Work Style

How to manually test your project!

အားလုံးပဲ မင်္ဂလာပါ။
ကျွန်မကတော့ Spiceworks Myanmar က မခင်ပွင့်ဖြူခိုင်ပါရှင့်။ ကျွန်မဒီတစ်ပတ်မှာ ဘယ်လိုခေါင်းစဉ်လေးကို ရေးသားတင်ဆက်ပေးမလဲဆိုတော့ ကျွန်မတို့ရဲ့ အလုပ်တွေကို ဘယ်လိုမျိုး manual အားဖြင့် စမ်းသပ်လဲဆိုတဲ့အကြောင်းအရာလေးကို မျှဝေပေးထားပါတယ်ရှင့်။

ပထမဆုံးအနေဖြင့် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်သောအခါ အလုပ်အပ်နှံသူဆီက ပေးလာခဲ့သော ညွှန်ကြားချက်များဟာ တိတိကျကျ သေချာနေဖို့ လိုအပ်ပါတယ်။ အဲ့လိုပဲ အလုပ်လက်ခံတဲ့သူကလည်း ညွှန်ကြားချက်တွေကိုရှင်းရှင်းလင်းလင်း ကောင်းစွာနားလည်နေဖို့ လိုအပ်သလို အသုံးပြုသူအနေဖြင့်လည်း နားလည်ရလွယ်ကူတဲ့ ပုံစံမျိုးကို စဉ်းစား ကြည့်ပေးတတ်ရပါတယ်။ မိမိက ညွှန်ကြားချက် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ဆောင်ချက်များကို နားလည်ပြီဆို အချိန်ဇယားသတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။ မိမိတို့လုပ်ကိုင်မယ့် အလုပ်တစ်ခုက ဘယ်အချိန်မှာစတင်လုပ်ကိုင်မယ်၊ ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတဲ့ အချိန်က အရေးကြီးပါတယ်။ သေချာလေးလည်း စီမံချိန်ဆဖို့ လိုအပ်ပါတယ်။ အဲ့ဒီမှာ အရေးကြီးတဲ့အချက်ကတော့ အချိန်ဇယားသတ်မှတ်တော့မယ်ဆိုရင် ညွှန်ကြားချက် တည်ငြိမ်နေဖို့ လိုအပ်ပါတယ်။ ညွှန်ကြားချက်သာ ပြောင်းလဲတာမျိုးရှိခဲ့မယ်ဆိုရင် အချိန်ဇယားကလည်းလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။

ကဲ ဒါဆိုရင် နောက်ထပ် စမ်းသပ်တဲ့ ပုံစံကို အနည်းငယ်ပြောပြပေးပါမယ်ရှင့်။
(၁) ပထမ စတင်စမ်းသပ်တော့မယ်ဆိုရင် မိမိရဲ့ project က ညွှန်ကြားချက်အတိုင်းဖြစ်ရဲ့လားဆိုတာကို သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။
(၂) ညွှန်ကြားချက်အတိုင်းဖြစ်ခဲ့ရင်တောင် အသုံးပြုသူများအတွက် အဆင်ပြေနိုင်လား။ လိုအပ်ချက်များရှိနိုင်လားဆိုတာကို ကြည့်ပေးတတ်ရပါမယ်။ လိုအပ်ချက်ရှိလာပါက အလုပ်အပ်နှံသူနဲ့ အကြံပြုတိုင်ပင်ပေးရပါမယ်။
(၃) project က အခြေခံသဘောတရားတွေဖြစ်တဲ့ CRUD (Create, Read, Update and Delete) process အတိုင်း အလုပ်ဖြစ်ရဲ့လား။
(၄) မိမိ project မှာ button, input box , selectbox အစရှိသဖြင့် html form လေးတွေဖြင့် ထည့်ထားသော function လေးတွေ သေချာလေး အလုပ်လုပ်ကိုင်ရဲ့လား။
(၅) ပြက္ခဒိန် ပါခဲ့လျှင် ရက်စွဲနဲ့အချိန်တွေ အဆင်ပြေရဲ့လား။
(၆) မေးလ်ပို့တဲ့စနစ်ပါခဲ့လျှင် မေးလ်တွေသေချာပို့ရဲ့လား။ မေးလ်က Inbox ထဲကို ရောက်လား (သို့မဟုတ်) Spam ထဲကိုရောက်သွားလား။
(၇) scroll, drag/drop နှင့် pagination ပါခဲ့လျှင် သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ pagination က များများထည့်ပြီး စမ်းသပ်ရင်ပိုကောင်းပါတယ်။ ပိုမြင်သာပါတယ်။
(၈) Authority ကတော့ အရမ်းအရေးကြီးပါတယ်။ ဘာလို့ဆို မပြသင့်တဲ့အချက်အလက်ကို ပြမိတဲ့အခါ security က မလုံခြုံတော့ပါဘူး။ ဥပမာအားဖြင့် subdomain များဖြင့် မှတ်ပုံတင်ထားသော အလုပ်များဆိုရင် ပိုလုံခြုံသင့်ပါတယ်။ တစ်ခါတလေ company a က အချက်အလက် company b မှာ လာပြနေပြီဆို သတင်းအချက်အလက်ပေါက်ကြားမှု ဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ဂရုတစိုက် စစ်ဆေးသင့်ပါတယ်။
(၉) တချို့ project တွေဆိုရင် PC လား။ SP ဖုန်းဆိုဒ်လား။ Tablet ဆိုဒ်လားဆိုပြီး တောင်းဆိုတာမျိုးဆို အဲ့ဒီအပိုင်းတွေကိုလည်း စစ်ဆေးပေးရပါတယ်။
(၁၀) project တွေမှာ ဘာသာပြန်ပေးရတာမျိုးရှိခဲ့ရင်လည်း စစ်ဆေးပေးရန် လိုအပ်ပါတယ်။
(၁၁) Validation များပါခဲ့ရင်လည်း သေချာစစ်ဆေးရပါတယ်။

ကောင်းကျိုးတွေ အနေနဲ့ကတော့ ဘာတွေရရှိမလဲ။
– အမှားတွေ နည်းလာမယ်။
– အလုပ်အပ်နှံသူဆီကို စိတ်ချ၊ ယုံကြည်စွာ ပေးပို့နိုင်တယ်။
– အသုံးပြုသူတွေအတွက်လည်း အသုံးပြုရ အဆင်ပြေစေမယ်။
– အလုပ်အပ်နှံသူတွေကလည်း စိတ်တိုင်းကျ ပြီးပြည့်စုံစွာ စိတ်ကျေနပ်မှုကို ရရှိနိုင်လို့ အလုပ်တွေ ထပ်ပြီးအပ်နှံလာနိုင်တယ်။

အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
– ဘာသာစကား မတူညီကြတာမျိုး (သို့မဟုတ်) ဘာသာစကားတူညီရင်တောင် အလုပ်အပ်နှံသူဘက်က လိုချင်တာများကို ပြောကြားသောအခါ ညွှန်ကြားချက် နားလည်မှု လွှဲတာမျိုး ဖြစ်နိုင်တယ်။
– အလုပ်အချိန်ဇယား နီးကပ်လာသောအခါ ဖိအားလေးနည်းနည်းရှိလာနိုင်တယ်။
– စစ်ဆေးနေချိန် ဆာဗာများကျလာခြင်း နှင့် အင်တာနက် လိုင်းမကောင်းသောအချိန်တွေလည်း ရှိနိုင်ပါတယ်။

Errors တွေကို ပြုပြင်ရန် ဘယ်လိုနည်းလမ်းတွေဖြင့် ပြန်ပေးလဲ။
– google excel sheet ကိုအသုံးပြုတယ်။
– မိမိကုမ္ပဏီက အသုံးပြုတဲ့ Chatwork ကနေ task assign လေးတွေ လုပ်ပေးတယ်။
– အကယ်၍ ပြင်ဆင်ရမယ့်အချက်က အစည်းအဝေးဖြင့် ပြောရန်လိုအပ်သောအခါ အစည်းအဝေးဖြင့် ပြောပါတယ်။
– ညွှန်ကြားချက်အတိုင်း မဖြစ်တဲ့အခါမျိုးမှာဆိုရင် ရေးသားတီထွင်တဲ့ developer များဖြင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်ပါတယ်။
– developer ဘက်ကလည်း အခက်အခဲတစ်ခုခုရှိခဲ့ရင် (သို့မဟုတ်) အကြံဉာဏ်ပေးရင်လည်း နားထောင်ပေးပြီး အကောင်းဆုံးတွေကို လုပ်ဆောင်ပေးရပါတယ်။

ကျွန်မတို့ အလုပ်တစ်ခု လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ မမေ့လျော့အောင် နေ့စဉ်မှတ်တမ်းလေးတွေ လုပ်ထားသင့်ပါတယ်။ ကျွန်မကတော့ မေ့တတ်တဲ့လူမျိုးဖြစ်တာမို့ အကြောင်းအရာတွေကိုတော့ evernote.com မှာ မှတ်ထားလေ့ရှိပြီး နေ့စဉ် ဘာလုပ်မယ်ဆိုတာကို မှတ်ထားပြီး အလုပ်မှတ်တမ်းတွေကိုလည်း နေ့စဉ် ဖတ်ရှုပါတယ်။ အဲ့ဒီအခါ လုပ်ရမယ့် အကြောင်းအရာ၊ ပေးရမယ့် အလုပ်တွေကိုလည်း အချိန်မှီ ပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ရေးချင်တဲ့မှတ်စုကိုလည်း အပြည့်အားသွန်းခွန်စိုက် ရေးနိုင်ပါတယ်။

ကျွန်မဘလော့ဂ်လေးက တော်တော်လေးရှည်လာပြီဖြစ်လို့ မိမိတို့ရဲ့ project မှာ ဘယ်လိုမျိုး စစ်ဆေးမလဲဆိုတဲ့ အချက်အလက်အနည်းငယ်ကို ဒီနေရာမှာ ရေးသားမျှဝေပေးခဲ့ပြီဖြစ်လို့ ဒီလောက်နဲ့ပဲ ကျွန်မနိဂုံးချုပ်လိုက်ပါတယ်ရှင့်။ စာဖတ်ပရိသတ်ကြီးလည်း အေးချမ်းသာယာသောနေ့ရက်လေးတွေကို အစဉ်အမြဲထာဝရ ပိုင်ဆိုင်နိုင်ပါစေရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *