Coding Design System

URL Types and Structure Detail

မင်္ဂလာပါ။

ကျွန်တော်ကတော့ Spiceworks Myanmar မှာ Web Designer အဖြစ် လုပ်ကိုင်လျက်ရှိတဲ့ ညီညီဇော် ဖြစ်ပါတယ်။ ဒီနေ့ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ URL တစ်ခုမှာပါဝင်တဲ့အပိုင်းတွေနဲ့ URL အမျိုးအစားတွေကို ကျွန်တော်နားလည်သလောက် ရှင်းပြပေးသွားပါမယ်ခင်ဗျ။

ပထမဦးဆုံးအနေနဲ့ URL ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ပြောပြပေးချင်ပါတယ်။
URL ဆိုတာက အင်တာနက်ပေါ်ရှိ ဝဘ်ဆိုဒ်များနှင့်အက်ပလီကေးရှင်းများကို ဝင်ရောက်ကြည့်ရှုရန် အသုံးပြုပြီး သုံးစွဲသူများနှင့် host များကြား ဆက်သွယ်မှုပေးတဲ့ လမ်းကြောင်းလေးတစ်ခုဖြစ်ပါတယ်။

URL ကိုပုံမှန်အားဖြင့်အပိုင်း (၄) ပိုင်းဖြင့်တည်ဆောက်ထားပါတယ်။ အဲ့ဒါတွေက
(၁) Protocol
(၂) Subdomain
(၃) Domain Name
(၄) Domain Code or TLD တို့ဖြစ်ပါတယ်။

(၁) Protocol
Protocol မှာ အမျိုးအစားနှစ်မျိုးရှိပါတယ်။
HTTP( Hyper Text Transfer Protocol ) (Insecure) နဲ့
HTTPS (Hyper Text Transfer Protocol Secured ) (Secured) တို့ဖြစ်ပါတယ်။
1989 ခုနှစ်တွင် Tim Berners-Lee ဆိုသူက CERN မှာ HTTP ဗားရှင်း ကိုစတင်ခဲ့ပါတယ်။ HTTP ဗားရှင်းက SSL (Secure Socket Layer) မပါဘဲ အသုံးပြုထားတဲ့အတွက်ကြောင့် ဝဘ်ဆိုဒ်များနှင့်အက်ပလီကေးရှင်းများကို လုံခြုံမှုမရှိတဲ့အတွက် Transport Layer Security (TLS) မှာ ပါဝင်တဲ့ SSL ဗားရှင်းကိုမြှင့်တင်ခဲ့ပါတယ်။ HTTPS (Hypertext Transfer Protocol Secure) ကို HTTP နှင့် SSL ပေါင်းစပ်ထားသည့် TSL (Transport Layer Security) အနေဖြင့် လူသိများပါသည်။ HTTPS ဗားရှင်းသည် ဝဘ်ဆိုဒ်များနှင့်အက်ပလီကေးရှင်းများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းနှင့် Spammer များ၊ Hacker များ အလွယ်တကူဝင်ရောက်ခြင်းကို ကာကွယ်ရန်အသုံးပြုကြပါတယ်။

(၂) Subdomain
https://spiceworksmyanmar.com/ အခု URL မှာ Subdomain ပါမနေပါဘူး။ https://www.youtube.com/ ခု URL မှာ www. ဆိုတာက Subdomain ဖြစ်ပါတယ်။ Subdomain ပါမပါဆိုတာက web hosting ကုမ္ပဏီများက အသုံးပြုသူ user များရဲ့ ရွေးချယ်မှုအရ Subdomain တစ်ခု (www.)ကို ဖန်တီးနိုင်စေရန် ပံ့ပိုးပေးတာဖြစ်ပါတယ်။ Third Level Domain လို့လည်းလူသိများပါတယ်။

(၃) Domain name
မိမိရဲ့ဝဘ်ဆိုဒ်နာမည်ဖြစ်ပါတယ်။ မိမိရဲ့ဝဘ်ဆိုဒ် နာမည်က unique ဖြစ်ပြီး တခြားဝဘ်ဆိုဒ်များ၊ အက်ပလီကေးရှင်းတွေနဲ့ ကွဲပြားနေရပါမယ်။ Second level domain ဆိုပြီးလည်းခေါ်ဆိုကြပါတယ်။

(4) Domain Code or TLD
Domain code များပြားစွာရှိပါတယ်။ အဲ့ဒီအထဲမှာမှ နိုင်ငံအလိုက် မိမိရဲ့ဝဘ်ဆိုဒ်အမျိုးအစားအလိုက်၊ ရွေးချယ်ရတဲ့ code တွေဖြစ်ပါတယ်။ Top Level Domain လို့လည်းခေါ်ပါတယ်။
ယေဘုယျအားဖြင့် အောက်မှာဖော်ပြထားတဲ့ code တွေက Domain code တွေဖြစ်ပါတယ်။

.com  Commercial
.org    Organization
.in       India Country Specific Domain
.net     Network
.gov    Government
.edu    Education

အခုလောက်ဆိုရင် URL တစ်ခုမှာပါတဲ့ အပိုင်းတွေကို အနည်းငယ် သိရှိသွားပြီဆိုတော့ URL အမျိုးအစားတွေကို ထပ်ပြောပြပေးသွားပါမယ်ခင်ဗျ။ URL အမျိုးအစား (၆) မျိုးရှိပါတယ်။ Dynamic URL, Static URL, Obfscated URL, Messy URL, Absoluted URL နဲ့ Relative URL တို့ဖြစ်ပါတယ်။

(၁) Dynamic URL
Dynamic URLကို PHP, JAVA နှင့် Python ကဲ့သို့သော Programming Language တွေနဲ့ ရေးထားပြီး Database တွေနဲ့ချိတ်ထားတဲ့ ဝဘ်ဆိုဒ်များနှင့်အက်ပလီကေးရှင်းများ ဖြစ်ပါတယ်။ ဘယ်လို URL လဲဆိုတာပြောရခက်ပေမယ့် Dynamic URL မှာ alphanumeric characters နဲ့ symbols တွေပါပါတယ်။ ဥပမာ- https://www.youtube.com/watch?v=5-W86kjAD_o အခု URL မှာဆိုရင် Alphanumeric characters နဲ့ Number တွေပါရှိနေပါတယ်။

(၂) Static URL
Static URL ကရိုးရှင်းပါတယ်။ Database တွေနဲ့ချိတ်ဆက်ထားတဲ့ Data တွေရှိမနေတဲ့ ဝဘ်ဆိုဒ်များနှင့်အက်ပလီကေးရှင်းတွေရဲ့ URL တွေကိုခေါ်ပါတယ်။ Static URL မှာ Dynamic URL လိုမျိုး alphanumeric characters နဲ့ symbols တွေပါဝင်မနေပါဘူးခင်ဗျ။ HTML, CSS, JavaScript တွေနဲ့ရေးထားတဲ့ ဝဘ်ပေ့ (webpages) တွေဖြစ်ပါတယ်။ ဥပမာ ( .html ) တွေနဲ့ ဆုံးတဲ့ pages တွေပါ။

(၃) Obfscated URL
Obfscated URL ကို hyperlink ဆိုပြီးလူသိများပါတယ်။ ဝဘ်ဆိုဒ်များနှင့်အက်ပလီကေးရှင်း အသုံးပြုသူ user တွေဆီသို့ လိမ်လည်လှည့်ဖြားတဲ့ ဝဘ်ဆိုဒ်၊ အက်ပလီကေးရှင်းတွေရဲ့ URL Link တွေဖြစ်ပါတယ်။ သူရဲ့ URL က တကယ်အသုံးပြုနေကြတဲ့ URL နာမည်နဲ့ ဆင်တူပြုလုပ်ထားကြတာဖြစ်ပါတယ်။ ဥပမာ-https://www.spiceworksmyanmar.com/ ရဲ့အစား http://www.spiceworkmyanmar.com/ အခုလိုမျိုး URL တွေထင်ယောင်ထင်မှား ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ မိမိ အသုံးပြုနေတဲ့ URL ရဲ့နာမည်အသေးစိတ်ကို သေချာသိထားဖို့ လိုအပ်ပါမယ်။

(၄) Messy URL
Messy URL က Dynamic ပဲဖြစ်ဖြစ်၊ Static URL ပဲဖြစ်ဖြစ် သူရဲ့ URL က ပုံမှန်ဖြစ်မနေပါဘူး။ လူအမြင်နဲ့ ဖတ်တဲ့အခါ ပုံမှန်မဟုတ်တဲ့ URL အမျိုးအစားဖြစ်ပါတယ်။ ဥပမာ-https://spiceworksmyanmar.com/blog/ အစား http://SpiceworkMyanmar.Com/Blog/ ဆိုပြီး မြင်ရတဲ့သူအဖို့ ရှုပ်ထွေးနေတဲ့ URL Clone တွေဖြစ်ပါတယ်။ နောက်တစ်ခုက Messy URL က တော်တော်လေးရှည်ပါတယ်။ Dynamic URL ထဲမှာပါတဲ့ Alphanumeric characters နဲ့ Number တွေပါနေပြီး လိုအပ်တာထက် URL ကရှည်နေပြီး ဖတ်တဲ့သူကိုခက်ခဲစေပါတယ်။ ဥပမာ CSS Code တွေကို Minified လုပ်ထားတဲ့ URL တွေဖြစ်ပါတယ်ခင်ဗျ။

(၅) Absolute URL
Absolute URL က Static URL နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် သူရဲ့ URL က File တွေ Folder တွေရှိနေတဲ့ Paths လမ်းကြောင်းတွေ၊ Anchor tags တွေ ပါနေပါတယ်။
ဥပမာ- https://spiceworksmyanmar.com/blog/url-types-and-structure-detail

(၆) Relative URL
Relative URL က User အနေနဲ့ မြင်ရခက်ခဲပေမယ့် Coding ရေးနေကြတဲ့ Developer တွေအဖို့ မြင်ရလွယ်ကူပါတယ်။ သူရဲ့ URL က Subdomain နဲ့ Domain name တို့ တူနေတယ်ဆိုရင် တူနေတဲ့အပိုင်းတွေကို ထည့်မရေးဘဲ File, Folder ရှိတဲ့နေရာတွေ တိုက်ရိုက်တန်းခေါ်ပြီးရေးတဲ့ URL တွေဖြစ်ပါတယ်။
ဥပမာ- https://spiceworksmyanmar.com/blog/url-types-and-structure-detail လို့ရေးမယ့် အစား
/blog/url-types-and-structure-detail လိုမျိုး Coding တွေမှာရေးကြတဲ့ URL ကိုခေါ်ပါတယ်။
ဟုတ်ကဲ့ အခုဆိုရင် URL တစ်ခုရဲ့ အစိတ်အပိုင်းတွေ၊ URL အမျိုးအစားတွေကို နားလည်လိမ့်မယ်လို့ ထင်မိပါတယ်။ အချိန်ပေးပြီး ဝင်ရောက်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *