System

Generative AI

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ System Developer အောင်ညီသစ် ဖြစ်ပါတယ်ခင်ဗျ။ ဒီတစ်ခါ sharing လုပ်ပေးချင်တာကတော့ AI Technology များထဲကမှ Generative AI အကြောင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွင်း  AI နည်းပညာများဟာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ Machine Learning, Deep Learning, Natural Language Processing စသည့်နည်းပညာများနှင့်ပတ်သက်သော အကြောင်းအရာများအတွက် စာတမ်းများ၊ blog များကိုအလွယ်တကူရှာဖွေနိုင်ပြီးဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ကျွန်တော်တို့ဟာ AI များကို အချက်အလက်များကို နားလည်ရန်နှင့် အကြုံပြုချက်များလက်ခံရရှိရန် အသုံးပြုခဲ့ကြပါတယ်။ ယခုအခါ မျိုးဆက်သစ် AI နည်းပညာများက လက်ခံရရှိတဲ့  အချက်အလက်များကို အခြေပြုပြီး အကြောင်းအရာအသစ်များကို တီထွင်ဖန်တီးရာတွင်လည်း အကူအညီများစွာပေးနိုင်လာပြီ ဖြစ်ပါတယ်။ ဒီလို AI အမျိုးအစားကို Generative AI လို့ ခေါ်ပါတယ်။ Generative AI ကိုအရင်ရှိပြီးသား နည်းပညာများပေါ် အခြေခံပြီး large language models (LLMs) ပေါ်မှာ တည်ဆောက်ထားပါတယ်။ LLMs ဆိုတာကတော့ များပြားလှတဲ့ big data များကို ပြုပြင်ထားပြီး ဆက်စပ်တဲ့ စကားလုံးများ၊ စာကြောင်းများနှင့် အကြောင်းအရာများကို ခန့်မှန်းနိုင်သော AI နည်းပညာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ “အေးမြလန်းဆန်းမှုကိုပေးနိုင်သော” စာကြောင်းနောက်ဆက်တွဲ စကားလုံးအတွက် ခန့်မှန်းရာတွင် “အေးမြလန်းဆန်းမှုကိုပေးနိုင်သော လက်ဖက်ရည်” အစား “အေးမြလန်းဆန်းမှုကိုပေးနိုင်သော အချိုရည်” ဆိုတဲ့ စာကြောင်းကို ရရှိအောင် ကြိုတင်ခန့်မှန်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ Generative AI ဟာဆိုရင် ပေးလိုက်သော prompt များပေါ်မူတည်ပြီး စာသားများသာမက ရုပ်ပုံများ၊  ဗီဒီယိုများ၊ ဒီဇိုင်းများကိုပါ ဖန်တီး‌ပေးနိုင်လာပြီဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီကြီးများက AI များကို အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လာခဲ့ရာ လက်တွေ့အသုံးချလို့ရနိုင်သည့် AI tools များစွာပေါ်ထွက်လာခဲ့ပါတယ်။ ဒီထဲကမှ လူအများကြားရေပန်းစားတဲ့ tools များကတော့ Microsoft Copilot, Chat GPT နှင့် Gemini တို့ဖြစ်ပါတယ်။

Microsoft Copilot

Microsoft Copilot သည် Microsoft မှ ဖန်တီးထုတ်လုပ်ထားသော AI-powered productivity tool တစ်ခုဖြစ်ပါတယ်။ ဖန်တီးခြင်းအသစ်များပြုလုပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အပါအဝင် လုပ်ငန်းအမျိုးမျိုးတွင် အသုံးပြုသူများအား အကူအညီပေးနိုင်အောင် ပြုလုပ်ထားပါတယ်။ Microsoft 365 Application များနှင့် ပေါင်းစပ်အသုံးပြု၍ Word, Excel, PowerPoint များအတွက် AI Assistance ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ Window 11 OS အသစ်တွင် Image Enhancement ပြုလုပ်နိုင်ရန် Paint, Photos နှင့် Clipchamp ဆော့လ်ဝဲလ် များတွင်ပါ တစ်ခါထဲပါဝင်လာပြီဖြစ်ပါတယ်။ Generative Pre-trained Transformer (GPT) အတွက်ကိုလည်း GPT- 4 အထိ ဒီနေရာမှာ အသုံးပြုလို့ရနိုင်ပါတယ်။ GPT – 4 ဟာဆိုရင်ဖြင့် text စာသားများအပြင် image နှင့် video များကိုပါထုတ်ပေးနိုင်လာပြီဖြစ်ပါတယ်။ ပုံများကိုလည်း prompt အနေနဲ့ ထည့်သွင်းနိုင်ပြီး ပုံနှင့် သက်ဆိုင်သော အကြောင်းအရာများကိုပါ အလွယ်တကူ သိရှိနိုင်ပြီဖြစ်ပါတယ်။

Chat GPT

ChatGPT ကို OpenAI မှ ဖန်တီးထားပြီး AI စွမ်းအင်သုံး Language Model တစ်ခုဖြစ်ပါတယ်။ 2022 ခုနှစ် နိုဝင်ဘာလ 30 ရက်နေ့တွင် လက်တွေ့စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ ပထမ အနေနှင့် GPT 3.5 ကို free version အနေနဲ့ ဒီနေရာမှာ အကောင့်ပြုလုပ်ပြီး စတင်အသုံးပြုနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ GPT – 4 ကိုတော့ subscription plan အနေဖြင့် ဝယ်ယူအသုံးပြုနိုင်ပါတယ်။

Gemini

Gemini ကို Google မှ DeepMind and Google Brain (deep learning artificial intelligence research team) တို့ဖြင့် သုတေသနပြုလုပ်ဖန်တီးထားပြီး multimodal AI models ကို အသုံးပြုထားပါတယ်။ Multimodal AI model ကိုအသုံးပြုထားသည့်အတွက် မည့်သည့်ဒေတာအမျိုးအစားကိုမဆို နားလည်လက်ခံနိုင်စွမ်းရှိပြီး Open AI ၏ Chat GPT – 4 နှင့် အပြိုင်တိုးတက်လာသော AI နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ google account ဖြင့် ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

ကောင်းမွန်သော  Generative Tools များကိုရွေးချယ်ရာတွင် အချက်သုံးချက်ကိုထည့်သွင်းစဥ်းစားသင့်ပါတယ်။

Quality

အသုံးပြုသူများအတွက် လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ခြင်းအပြင် အရည်အသွေးမြင့်မားသော output များကိုပြုလုပ်နိုင်ခြင်း၊

Diversity

မတူညီကွဲပြားသော လုပ်ဆောင်ချက်များရှိနေပေမယ့် ယေဘုယျ လုပ်ဆောင်ချက်များကို တိကျမှန်ကန်စွာ လုပ်ဆောင်ပေးနိုင်ခြင်း၊ များပြားလှသော ဒေတာများထဲမှ ဘက်လိုက်မှုကင်းသော ရလဒ်များကို ထုတ်လုပ်ပေးနိုင်ခြင်း၊

Speed

လိုချင်သော  ရလဒ်များကို အချိန်တိုတိုအတွင်း တိကျမှန်ကန်စွာ ထုတ်လုပ်ပေးနိုင်ခြင်း၊

တို့ဖြစ်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းအတွက် သက်ရောက်မှုများ

Generative AI သည် တီထွင်ဖန်တီးနိုင်စွမ်းအတွက် စိတ်လှုပ်ရှားဖွယ်အခွင့်အလမ်းများရှိနေသော်လည်း၊ အရေးကြီးသောမေးခွန်းများနှင့် ထိလွယ်ရှလွယ်သောမေးခွန်းများအတွက် ထည့်သွင်းစဥ်းစားစရာများ ရှိနေပါသေးတယ်။ အချို့သော အဓိကသက်ရောက်မှုများမှာ –

ကျင့်ဝတ်ဆိုင်ရာစိုးရိမ်မှုများ

Generative AI သည် ပိုမိုခေတ်မီလာသည်နှင့်အမျှ ပိုင်ဆိုင်မှု၊ မူပိုင်ခွင့်နှင့် ထည့်သွင်းရည်ညွှန်းခြင်းဆိုင်ရာ မေးခွန်းများ ပေါ်ပေါက်လာပါတယ်။ ထုတ်လုပ်လိုက်တဲ့ အကြောင်းအရာကို ဘယ်သူပိုင်လဲ၊ ဖန်တီးသူများအတွက် သင့်လျော်သော မူပိုင်ခွင့်ကိုမည်သို့ ရရှိနိုင်မလဲ ဆိုသည့်မေးခွန်းများစွာရှိနေပါသေးသည်။

လူသား နှင့် AI ပူးပေါင်းဆောင်ရွက်ခြင်း

လူသား၏တီထွင်ဖန်တီးနိုင်စွမ်းကို အစားထိုးမည့်အစား၊ မျိုးဆက်သစ် AI သည် လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ရန် ပိုမိုသင့်လျော်ပါသည်။ AI စနစ်များနှင့် ပူးပေါင်းခြင်းဖြင့် ဖန်တီးသူများသည် စိတ်ကူးသစ်များကို စူးစမ်းရှာဖွေနိုင်ပြီး တီထွင်ဖန်တီးမှုဆိုင်ရာ အခက်အခဲများကို ကျော်လွှားကာ ၎င်းတို့၏ တီထွင်ဖန်တီးမှုရလဒ်ကို ချဲ့ထွင်နိုင်လာသည်။

တီထွင်ဖန်တီးနိုင်စွမ်းကို ပိုမိုတိုးတက်စေခြင်း

Generative AI ဖြင့် အနုပညာရှင်များ၊ ဂီတပညာရှင်များ၊ စာရေးဆရာများနှင့် ဒီဇိုင်နာများအတွက် လက်လှမ်းမီနိုင်သောအရင်းအမြစ်များကို ပံ့ပိုးပေးခြင်းဖြင့် တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်စေနိုင်ပါသည်။ လူတစ်ဦးချင်းစီအား မိမိတို့ကိုယ်တိုင် တီထွင်ဖန်တီးနိုင်စေရန်နှင့် ၎င်းတို့၏ထူးခြားသောအမြင်များကို ကမ္ဘာကိုမျှဝေရန် အထောက်အကူပြုနေပါသည်။

တီထွင်ဖန်တီးမှု၏အနာဂတ်

Generative AI သည် ဆက်လက်တိုးတက်လာသည်နှင့်အမျှ တီထွင်ဖန်တီးနိုင်မှုအပေါ် အကျိုးသက်ရောက်မှုသည်လည်း ကြီးထွားလာမည်ဖြစ်သည်။ အနုပညာဆိုင်ရာ တီတွင်ဖန်တီးမှု ပုံစံအသစ်များကို လုပ်ဆောင်ခြင်းမှသည် စက်မှုလုပ်ငန်းခွင်များတွင် ဆန်းသစ်တီထွင်မှု များပြုနိုင်လာသည်အထိ Generative AI သည် ဖန်တီးမှုနည်းလမ်းများကို လေးနက်သောလုပ်ဆောင်ချက်များဖြင့် ပြန်လည်ပုံဖော်နေပါသည်။ ထိုနည်းပညာများကို တာဝန်သိသိနှင့် ကျင့်ဝတ်သိက္ခာရှိရှိ လက်ခံခြင်းဖြင့် AI နည်းပညာအလားအလာကောင်းများကို အပြည့်အဝရရှိနိုင်ပြီး လူသား နှင့် AI ပူးပေါင်းဆောင်ရွက်မှုခေတ်သစ်တွင် ဦးဆောင်နိုင်မည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် Generative AI သည် တီထွင်ဖန်တီးနိုင်စွမ်းအတွက် အစွမ်းထက်သော စွမ်းအားကို ရရှိစေနိုင်ပြီး စူးစမ်းရှာဖွေခြင်းနှင့် ထုတ်လုပ်နိုင်စွမ်းများအတွက် အဆုံးမဲ့ဖြစ်နိုင်ချေများကို ပေးဆောင်နေပါသည်။ Generative AI ၏ စွမ်းဆောင်ရည်များကို အသုံးချခြင်းဖြင့် လူသားတို့သည် အနုပညာ၊ ဂီတ၊ စာပေနှင့် ဒီဇိုင်းများကို အနာဂတ်ကို ပုံဖော်ပေးနိုင်သည့် စိတ်ကူးစိတ်သန်းများနှင့် တီထွင်ဖန်တီးမှုနယ်ပယ်အသစ်များကို ဖွင့်လှစ်ပေးနိုင်ပါသည်။ လူသားတို့သည် တီထွင်ဖန်တီးမှုနယ်နိမိတ်ကို ကျော်ဖြတ်ခြင်းဖြင့် မျိုးဆက်သစ် AI က ပေးဆောင်နိုင်သည့် အခွင့်အလမ်းများကို ဆုပ်ကိုင်ကာ ဆန်းသစ်တီထွင်မှုများကို အကန့်အသတ်မရှိ လုပ်ဆောင်လာနိုင်ခဲ့ပြီဖြစ်ပါသည်။ Generative AI များကို မိမိတို့လုပ်ငန်းခွင်များတွင် ပိုမိုအသုံးချလာသည့်နှင့်အမျှ ကုန်ထုတ်လုပ်မှုအပိုင်းနှင့် တီထွင်ဖန်တီးမှုအပိုင်းများတွင် AI အကူအညီများနှင့် ကြာမြင့်ချိန်များကို လျော့ချလာနိုင်ကာ ပိုမိုကောင်းမွန်သောအရည်အသွေးများနှင့် ထူးကဲသော ဖန်တီးမှုများကို ရရှိလာနိုင်ပြီဖြစ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျ။

Ref:

https://ai.google/discover/generativeai

https://www.nvidia.com/en-us/glossary/generative-ai

https://www.techtarget.com/searchenterpriseai/definition/generative-AI

https://www.esds.co.in/blog/human-and-machine-collaboration-in-the-age-of-artificial-intelligence

Hello

Leave a Reply

Your email address will not be published. Required fields are marked *