builder by siteOrigin မှာ widgets တွေအများကြီး အသုံးပြုလို့ ရပါတယ်။ widget တွေထဲကမှ examples အနေဖြင့် ငါးခုလောက်ပြောပြချင်ပါသည်။

1. Archives
2. Audio
3. Calendar
4. Gallery
5. Custom html

1. Archives
Archives widget ကိုသုံးခြင်းအားဖြင့် User တွေ လအလိုက် published လုပ်ထားတဲ့ Posts တွေကို အလွယ်တကူ ပြန်ကြည့်လို့ရအောင် စုစည်းပေးပါသည်။

2. Audio
Audio widget ကိုတော့ audio file တွေ ထည့်ချင်တဲ့အခါမှာ အသုံးပြုလို့ရပါတယ်။

3. Calendar
Calendar Widget ကတော့ ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ published လုပ်ထားသော posts တွေကို date အလိုက် link လုပ်ပေးပါတယ်။

4. Gallery
Gallery widget ကိုတော့ photo တွေကို slideshow အနေနဲ့သုံးချင်တဲ့အခါတွေမှာ အသုံးပြုလို့ရပါတယ်။

5. Custom html
Custom HTML Widget ကိုတော့ HTML code တွေကို site ပေါ်မှာ ထည့်ပြီးရေးချင်တဲ့အခါတွေမှာ သုံးပါတယ်။

3. contact-form-7 plugin ဆိုတာဘာလဲ။

contact-form-7 plugin မှာ user တွေက multiple contact forms တွေ mail content တွေကို manage လုပ်ပေးနိုင်ပါတယ်။ contact-form-7 plugin ကိုအောက်ကပုံအတိုင်းကြည့်ပြီး အသုံးပြုနိုင်ပါတယ်။

WordPress plugin နဲ့ပတ်သက်ပြီး ညီမ သိသလောက် မျှဝေပေးထားခြင်း ဖြစ်ပါတယ်။ ညီမလေ့လာထားတဲ့ reference link ကိုလဲပြောပြပေးပါမယ်။ ထပ်ပြီး လေ့လာချင်တယ် ဆိုရင်လဲ
အောက်ပါ link မှာ ထပ်ပြီး လေ့လာနိုင်ပါတယ်။
https://en.support.wordpress.com/widgets/
https://wordpress.org/plugins/contact-form-7/

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *