ဒီတပတ်မှာ Human Brain Wave နဲ့ Meditation အကြောင်းကို ဝေမျှပေးချင်ပါတယ်ခင်ဗျ။
ကျွန်တော်တို့ရဲ့Activities တွေ၊ ပြုမူနေထိုင်ပုံတွေ၊ တုံ့ပြန်မှုတွေ ကွာခြားသွားပါတယ်။
ထို့အပြင် ဦးနှောက်လှိုင်း အမျိုးအစား ၅မျိုး ရှိပါတယ်။ ထိုလှိုင်းတွေကတော့
1. Delta Wave
2. Theta Wave
3. Alpha Wave
4. Beta Wave
5. Gamma Wave
ဆိုပြီး အဲ့ဒီလှိုင်းများထဲကမှ ကျွန်တော် Gamma Wave နဲ့ Alpha Wave ကိုအဓိက ရေးသားဖော်ပြပေးသွားပါမယ်။
ကျွန်တော်တို့ ပုံမှန်လူသားတွေရဲ့ ဦးနှောက်ကတော့ Alpha Wave အထိပဲရှိတတ်ပါတယ်။သူကတော့ 8 TO 12 HZ ရှိပါတယ်။ Alpha Wave လဲ ထို Gamma Wave လိုပါပဲ လျင်မြန်တယ်၊ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ သယ်ဆောင်ပေးနိုင်ပါတယ်။Gamma Wave နဲ့ Alpha Wave ကို ရောက်ရှိဖို့အတွက် တခုတည်းသော နည်းလမ်းက စိတ်ကိုတည်ငြိမ်အောင်လုပ်ဆောင်ရပါမယ်။ ပြီးတော့ ညဘက် အိပ်စက်ချိန်မှန်ရမယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရပါမယ်။ ဒီအရာတွေ လိုအပ်ပါတယ်။
စိတ်ကိုတည်ငြိမ်အောင် လုပ်ရန်အတွက် ကျွန်တော်တို့ တော်တော်များများ ရင်းနှီးပြီးသားဖြစ်တဲ့ Meditation သို့မဟုတ် Mindfulness သည် အထိရောက်ဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Meditation နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် ကျွန်တော်တို့ ဦးနှောက်လှိုင်းထုတ်လွှတ်မှုတွေ ပိုပြီးမြန်ဆန်လာမယ်၊ Concentration ပိုကောင်းလာမယ်၊ Stress တွေလျော့ကျစေပြီး “Alzheimer” ရောဂါမဖြစ်အောင်လဲ ကာကွယ်ပေးပါတယ်။