Life Style

A Customer Journey Map

မင်္ဂလာပါခင်ဗျာ။

ကျွန်တော့်နာမည်ကတော့ သုထက်ထွန်း ဖြစ်ပါတယ်။ လက်ရှိမှာ Spiceworks Myanmar Company တွင် Web Developer အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။ ဒီဘလော့ဒ်လေးကနေဝေမျှပေးချင်တဲ့အကြောင်းအရာလေးကတော့  မိမိ ‌Target Customer အကြောင်းကို storyboard အဖြစ် analysis လုပ်သင့်သောအကြောင်းအရာလေးတွေကိုေဝမျှပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။

Choose Your Personas
ပထမဦးဆုံးအနေဖြင့် မိမိ၏ ရည်ရွယ်မည့် Target Customer အကြောင်းအားသိရှိထားရန် လိုအပ်ပါတယ်။ အပေါ်ယံ ‌လေ့လာပြီးသိရှိထားခြင်းက မိမိစီးနေသောမြင်းသည် အထီးလား အမလား မကွဲပြားသည့်အဖြစ်နှင့် ဆင်တူပေသည်။ အကယ်၍ အဆင်ပြေခဲ့လျှင်လည်း ခဏတာ အတွက်သာ အဆင်ပြေမည်ဖြစ်ပြီး ရေရှည်မှာတော့ ထိထိမိမိဆောင်ရွက်နိုင်မည်မဟုတ်ပါဘူး။ သို့ဖြစ်၍ စတင်ချိန်မှာတင် မိမိ၏ Personas ကိုရွေးချယ်ထားပြီး လိုအပ်သော analysis များကိုစတင်‌ဆောင်ရွက်ရပါမည်။ ထိုသူ၏အခန်းကဏ္ဍသည် Project လုပ်နေသည့် ကာလတစ်လျှောက်  user research နှင့် data collection များသရုပ်ပြရန် ထောက်ပံ့ပေးပါသည်။ Persona Information သည်လည်း အလွန် အရေးကြီးလှပါတယ်၊ သူ၏ အလုပ်အကိုင်၊ အသက်အရွယ်၊ နေ့စဉ် လုပ်ဆောင်မှုများ၊ အခက်အခဲများ စသည်တို့ သည် တစ်စိတ်တစ်ပိုင်းအနေဖြင့်  မိမိလုပ်ငန်းအား အကျိုးသက်ရောက်စေပါသည်။  တစ်ချို့ တွေးကောင်း တွေးလိမ့်မည် personal information အား အသေးစိတ်ကောက်ယူဖို့ လိုအပ်ပါ့မလား၊ အဲ့ဒီအစား ကိုယ့် product ကိုပဲ အစွမ်းကုန် သထား ဖို့သာ အာရုံထားရင် ပိုအဆင်ပြေမလားဆိုပြီးပေါ့။  Product အရင်ထုတ်နိုင်အောင်သာ အားထုတ်ကြတာ တွေ့ရတယ်၊ တစ်နည်းအားဖြင့် Solution ထုတ်ဖို့သာ သူ့ထက်ငါ အလုအယက်လုပ်တတ်ကြပါတယ်။ တကယ်တော့ Problem ကောင်းရှိမှ Solution ကောင်းထွက်နိုင်မှာပါ။ Problems ကောင်းကို ဘယ်မှာ ရှာရမှာလဲ။ မိမိ Product ကို ဘာအကြောင်းကြောင့် သုံးရမှာလဲ။ ထိုမေးခွန်းတိုင်းရဲ့ အဖြေသည် Persona Information ထဲမှာပဲ တွေ့ရှိနိုင်ပါတယ်။

 မိမိ Persona ၏ အခက်အခဲတိုင်းသည် မိမိ Product အတွက် Problems ဖြစ်လာနိုင်ပြီး ထိုမှရလာသော မိမိ Product သည်လည်း Target Customers တိုင်းအတွက် Solution ဖြစ်လာနိုင်ပါသည်။ လိုအပ်တဲ့ အချက်အလက် တွေရရှိဖို့အတွက် Survey သို့မဟုတ် Interview အနေနဲ့ မေးမြန်းထားနိုင်ဖို့လဲလိုအပ်ပါတယ်။ 

Make Storyboards
နောက်တစ်ချက်အနေဖြင့် ကောင်းမွန်သောProduct တစ်ခုဖန်တီးနိုင်ဖို့အတွက်  Storyboards ဖန်တီးထားဖို့လိုအပ်ပါတယ်။ Storyboard ဆိုတာကို ဘာလို့တကူးတက ဆွဲနေရတာလဲ၊ အဖြေကတော့ မိမိ Product Level ကို မြင့်မားစေချင်လို့ပါ၊ Customer အမြင် ကိုလည်း အရေးပေးထည့်သွင်းရေးဆွဲပေးရသလို Design အရ Prototypes, Wireframes များကိုလည်း အရိုးရှင်းဆုံးဖြစ်အောင် တည်ဆောက်ပေးရပါတယ်။ Storyboards ရဲ့သဘောအရ Customer ရဲ့ activities ကို အခြေခံပြီး ဖန်တီးရတာမို့  Customer တစ်ယောက်၏ activity map ကို သိရှိဖို့လိုအပ်ပါတယ်။

  ဥပမာ Real life မှာလုပ်ဆောင်နေတဲ့ Customer ရဲ့ activities ကိုအခြေခံပြီး Product ထုတ်မှာလား။ (သို့မဟုတ်) ရှိပြီးသား Product ကိုသုံးနေတဲ့ Customers တွေရဲ့ activities ကိုအခြေခံပြီး ပိုကောင်းမွန်တဲ့ features တွေဖန်တီးချင်တာလား စသည်ဖြင့် storyboards အမျိုးမျိုး ကိုအသုံးပြုနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ ရရှိလာတဲ့ Customers တွေရဲ့ activities များကနေ  Pain Point များရရှိရေးနှင့် ထို Pain Points (Problems) များမှ ပိုမိုကောင်းမွန်သော  Solutions များဖော်ထုတ်နိုင်ရေးပါ။ Activity ကို Action , Emotions, Pain Points, Solution ဆုပြီး အပိုင်းများခွဲ၍ သုံးသပ်နိုင်ပါတယ်။ အသေးစိတ်ခွဲခြားသုံးသပ်ပုံကို  ကျွန်တော့် Blog တစ်ခု ဖြစ်တဲ့ A Journey Map ကို ပေးထားသော Link  -> https://spiceworksmyanmar.com/blog/a-journey-map/  ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

A Journey Map ကိုဖတ်ပြီးရင်တော့ Customer ကိုသာမက မိမိကိုယ်တိုင်ပါ ပြန်လည်သုံးသပ်နိုင်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဒီ Blog လေးကနေ စာဖတ်သူအတွက် အကျိုးရှိလိမ့်မယ်လို့ထင်မိပါတယ်။ နောက်ထပ်လာမယ့် Blog တွေအတွက်လည်း ဖတ်ရှုပေးပါဦး။  အခုလို အချိန်ပေးဖတ်ရှုပေးလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *